22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

သင်ဇာဝင့်ကျော်ကို ရုပ်ရှင်အစည်းအရုံးက ခေါ်ယူတွေ့ဆုံမည်

 
ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သူ သင်ဇာဝင့်ကျော်အား ယခုနှစ် သင်္ကြန်တွင်း သူမ ဝတ်စားဆင်ယင်ခဲ့သော ဝတ်ဆင်မှုဖက်ရှင်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ခေါ်ယူပြောဆိုရန် စီစဉ်ထားကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။ “ကျွန်တော်ကိုယ်တိုင် သူ့ရဲ့ ဖုန်းကိုခေါ်ပြီး ဆက်သွယ်ပါတယ်။ လောလောဆယ် သူက ပြင်ဦးလွင်မှာ ကားရိုက်နေပါတယ်။ နှစ်ပတ်လောက်တော့ ကြာမယ်။ ပြန်လာရင် လာတွေ့ပါမယ်လို့ အကြောင်းပြန်ပါတယ်။ ပြောစရာရှိတာကတော့ အများမြင်ကွင်းမှာ အနုပညာရှင်တစ်ယောက် အနေနဲ့ မတင့်တယ်တဲ့ ဝတ်စားဆင်ယင်မှုတွေ၊ မြင်ကွင်းတွေကို နောင်မပြုလုပ်ဖို့ စည်းရုံးရေးသဘော ပြောဆိုသွားမှာပါ။ သူ့ကို အနုပညာလုပ်ခွင့်တော့ ပိတ်လို့မရပါဘူး။ ကျွန်တော်တို့မှာ အဲဒီလို ပိတ်ပိုင်ခွင့်မရှိပါဘူး။ ကျွန်တော်တို့က မိဘနေရာကနေ ကိုယ့်သားသမီးကို ဆိုဆုံးမတဲ့သဘောနဲ့ပဲ ခေါ်ပြောမှာပါ။ သားသမီးမကောင်း မိဘခေါင်းဆိုသလိုပေါ့။ ကျွန်တော်တို့အဖွဲ့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်လို့ယူဆလို့ ပြောရတာပါ”ဟု ၎င်းက ပြောကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး သင်ဇာဝင့်ကျော်ထံ ဆက်သွယ်ရာ ယခုနှစ် သင်္ကြန်ကာလအတွင်း သူမ၏ ဝတ်စားဆင်ယင်မှုဖက်ရှင်နှင့် ဆက်စပ်၍ ထွက်ပေါ်လာသော သတင်းများအပေါ် ကာယကံရှင် သင်ဇာဝင့်ကျော်အား ဆက်သွယ်မေးမြန်းရာ သူမ၏ မိတ်ကပ်ဆရာကသာ ဖုန်းလက်ခံဖြေကြားပြီး “ခုဟာက ပြင်ဦးလွင်မှာ ဒါရိုက်တာ ဝင်ထွန်းထွန်းနဲ့ ဇာတ်ကားလေးကား ရိုက်နေတာ။ ဒီနေ့ဆို Night Scene တွေပါ ရိုက်ရမှာ။ ဘယ်လိုမှမအားလို့ ဖုန်းလက်ခံပြီး ပြောနိုင်မှာ မဟုတ်ဘူး”ဟု ဧပြီ ၂၃ ရက်နေ့လယ်က ပြောကြားခဲ့သည်။
အမျိုးသမီးသရုပ်ဆောင်များ၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ယခင်ကလည်း ဆိုးဝါးသော ဝတ်ဆင်မှုများရှိခဲ့သော်လည်း ယခုကဲ့သို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အနေဖြင့် ဝတ်ဆင်သူများကို ခေါ်ယူတွေ့ဆုံပြောကြားခဲ့ခြင်း မရှိခဲ့ဖူးပေ။ သို့ရာတွင် ယခင်အစိုးရလက်ထက် စကတ်တိုသည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦးကို ဇာတ်ကားရိုက်ကူးခွင့်ပိတ်ပင်ခဲ့သည့် သာဓကရှိခဲ့ကြောင်း ဦးဇင်ဝိုင်းကပြောသည်။
Source :www.planet.com.mm
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )