မိမိအတွက် ချယ်လ်ဆီးထံမှ ကမ်းလှမ်းမှုကို လက်ခံရန် ဟော့ခ်က ပေါ်တို အသင်းအား တိုက်တွန်း တောင်းဆိုလိုက်သည်။
ကြံ့ခိုင်တောင့်တင်းပြီး ပင်ကိုယ်ခြေစွမ်း ထက်မြက်သည့် ဘရာဇီးလ် လက်ရွေးစင် ကစားသမားသည် နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ရောက်ရှိမည်ဟု အလွန် သတင်းကြီးနေသည်။ ချယ်လ်ဆီးသည် ဟော့ခ်ကို ပေါင်စတာလင် (၃၂)သန်း ၀န်းကျင်မျှဖြင့် ကမ်းလှမ်း ထားသည်ဟု ယုံကြည်ရပြီး ကလပ်အသင်း နှစ်ခုကြား ဆွေးနွေးမှုသည် တစ်စထက်တစ်စ တိုးတက်မှုများ ရှိနေခဲ့သည်။ သို့သော်လည်း အပြီးသတ် သဘောတူညီမှု မရှိသေးဘဲ ကြန့်ကြာနေခြင်းကို ဟော့ခ်က စိတ်မရှည်နိုင် ဖြစ်နေသည်။
ချယ်လ်ဆီးနှင့် နီးစပ်နေသည့် ဟော့ခ်
ပေါ်တိုသည် ဟော့ခ်အတွက် ပြောင်းရွှေ့ကြေးအား ပေါင်စတာလင် သန်း(၈၀)ထိ သတ်မှတ်ထားသော်လည်း လက်တွေ့ကျသည့် ခေါ်ဈေးမျိုး မဟုတ်ခြင်းကြောင့် ချယ်လ်ဆီး၏ ဈေးလျှော့ ကမ်းလှမ်းမှုကို လက်ခံပေးဖွယ် ရှိနေသည်။ အသက်(၂၅)နှစ်ရှိ ဟော့ခ်သည် တောင်ပံတိုက်စစ်ရော၊ ဗဟိုတိုက်စစ်တွင်ပါ ကစားနိုင်ပြီး လွန်ခဲ့သော (၂)နှစ်အတွင်း ပေါ်တိုအတွက် (၉၁)ပွဲ ကစားကာ (၅၇)ဂိုး သွင်းယူထားသည်။ ဟော့ခ်ကို အသင်းမှ ထွက်ခွာတော့မည့် ဒီဒီရာ ဒရော့ဂ်ဘာ နေရာတွင် တိုက်ရိုက် အစားထိုးနိုင်ရန် ချယ်လ်ဆီးက မျှော်လင့်ထားသည်။
ကြံ့ခိုင်တောင့်တင်းပြီး ပင်ကိုယ်ခြေစွမ်း ထက်မြက်သည့် ဘရာဇီးလ် လက်ရွေးစင် ကစားသမားသည် နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ရောက်ရှိမည်ဟု အလွန် သတင်းကြီးနေ...
ချယ်လ်ဆီးသည် တောင်ပံ တိုက်စစ်သမား (၂)ဦးကိုလည်း ခေါ်ယူထားပြီး လိုင်လီမှ အီဒင်ဟာဇက်အား ပေါင်စတာလင် (၃၂)သန်း၊ ၀ါဒါဘရီမင်မှ မာကိုမာရင်အား ပေါင်စတာလင် (၈)သန်းတို့ဖြင့် အသီးသီး စာချုပ်ထားခဲ့သည်။
Ref: Daily Mail
11:03 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com