22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

ဘော့စ်နီးယား နိုင်ငံက အန်ဂျလီနာ ဂျိုလီအား ဂုဏ်ပြုသည့် အနေဖြင့် ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ချီးမြှင့်


ဘော့စ်နီးယား နိုင်ငံက အန်ဂျလီနာ ဂျိုလီအား ဂုဏ်ပြုသည့် အနေဖြင့် ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ဘော့စ်နီးယား ပြည်တွင်းစစ်ကို အခြေခံသည့် In the Land of Blood and Honey ဇာတ်ကားဖြင့် ဒါရိုက်တာ ဘ၀ကို ပွဲဦးထွက်ခဲ့သည့် ဟောလီးဝုဒ် ကြယ်ပွင့် မင်းသမီး၏ လုပ်ဆောင်မှုအပေါ် ဘော့စ်နီးယား အစိုးရက ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။ သူမ၏ ဇာတ်ကားသည် တစ်ချိန်က စစ်ဘေးသင့်နယ်မြေ ဖြစ်ခဲ့ရာ ဒေသအပေါ် ကမ္ဘာ့အာရုံစိုက်မှုအား ပြန်လည် မြင့်တက်လာစေခဲ့သည်။ (၁၉၉၀)ပြည့်လွန် နှစ်များအတွင်းက ဆာဘီးယား စစ်သား တစ်ဦးနှင့် ဘော့စ်နီးယား အမျိုးသမီး တစ်ဦး၏ အချစ်ဇာတ်လမ်းကို ထိုဇာတ်ကားက ပုံဖော်တင်ဆက်ထားသည်။
ယခုအခါ အစိုးရ တာဝန်ရှိသူများက ဆာယာဂျေဗိုနှင့် ဘော့စ်နီးယား၊ ဟာဇီဂိုးဗီးနားတို့တွင် ဖြစ်ပျက်ခဲ့သော စစ်ပွဲတွင် ပိတ်ဖုံးနေခဲ့သည့် အမှန်တရားများကို ဖော်ထုတ်ပေးမှုအတွက် ဂျိုလီအား အထူးတလည် ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ကြသည်။ ထိုစစ်ပွဲများအတွင်း လူမျိုးချင်း၊ ဘာသာချင်း မတူညီသူများကြား လူသားဆန်မှု၊ ဒီမိုကရေစီ၊ သည်းခံနိုင်စွမ်း၊ စည်းလုံးညီညွတ်မှုဖြင့် ပေါင်းစည်း ဆက်နွယ်မှုကို ဂျိုလီ၏ ဇာတ်ကားက မီးမောင်း ထိုးပြနိုင်ခဲ့ကြောင်း အစိုးရ အရာရှိ တစ်ဦးက ဆိုသည်။ ဂျိုလီသည် မေလ (၃)ရက်နေ့တွင် ဆာယာဂျေဗို၌ ကျင်းပမည့် ဂုဏ်ပြု အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသည်။ သို့သော်လည်း ဂျိုလီ အနေဖြင့် ထိုပွဲသို့ တက်ရောက်နိုင်ခြင်း ရှိမရှိ တိတိကျကျ မသိရသေးဟုလည်း USမဂ္ဂဇင်းက ဖော်ပြသွားသည်။
Source : www.planet.com.mm
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )