နယ်သာလန် လက်ရွေးစင် အသင်းသည် ကရာကော့မြို့တွင် ဆိုးရွားသော လူမျိုးရေး ခွဲခြား လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရကြောင်း သိရှိရသည်။
နယ်သာလန် လက်ရွေးစင် ကစားသမားများ လေ့ကျင့်ရေး အစီအစဉ် ပြုလုပ်နေစဉ် အသင်းမှ လူငယ်သမားများကို ရည်ရွယ်ကာ ပရိသတ်များက မျောက်သဖွယ် အော်ဟစ် လှောင်ပြောင် ခဲ့ကြသည်။ နယ်သာလန် အသင်းခေါင်းဆောင် မာ့ခ် ဗန်ဘောမဲလ်က အဆိုပါ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး "တကယ့်ကို အဆင့်အတန်း မရှိတဲ့ လုပ်ရပ်ပါပဲ။ အော့ဇ်ဝစ်ဇ် အကျဉ်းထောင်ဟောင်းက ပြန်လာတဲ့ အချိန်မျိုးမှာ ခုလို ကြုံတွေ့ရတာက ပိုတောင် ဆိုးပါသေးတယ်" ဟု ပြောကြား သွားခဲ့သည်။
နယ်သာလန် ကစားသမားများ လေ့ကျင့်သည့် ကွင်း
ပိုလန်နိုင်ငံ၏ မြို့တော်ဖြစ်သော ကရာကော့တွင် နယ်သာလန် အပြင် အင်္ဂလန်နှင့် အီတလီ အသင်းများလည်း ရောက်ရှိနေသည်။ ယူကရိန်းနှင့် ပိုလန်တို့ အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပသော ဘောလုံးပြိုင်ပွဲကြီး အတွက် လေ့ကျင့်ရေးကွင်း အဖြစ် ၀စ်ဆလာ ကရာကော့ အသင်း၏ အိမ်ကွင်းကို အသုံးပြုခဲ့သည်။ လေ့ကျင့်ရေး အစီအစဉ်ကို ပရိသတ် (၂၅၀၀၀)ကျော် လာရောက်ကြည့်ရှုရာ ယင်းတို့အနက် ၀စ်ဆလာ ပရိသတ်များလည်း ပါဝင်ခဲ့ပြီး ၎င်းတို့၏ အိမ်ကွင်းကို နိုင်ငံခြား အသင်း တစ်ခုက အသုံးပြုနေခြင်းကို မကျေနပ်ကြောင်း ကန့်ကွက် သူများလည်း ရှိခဲ့သည်။
တကယ့်ကို အဆင့်အတန်း မရှိတဲ့ လုပ်ရပ်ပါပဲ။ အော့ဇ်ဝစ်ဇ် အကျဉ်းထောင်ဟောင်းက ပြန်လာတဲ့ အချိန်မျိုးမှာ ခုလို ကြုံတွေ့ရတာက ပိုတောင် ဆိုးပါသေးတယ်...
မျက်မြင်များက ပရိသတ် (၅၀၀)ခန့်သည် နယ်သာလန်မှ လူမည်း ကစားသမားများကို ရည်ရွယ်ချက် ရှိရှိ လှောင်ပြောင် အော်ဟစ်နေခဲ့ကြောင်း ပြောကြားခဲ့ပြီး ထိုအချိန်တွင် ဗန်ဘောမဲလ်သည် အသင်းဖော်များကို စုစည်းကာ ထိုပရိသတ်နှင့် ဝေးရာဘက်သို့ ခေါ်ဆောင်သွားပြီး သွေးပူ လေ့ကျင့်ခန်း ဆက်လက်ပြုလုပ် နေခဲ့ကြောင်း သိရှိရသည်။ အသက်(၃၅)နှစ်ရှိ ဗန်ဘောမဲလ်က "ကျွန်တော်တို့ ဒီကိစ္စကို UEFAဆီ အကြောင်းကြားပါမယ်။ တကယ်လို့ ပြိုင်ပွဲမှာ ဒါမျိုး ထပ်ဖြစ်ရင် ကျွန်တော်တို့ဟာ ဒိုင်နဲ့ စကားပြောပြီး ကွင်းထဲကနေ ထွက်ခွာခွင့် ပြုဖို့ပါ တောင်းဆိုသွားမှာ ဖြစ်ပါတယ်" ဟု ပြောဆို သွားခဲ့သည်။
Ref: Daily Mail
10:56 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com