22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, April 26, 2012

သင်ဇာ့ဆီမှာရှိတဲ့ တက်တူးတွေအကုန် ချစ်သူက ကြိုက်ပါတယ် လို့ပြောတဲ့ သင်ဇာဝင့်ကျော်


 

မေး - ကိုယ်မှာဆင်တဲ့ ဖက်ရှင်တွေ ထဲက အများဆုံးဝယ်ဖြစ်တဲ့ ဖက်ရှင်ပစ္စည်း
ဖြေ - အများဆုံးဝယ်ဖြစ်တာက ဂျင်းဘောင်းဘီနဲ့ စွပ်ကျယ်ပေါ့။ ဂျင်းဘောင်းဘီဆို ဈေးဝယ်ထွက်တိုင်း ဝယ်ဖြစ်တယ်။
မေး - သင်ဇာ့ဘဝမှာ မလိုအပ်ဘူးလို့ လျစ်လျူရှုခဲ့တဲ့ အကြောင်းအရာတွေ ရှိလား။
ဖြေ - တချို့ကောလဟလပြောကြတဲ့ အကြောင်းအရာတွေပေါ့။ မဖြေရှင်းချင်လို့ လျစ်လျူ ရှုထားရတာတွေရှိတယ်။ ကိုယ်က မင်းသမီးဖြစ်တော့ လူပြောများတယ်။ တချို့က မဟုတ် တာကို ဟုတ်အောင်ပြောတာရှိတယ်။ ဟုတ်တာကို အကျယ်ကြီးချဲ့ပြောတာရှိတယ်။ မကောင်းတာဆို အကျယ်ချဲ့ပြောကြတယ်။ အလုပ်ကြီးတစ်ခုလိုကို သဘောထားပြီး ပြောကြတယ်။
အနုပညာအလုပ်စလုပ်တုန်းက ခံစားရတယ်။ မဟုတ်ဘဲနဲ့ အပြောခံရတယ်ဆိုပြီး။ အဖေနဲ့အမေက ဆုံးမတယ်။ တစ်ချိန်မှာ သူတို့ပြောလို့ မောသွားရင် ပြီးသွားလိမ့်မယ်တဲ့။ အဲဒီအတိုင်းပါပဲ။ သူတို့ပြောတာတွေကို ကိုယ်က ခံနိုင်ရည်ရှိရတယ်။ ရန်လည်းသွားတွေ့ လို့မှ မရတာ။ ကိုယ့်စိတ်ထဲမှာပဲ ကြိတ်မှိတ်မျိုသိပ်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့ရတယ်။
မေး - သင်ဇာက နိုင်ငံခြားကို အသွားဆုံး မင်းသမီးတစ်လက်လား။
ဖြေ - အဲဒီလိုလည်း မဟုတ်ပါဘူး။ သင်ဇာ့ထက်သွားတာများတဲ့သူတွေ ရှိတာပဲ။ ဂျာနယ်ထဲ မပါလို့သာ မသိကြတာလေ။ သင်ဇာကျတော့ ရှုတင်မှာ အမြဲရှိတယ်။ စာနယ်ဇင်းတွေ နဲ့လည်း အမြဲထိတွေ့နေတယ်။ သူတို့က ဘာလှုပ်ရှားမှုရှိလဲ မေးရင် သင်ဇာ့ဘက်ကလည်း ဖြေရတယ်။ ကားရိုက်ဘဲ သင်ဇာဝင့်ကျော် တစ်ပတ်လောက်ပျောက်သွားရင် ဘာလုပ် နေလဲဆို ခရီးသွားရင် ခရီးသွားတယ်။ အဲဒီလို အမှန်အတိုင်း ပြောလို့ ဒီလိုဖြစ်တာ။ နောက်ဆို မပြောတော့ဘူး။ ခိုးခိုးသွားမယ်။
မေး - သင်ဇာက အင်တာနက်ထဲမှာ ရေးထားတဲ့သင်ဇာ့အကြောင်းတွေ ရှာဖတ်လေ့ရှိလား။
ဖြေ - မဖတ်ဘူး။ သူငယ်ချင်းတွေက ပြောကြတယ်။ ‘နင့်ကိုရေးထားတာ ရစရာမရှိဘူး’တဲ့။ အဲဒီလိုပြောရင် ဘယ်မှာလဲ ဖတ်ချင်တယ်ဆို သူငယ်ချင်းတွေက ‘မဖတ်ပါနဲ့။ နင်အလကားနေ စိတ်ဆင်းရဲနေဦးမယ်’တဲ့။ အဲဒီလိုမျိုး ပြောကြလို့ သင်ဇာ ဘယ်တော့မှ ဖတ်လေ့မရှိဘူး။
မေး - Internet ရော ပုံမှန်သုံးလေ့ရှိလား။
ဖြေ - ရှိပါတယ်။ သင်ဇာက သုံးရင် G-mail သုံးတယ်။ တချို့က သင်ဇာ Facebook Account ရှိတယ်တဲ့။ သင်ဇာ Facebook မသုံးတတ်ဘူး။ တစ်ခါတလေ Skype နဲ့ VZO သုံးတယ်။ အဲဒီသုံးခုပဲ သုံးဖြစ်တာပါ။ Facebook မှာရှိနေတဲ့ သင်ဇာဝင့်ကျော်က သင်ဇာ မဟုတ်ပါဘူးလို့။
မေး - သင်ဇာက တက်တူးထိုးရတာ ဝါသနာပါလား။
ဖြေ - သင်ဇာ တက်တူးထိုးတာ အရမ်းဝါသနာပါတယ်။ ငယ်ငယ်ကတည်းက အရမ်းထိုးချင်ခဲ့တာ။ အိမ်က လုံးဝမကြိုက်ဘူး။ ခိုးထိုးတာ။ အမေက ထိုးပြီးမှ သိတာ။ ထိုးပြီးအဆူခံလိုက်ရပြီးရင် ပြီးပြီဆိုပြီး ထိုးတာ။ ကိုယ်က မင်းသမီးဆိုတော့ ဒီထက် ပိုထိုးရင် မကောင်းလို့ နေရာတစ်နေရာမှာ ရပ်လိုက်တော့တယ်။
မေး - သင်ဇာ့မှာ တက်တူးဘယ်နှခုရှိလဲ။ ဘယ်လိုပုံစံ ထိုးရတာ သဘောကျလဲ။
ဖြေ - သုံးခု ရှိသွားပြီ။ ကနုတ်ပုံတွေ ကြိုက်ပေမယ့် သိပ်ပြီး မိန်းမဆန်တဲ့ပုံတွေ မကြိုက်ဘူး။ ငှက်ပုံတွေ ထိုးရတာကြိုက်တယ်။
မေး - နောက်ဆုံးထိုးခဲ့တာ ဘာပုံလဲ။ ဘာကြောင့် ထိုးဖြစ်ခဲ့တာလဲ။
ဖြေ - ကြာပန်းကနုတ်ပုံပါ။ သင်ဇာ့ဗိုက်ဘေးမှာ ဇာမဏီငှက်ပုံလေးတွေ ရှိတယ်။ အစွယ်လေးနဲ့။ အနောက်မှာလည်း ကနုတ်အစွယ်နဲ့ဆိုရှေ့နဲ့သွားရှုပ်မှာစိုးလို့ ကြာပန်းစုစုလေးပဲ ထိုးပစ်လိုက်တာ။ အရောင်နဲ့ထိုးတာ မကြိုက်ဘူး။ အဖြူ၊ အမည်းပဲ ကြိုက်တယ်။
မေး - တစ်ချိန်ချိန်မှာ ဒီတက်တူးတွေကို ကိုယ့်အလိုအပ်ဆုံး တစ်ဦးက ဖျက်ခိုင်းခဲ့မယ်ဆိုရင်
ဖြေ - ကိုယ့်ကို လာကြိုက်ပြီဆိုရင် ဟုတ်ပြီ င့ါမှာ မကောင်းတဲ့အချက်က ဒါတွေ၊ ကောင်းတဲ့အချက်က ဒါတွေ၊ လက်ခံနိုင်ရင် ချစ်၊ လက်မခံနိုင်ရင် မချစ်နဲ့ပေါ့။ ခုလက်ရှိ သင်ဇာ့ချစ်သူမှာ တက်တူးရှိတယ်။ သင်ဇာတက်တူးထိုးတာကိုလည်း သူအကုန် ကြိုက်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )