22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 8, 2012

ချီလီသွေးသစ် တိုက်စစ်မှူးငယ် တစ်ဦးအား မန်ယူအသင်း ခေါ်ယူ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ချီလီတိုက်စစ် ကစားသမားလေး တစ်ဦးကို ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့ကြောင်း သိရသည်။


အသက်(၁၈)နှစ်ရှိ အန်ဂျလို ဟင်းနရစ်သည် တောင်အမေရိက ရပ်ဝန်း၏ ပါရမီ အပြည့်ဝဆုံး၊ အလားအလာ အကောင်းဆုံး သွေးသစ်လူငယ် ဘောလုံး သမားလေး တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ မန်ယူ အသင်းသည် ယူနီဗာဆီဒက် ဒီချီလီတွင် ပထမ အသင်းထိ တက်ရောက် ခြေစွမ်းပြခွင့် ရလာသော လူငယ်လေးအား ပေါင်စတာလင် (၃)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။ ယူနီဗာဆီဒက် ဒီချီလီတွင် ဟင်းနရစ်သည် လျင်လျင်မြန်မြန် ခြေစွမ်းပြလာနိုင်ကာ (၁၀)ပွဲတွင် (၈)ဂိုး သွင်းယူခဲ့သည်။
မန်ယူသို့ ရောက်ရှိလာသည့် ချီလီတိုက်စစ် ကစားသမား ဟင်းနရစ်

မန်ယူသည် ရီးယဲလ် မက်ဒရစ်နှင့် ဂျူဗင်းတပ်စ် ကဲ့သို့ ဥရောပ ထိပ်သီးများက စိတ်ဝင်စားနေသော ဟင်းနရစ်ကို လျင်လျင်မြန်မြန် လက်ဦးမှု ရယူကာ စာချုပ်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ ဟင်းနရစ်သည် ယခင်ကတည်းက မန်ယူသို့ ပြောင်းရွှေ့ရန် မူအားဖြင့် သဘော တူညီထားကြောင်း ကိုယ်တိုင် ၀န်ခံခဲ့ဖူးကာ မန်ယူက ၎င်းကို အချိန်(၁)နှစ်ကျော်မျှ စောင့်ကြည့်နေပြီး အသက်(၁၈)နှစ်ပြည့်သည့် အခါ ကမ်းလှမ်း ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ မန်ယူသည် လက်ရှိတွင် ဟင်းနရစ် အတွက် ဗြိတိသျှ အလုပ်လုပ်ခွင့် ပါမစ်ကိစ္စ အတွက် ကြိုးစား ရဦးမည်ဟု သိရှိရသည်။
အသက်(၁၈)နှစ်ရှိ အန်ဂျလို ဟင်းနရစ်သည် တောင်အမေရိက ရပ်ဝန်း၏ ပါရမီ အပြည့်ဝဆုံး၊ အလားအလာ အကောင်းဆုံး သွေးသစ်လူငယ် ဘောလုံးသမားလေး တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )