22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 8, 2012

ချင်း ယူနိုက်တက် အသင်းထံ ငွေကျပ် သိန်းတစ်ထောင်နှင့် အသင်းဘတ်စ် လူဒါန်းသည့် AMC

 
မန်မာနေရှင်နယ်လိဂ် ကလပ်အသင်း တစ်သင်းဖြစ်သည့် ချင်းယူနိုက်တက် အသင်း၏ ရင်ဘတ် စပွန်ဆာ အဖြစ် တာဝန်ယူမည့် AMC (Asia Metal Group of Companies) သည် အသင်းအတွက် အလှူငွေ အဖြစ် ငွေကျပ် သိန်းတစ်ထောင် နှင့်အတူ အသင်းသားများ စီးရန်အတွက် ဘတ်စ်တစ်စီး လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲ အခန်းအနားအား မင်္ဂလာဒုံ ဥယျာဉ်မြို့တော်ရှိ ဇေကမ္ဘာ ဂေါက်ကလပ်တွင် ပြုလုပ်ခဲ့ရာ ချင်းယူနိုက်တက်နှင့် AMC ကုမ္ပဏီတို့မှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ချင်းယူနိုက်တက် အသင်း နည်းပြများနှင့် ကစားသမားများ၊ သတင်းမီဒီယာ များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

"တစ်နေ့က ဧရာဝတီ ယူနိုက်တက်နဲ့ ကန်ပါတယ်။ ကျွန်တော်တို့ ချင်းယူနိုက်တက်ဟာ ဘယ်တုန်းကမှ ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။ အဲဒီနေ့က ကျွန်တော်တို့ အသင်းဟာ AMC ရင်ဘတ် စပွန်ဆာ ပါတဲ့ ဂျာစီနဲ့ ပထမဆုံး ကစားခဲ့တာပါ။ အဲဒီနေ့မှာမှ ကျွန်တော်တို့ ချင်း ကစားသမားများဟာ အတော်လေးကို ခြေစွမ်းပိုင်း တက်လာတာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရပါတယ်။ တစ်ခါမှ မအောင်မြင်ခဲ့တဲ့ ချင်းယူနိုက်တက် အက်ဖ်စီအတွက် အောင်ပွဲတွေ ဆက်တိုက် လာတော့မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ချင်း အသင်းပိုင်ရှင် ဒေါက်တာ ဂျိမ်းလျန်ဆိုင်းက ပြောကြားခဲ့သည်။

တစ်ခါမှ မအောင်မြင်ခဲ့တဲ့ ချင်းယူနိုက်တက် အက်ဖ်စီအတွက် အောင်ပွဲတွေ ဆက်တိုက် လာတော့မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်...AMC ကုမ္ပဏီ အနေဖြင့် ချင်းယူနိုက်တက် အသင်း အောင်မြင်မှုများ ရရှိနိုင်ရန် အတွက် လက်ကျန် ပွဲစဉ်များ၌ နိုင်ပွဲတစ်ပွဲ ရရှိတိုင်း ဆုငွေ ကျပ် သိန်း ၂၀ ချီးမြှင့်မည်ဟု ကတိပြု ပြောကြားခဲ့ကာ အကယ်၍ ရာသီကုန်တွင် တန်းမဆင်း ရခဲ့ပါက ငွေကျပ် သိန်း ၂၀၀ ချီးမြှင့်မည်ဟု သိရသည်။ ထို့အတူ ပွဲစဉ်တိုင်းတွင် အသင်းအတွက် ဂိုးသွင်းယူနိုင်သည့် ကစားသမားများအား တစ်ဂိုးလျင် တစ်သိန်းကျပ်စီ သီးခြား ချီးမြှင့် သွားမည်ဟုလည်း ဆိုခဲ့သည်။

လက်ရွေးစင် နည်းပြချုပ်ဟောင်း ဦးဆန်းဝင်း ကိုင်တွယ်လျက်ရှိသည့် ချင်း ယူနိုက်တက် အသင်းသည် နိုင်ပွဲ တစ်ပွဲမျှပင် မရရှိသေးဘဲ လက်ရှိ အမှတ်ပေး ဇယား ရပ်တည်မှုတွင် အောက်ဆုံး၌ ရပ်တည်နေရသည့် အသင်းဖြစ်သည်။ ပြိုင်ပွဲ စည်းမျဉ်းများ အရ လာမည့် ရာသီကုန်တွင် အောက်ဆုံး အသင်းနှစ်သင်း တန်းဆင်းရမည် ဖြစ်ရာ ခြေစွမ်းပိုင်း တိုးတက်လာခြင်း မရှိပါက တန်းဆင်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ် ရှိနေသည့် အသင်းလည်း ဖြစ်သည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )