22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

လူသတ်မှုဖေါ်ထုတ်ပေးရန် စစ်တွေ ရဲစခန်းကို လူထောင်ချီ တောင်းဆို

စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များ ဆန္ဒပြနေစဉ် - ဓါတ်ပုံ(ကိုစန်းလွင်-ဖေ့စ်ဘုတ်)
ည ၉နာရီခွဲ၊ ဇွန်လ ၃၊ ၂၀၁၂၊ YPI

စစ်တွေမြို့အနီး နာဇီရွာတွင် ရခိုင်အမျိုးသားတဦး အသတ်ခံရသည့် သတင်းထွက်ပေါ်သော်လည်း အသတ်ခံရသူ၏ အလောင်းကို ရှာမတွေ့သဖြင့် စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များက ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိသည်ဟု တောင်းဆိုသူ တဦးက ပြောသည်။

နာဇီကျေးရွာမှာ အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့်ရွာအဖြစ် သိရှိထားကြသည့်ကျေးရွာလည်းဖြစ်သည်။ ယင်းလူသတ်မှုကို အရေးယူပေးရန် အမှတ် (၁) ရဲစခန်းအား ညနေ ၅နာရီဝန်းကျင်ကတည်း ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိကြရာ ယနေ့ည ၉နာရီကျော်ထိ လူစုမကွဲသေးကြောင်းလည်း တောင်းဆိုသူက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအနီး သပြေချောင်းကျေးရွာမှ မိန်းကလေးငယ်တဦး အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်ကြောင့် ကျူးလွန်သူများကို သေဒဏ်ပေးရန် တောင်းဆိုမှုများလည်း ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျှက်ရှိစဉ် ယခုဖြစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ။

ည ၁၁နာရီ ခွဲကျော်အချိန်ထိ နောက်ဆုံး သိရှိရသည့် အချက်အလက်များအရ စစ်တွေမြို့ ရဲစခန်းအနီးရှိ လူအုပ်စုမှာ လူစုမကွဲသေးသဖြင့် သေနတ်ဖေါက်သံများ ကြားနေရဆဲဖြစ်သည်ဟု မြို့ခံများက ပြောသည်။
Yangon Press International
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )