22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 26, 2012

Samsung ရဲ့ Jet ကား

Samsung Jet မော်တော်ကား

Samsung ကုမ္ပဏီဟာ ဟမ်းဖုန်းတမျိုးတည်းသာ ထုတ်လုပ်တာ မဟုတ်ပါဘူး။ ကားလည်း ထုတ်လုပ်ထား တယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ တစီးတည်းသာ ရှိတဲ့ ကားအမျိုးအစားနဲ့ ကားပုံသဏ္ဍန်ကတော့ ကမ္ဘာကျော် မိုဘိုင်း ဟမ်းစက် ကုမ္ပဏီ တခုဖြစ်တဲ့ Samsung ကုမ္ပဏီက ပဲ အရောင်းမြှင့်တင်ရေး ကြော်ငြာအတွက် ထုတ်လုပ်ခဲ့ပါတယ်တဲ့။

ကားဟာ ဘယ်လောက်ကုန်ကျပြီး ဘယ်လောက်မြန်တယ်တော့ မသိပါဘူး။ ကားနံမည်ကို Samsung Je't လို့ ခေါ်ပြီး CES2010 car အမျိုးအစားလို့လည်း သိရပါတယ်။ သူ့မှန်တွေမှာတော့ Samsung မိုဘိုင်း ဟမ်းစက်တွေရဲ့ ဖုန်း မျက်နှာ ပြင်အမျိုးမျိုးကို ပြသကြော်ငြာထားပါတယ်။

ဒီကားဟာ နံမည်နဲ့ လိုက်အောင် Jet တစီးလို မြန်မမြန်တော့ မသိပါဘူး။ ကမ္ဘာ့ မိုးဘိုင်းစမတ်ဖုန်းလောကမှာ iPhone ကို အလျှင်အမြန် ကျော်တက် သွားတဲ့ ဖုန်းကုမ္ပဏီကတော့ Samsung ကုမ္ပဏီဆိုတာတော့ သတင်းတွေက ညွှန်းဆိုနေပါတယ်။

မကြာခင်ကပဲ Samsung SIII ကို အမေရိကားနဲ့ ဥရောပမှာ စတင်ရောင်းချခဲ့ တာပါ။

ဒီအပြင် ကုမ္ပဏီကို ဖုန်း အလုံးရေ ၉ သန်းကျော် အမှာစာလည်း လက်ခံရရှိ ထားတယ်ဆိုတာလည်း ကုမ္ပဏီက ကြေငြာ ခဲ့ပါသေးတယ်။ Samsung စမတ်ဖုန်းကတော့ Apple ရဲ့ iPhone ကို ကျော်တက်သွားတာ ကတော့ သူတို့ တီထွင်ထားတဲ့ Jet ကားကြောင့် မဟုတ်လောက်ပါဘူး။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )