22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

မောင်တောမှာ ရေကန် အဆိပ်ခတ်သတင်းထွက်ပေါ်၊ RSO လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်

နံနက် ၁၀နာရီခွဲ၊ ဇွန် ၉၊ ၂၀၁၂၊ YPI

ယနေ့မနက် မောင်တောမြို့မှ သိရှိရသည့် သတင်းများအရ မောရ၀တီနှင့် ကုန်းပြင်ရွာ ၂ရွာ မီးရှို့ခံရပြီး တောင်ကုန်းရွာကို ဘင်္ဂါလီများ လောလောဆယ် ၀ိုင်းထားသည်ဟု သိရသည်။


မောင်တောမြို့ကို ရေပေးဝေနေသည့် ကန်တော်ကြီးရေကန်ကို ဘင်္ဂါလီအကြမ်းဖက်သူများက အဆိပ်ခတ်ထားသည် ဆိုသည့် သတင်းများထွက်ပေါ်ပြီးနောက် ရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းထားကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ မောင်တောမြို့ စည်ပင်သာယာမှ ကန်တော်ကြီးရေကန်မှရေကို မြို့နေလူထုတွက် ပေးဝေသည့် စနစ်ဖြစ်သည်။


အခြားသတင်းတရပ်တွင် တောင်ကုန်းရွာ အနီးမှကျေးရွာတရွာတွင် ကျောင်းဆရာမ (၅) ဦးအသတ်ခံရသည်ကို ယနေ့နံနက်တွင် သိရသည်ဟုဆိုသည်။ ယင်းသတင်းကို သီးခြား အတည်ပြုချက် မရသေးပါ။


မောင်တောမြို့နေ ရခိုင်လူမျိုးများက နယ်စပ်တလျှောက်ရှိ ရခိုင်လူမျိုးများနေထိုင်ကြသည့် ကျေးရွာများဆီ စစ်တပ်က မရောက်နိုင်သည့် အဖြစ်ကို စိုးရိမ်နေကြသည်ဟု လည်းပြောသည်။


ယမန်နေ့ညက RSO ဟုခေါ်သည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး လက်နက်ကိုင်များ မော်တော် ၃ စီးဖြင့် မြန်မာနိုင်ငံဘက်ကမ်းသို့ ၀င်ရောက်လာရာ မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် တိုက်ပွဲ ၃ နေရာတွင်ဖြစ်ပွားသည်ဟု သိရှိရသည်။


မော်တော်တစီးတွင် အင်အား ၆၀ ခန့်ပါရှိသည်ဟုလည်း သိရသည်။ RSO အလံတင်ထားသည့် မော်တော်တစီးမှာ ဘင်္ဂလားဒေ့ရှ် ဘက်ကမ်းကိုလည်း ပြန်မကပ်နိုင်ဖြစ်ကာ နတ်မြစ်ထဲတွင် အချိန်တော်ကြာ ခုတ်မောင်းပြီးသည့်နောက် မြန်မာဘက်အခြမ်းကပ်လာရာတွင် ယင်းနေရာ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ ။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )