22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 17, 2012

လုပ်ငန်းခွင် အတွင်းမှ ရနိုင်သော ရောဂါ

လုပ်ငန်းခွင် အတွင်းမှ ရနိုင်သော ရောဂါ သင်အသက် မွေးဝမ်းကျောင်း အဖြစ် နေ့စဉ် လုပ်ကိုင်နေသည့် လုပ်ငန်းခွင် သည် အန္တရာယ် ကင်းသည့် အလုပ်ခွင်ဖြစ် ပါရဲ့လား။ လုံခြုံအန္တရာယ်ကင်း သည့် လုပ်ငန်းခွင်မဟုတ်ခြင်းကြောင့် နောက်ဆက်တွဲရရှိလာနိုင်သည့် အချို့ရောဂါများသည် နာတာရှည်ရောဂါသည်အဖြစ်လည်းကောင်း၊ ကုသ၍ မရတော့သည့် ရောဂါများအဖြစ်လည်းကောင်း ခံစားကြရနိုင် သည်။

လုပ်ငန်းခွင်ထဲတွင် နေ့စဉ် လှုပ်ရှားရင်း ဆူညံလွန်းသည့် စက် ပစ္စည်းကိရိယာများဖြင့် အကာအ ကွယ်မပါဘဲနေ့စဉ်အလုပ်လုပ်နေ သူများသည် နှစ်ပေါင်းကြာလာပါ ကကုသ၍ မရနိုင်တော့သည့် နား လေးသည့် ဝေဒနာကိုပါ နောက် ဆက်တွဲခံစားကြရနိုင်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်းအထူး ကု ဒေါက်တာဝင်းထိုက်ကြည်က ပြောသည်။
နားလေးသည်အထိဖြစ်နိုင် သည့် ဆူညံသံဆိုသည်ကို85 dBA ရှိသည့်ကျယ်လောင်သော အ သံ ဟူ ၍ ပ ညာ ရ ပ် ဆို င် ရာ သုံးနှုန်းမှုဖြင့် သတ်မှတ်ထားပြီး နားလည်လွယ်သည့်တိုင်းတာချက် မှာ မိမိလုပ်ငန်းခွင်အတွင်း အချင်း ချင်း စကားအော်ပြောနေရသည့် လုပ်ငန်းခွင်သည်ဆူညံသော လုပ် ငန်းခွင်ဖြစ်နေပြီဖြစ်ကြောင်း အ ဆိုပါ ဆရာဝန်က ဆက်လက်ပြော သည်။ ဆူညံလွန်းသော အသံသည် နား၏အတွင်းပိုင်းရှိ အာရုံခံသည့် ဆဲလ်များအား တိုက်ရိုက်ထိခိုက် သွားခြင်းဖြစ်သည်။
ထိုဆဲလ်များ သည်အသံလှိုင်းများအားလျှပ်စစ် လှိုင်းအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပြီး အားကြီးသည့် အသံလှိုင်း ကြောင့်ပျက်စီးသွားကြခြင်းကြောင့် နားလေးသည့် ဝေဒနာခံစားကြရ သည်။ 85 dBA ရှိသည့် အသံကျယ် နှုန်းအား တစ်နေ့ ၈ နာရီခန့် နှစ် ပေါင်းကြာအောင် ခံထားရသူ သည် နားလေးသွားပြီး ထိုထက် အသံကျယ်နှုန်း ပိုမိုများပြားလေ လေ၊ အချိန်တိုအတွင်း နားလေး နိုင်သည့် ရာခိုင်နှုန်းများပြားလေ လေဖြစ်ကြောင်း သိရသည်။
" တစ်ေ န့ ၈ နာ ရီ ကျယ် လောင်တဲ့ အသံကြားရမှလို့တော့ သတ်မှတ်ထားတာ မဟုတ်ဘူး။ ဆူရင်ဆူသလောက် အချိန်နည်း နည်းလေးနဲ့လည်းနားထိနိုင်တယ်။ 100 dBA လောက်ဆိုရင် တစ်နာ ရီကျော်ကျော်လောက်နဲ့ နားထိ ခိုက်နိုင်တယ်" ဟု ဒေါက်တာဝင်း ထိုက်ကြည်ကပြောသည်။ "နားက ထိခိုက်သွားပြီးရင် လည်း ကုသလို့ မရတော့ဘူး။
ဒါ ကြောင့် ကြိုတင်ကာကွယ်တာအ ကောင်းဆုံးပဲ"ဟု ၄င်းက ဆက် လက်ပြောသည်။ ပုံမှန်ဆူညံနေသည့် ပတ်ဝန်း ကျင်တွင် အလုပ်လုပ်နေသူအ တွက် နားထိခိုက်ခြင်းကြောင့် တ ဖြည်းဖြည်းနားလေးလာခြင်းမှာ အလုပ်ခွင်အတွင်း မသိသာသော် လည်း မိသားစု မိတ်ဆွေများနှင့် စကားပြောဆိုရာတွင် အခက်အ ခဲများနှင့် ရင်ဆိုင်ကြရသည်။
ပုံမှန် လုပ်နေသည့်အလုပ်ခွင်အတွင်း ပြ ဿနာမရှိသော်လည်း ဆေးရုံ ရောက်လာသည့် လူတိုင်းလိုလို သည် ပိုမိုအဆင့်မြင့်သည့် အလုပ် အပြောင်းအရွှေ့အတွက် ဆေးစစ် ဆေးခြင်းတွင် နား၌ ပြဿနာပေါ် သည့်အတွက် ဆေးကျပြီး ဆေး ကုသရန် ရောက်ရှိလာကြသူ များ ပြားပြီး ထိုအခြေအနေသည် ကုသ ၍လည်း ပြန်လည်ကောင်းမွန်သွား သည့် အခြေအနေမဟုတ်တော့ ကြောင်းအဆိုပါဆရာဝန်ကဆက် လက်ပြောသည်။
"ဆူညံတဲ့ပတ်ဝန်းကျင်မှာ ၁၀ နှစ်လောက် လုပ်ပြီးသွားရင် သူနားက ထိသွားပြီ။ ဘွဲ့ရပြီး လူ ငယ်တစ်ယောက် အသက် ၂၂၊ ၂၃ လောက်မှာ အလုပ်ဝင်တယ်။ ၁၀ နှစ်လောက်လုပ်ပြီး ၃၀ ကျော် လောက်မှာ နားလေးသွားပြီး ကု သလို့ မရတော့ဘူးဆိုရင် ကျန်တဲ့ အလုပ်လုပ်နိုင်တဲ့အရွယ်မှာ သူ ဘယ်လိုအလုပ်ကို ထပ်ပြောင်းမ လဲဆိုတာ မလွယ်တော့ဘူးလေ" ဟု ဒေါက်တာဝင်းထိုက်ကြည်က ပြောသည်။
လုပ်ငန်းခွင်အတွင်း ဆူညံ သည့် ပတ်ဝန်းကျင်သည် နားအ ကြားအာရုံကိုပါ ထိခိုက်စေနိုင် သည့်အတွက် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရန် အခါအား လျော်စွာ စစ်ဆေးမှုများလည်း ရှိရ မည်ဖြစ်ပြီး ထိုအချိန်တွင် ရင်ဆိုင် ရသည့် ပြဿနာမှာ စက်ရုံများမှ ထိုစစ်ဆေးသည့်ရက်တွင်ပြင်ဆင်မှု ရှိသဖြင့် စက်လည်ပတ်မှုများအား ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း လုပ်ငန်းခွင်ကျန်းမာရေးမှ ဒုတိယ ညွှန်ကြားရေးမှူး (ငြိမ်း)ဒေါက် တာသန်းထွဋ်က ဆူညံသံကြောင့် အကြားအာရုံထိခိုက်ခြင်းနှင့် လုပ် ငန်းခွင်ကျန်းမာရေး ဟောပြောပွဲ တွင် ပြောသည်။
လုပ်ငန်းခွင်အတွင်း ကျန်း မာရေးဆိုင်ရာပြဿနာများ မခံ စားရစေရန် အလုပ်ရှင်များဘက် မှ စက်ပိုင်းဆိုင်ရာများအား အ လုပ်သမားရေရှည်တွင် ထိခိုက်မှု မရှိစေရန် ဆောင်ရွက်ခြင်းများအ တွက် တာဝန်ရှိသကဲ့သို့ လုပ်သား များအနေဖြင့်လည်း မိမိ၏ ကျန်း မာရေးအတွက် မိမိဘာသာအ လေးထားရန်မှာတော့ မဖြစ်မနေ လိုအပ်ကြောင်း သိရသည်။ "တချို့လုပ်သားတွေက ဒီလို အကာအကွယ်တွေသုံးပြီး ကာ ကွယ်ရမယ်ဆိုတဲ့ဗဟုသုတမရှိဘူး။
တချို့တွေကျတော့လည်း အလုပ် ရှင်တွေက ပေးထားတာတောင် မတပ်ချင်လို့ မတပ်ကြတာတွေရှိ တယ်"ဟု ဒေါက်တာသန်းထွဋ်က ပြောသည်။ လုပ်ငန်းခွင်ကြောင့် ရောဂါ တစ်စုံတစ်ရာဖြစ်လာပါက မိမိသာ ခံစားရမည်ဖြစ်သည့်အတွက် မိမိ အန္တရာယ်မဖြစ်စေရန်တော့ ဂရု ပြုရန်လိုအပ်သည်။ နှစ်ပေါင်းများ စွာ စွဲမြဲလာသည့် အမူအကျင့် အား ရုတ်တရက်ပြောင်းလဲရန် မ လွယ်ကူသော်လည်း ထိုအမူအ ကျင့်ကြောင့် မိမိတွင် ကျန်းမာရေး ဆိုးကျိုးများ ခံစားရနိုင်ကြောင်း သိသည့်အခါတွင်မူ မဖြစ်မနေ ပြောင်းလဲရန်တော့ လိုအပ်လာပြီ ဖြစ်သည်။
မြန်မာနိုင်ငံရှိ လုပ်သားအ များစုသည် လုပ်ငန်းခွင်အတွင်း တွင် အကာအကွယ်ပေးနိုင်သည့် ပစ္စည်းများ အသုံးပြုမှုနည်းပါးနေ သေးကြောင်း သိရသည်။ ဆူညံ သံအား ခံနိုင်ရည်ရှိစေသည့် နား ပိတ်ဆို့အရာများ အသုံးပြုခြင်း၊ အမှုန်များ ပျံ့နှံ့လွန်းနေသည့် လုပ် ငန်းခွင်တွင်အသက်ရှုလမ်းကြောင်း မှ တစ်ဆင့် ထိုအမှုန်များ အဆုတ် သို့ ဝင်ရောက်မှုမရှိစေရန် နှာ ခေါင်းစည်းများ တပ်ဆင်ခြင်း အ လေ့အထများအားလည်းကောင်း၊ အညစ်အကြေးများကို ကိုင်တွယ် ရသည့်လုပ်ငန်းခွင်တွင် နှာခေါင်း စည်း၊ လက်အိတ်များ တပ်ဆင် လုပ်ကိုင်ခြင်းအားလည်းကောင်း၊ မျက်လုံးအားထိခိုက်စေနိုင်သည့် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း ခွင်တွင် မျက်လုံးအကာအကွယ် တပ်ဆင်ခြင်းများစသည့် အန္တ ရာယ်ကင်းစေသည့် အပြုအမူ ဆောင်ရွက်မှုများမှာ အလုပ်ရှင် များ၊ အလုပ်သမားများကြားတွင် အားနည်းနေသေးကြောင်းပညာရှင် များကလည်းထောက်ပြထားသည်။
"ကျွန်တော်က ပရိဘောဂ တွေလုပ်တဲ့စက်ရုံမှာ အလုပ်လုပ် တယ်။ အဲဒီမှာ သစ်သားတွေက ထွက်တဲ့အမှုန့်တွေက ပြည့်နေ တာ။ အလုပ်လုပ်နေတုန်းက သိပ် မသိသာပေမယ့် နောက်နေ့မနက် မိုးလင်းရင် လည်ချောင်းထဲမှာ အ မှုန်တွေက ချွဲတွေလို လည်ချောင်း ထဲမှာ ကျပ်နေတာမျိုးတွေခံစားရ တယ်။ အဲဒါနှာခေါင်းစည်းတပ် ပြီး အလုပ်လုပ်တော့ ကျန်တဲ့သူ တွေကလည်း ဝိုင်းလှောင်ကြတာ တွေရှိတယ်။ နှာခေါင်းစည်းလည်း မတပ်နိုင်၊ နေ့တိုင်းလည်း ဖြစ်လာ တော့ အလုပ်ပြောင်းလိုက်ရတယ်" ဟု အသက် ၂၄ နှစ်အရွယ် အမျိုး သားတစ်ဦးက ပြောသည်။
ထိုမလိုအပ်ဘူးဟု ထင်မြင် မှုများကြောင့် ဂရုမမူခြင်းဖြင့် လုပ် ငန်းခွင်အတွင်း ကျန်းမာရေးနှင့် မညီညွတ်သော အခြေအနေများမှ တစ်ဆင့် ဖြစ်သည့် ပန်းနာရင်ကျပ် ရောဂါသည် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသည် လုပ်ငန်းခွင် ကြောင့် ဖြစ်ခြင်းဖြစ်ကြောင်း လုပ် ငန်းခွင်ပန်းနာရင်ကျပ်ဆိုင်ရာ သု တေသနပြုလုပ်ထားသည့် နိုင်ငံ တကာသတင်းတစ်ခုတွင် ဖော်ပြ ထားသည်။ ထို့အတူ မျက်စိဆေးရုံတွင် လည်း လုပ်ငန်းခွင်အတွင်း လုံ လောက်သည့် မျက်စိကာကွယ်မှု များမရှိခြင်းကြောင့် အလုပ်လုပ် ရင်းမျက်စိထိခိုက်သွားသည့် လူ နာများလည်း အများအပြားရှိ ကြောင်းသိရသည်။
"ကျန်တဲ့အလုပ်တွေထက် အမြဲတမ်းမြင်နေရတဲ့ စည်ပင်လုပ် သားတွေရဲ့ ကျန်းမာရေးအခြေအ နေကိုတော့ စိတ်ပူမိတယ်။ အ မှိုက်ပုံတွေမှာ အမှိုက်သိမ်းနေတဲ့ စည်ပင်ဝန်ထမ်းတွေဆိုရင် တခ ဏတာဖြတ်သွားဖြတ်လာတွေ တောင် အနံ့မခံနိုင်တဲ့စွန့်ပစ် ပစ္စည်းတွေနဲ့ ထိတွေ့ရတယ်။ သူ တို့မှာလုံလောက်တဲ့အကာအကွယ် ပစ္စည်းတွေလည်း မရှိဘူး။ ဒီမှာ လူတိုင်း အမှိုက်စွန့်ပစ်တဲ့ပုံစံက လည်း စနစ်ကျတဲ့စွန့်ပစ်တဲ့ပုံစံ မဟုတ်တဲ့အခါကျတော့သူတို့တွေ အတွက်ကြာလာရင်အန္တရာယ်ဖြစ် လာစေမယ်လို့ထင်တယ်"ဟုတောင် ဒဂုံမြို့နယ်တွင် နေထိုင်သည့် ဈေး ကွက်ဖြန့်ချိရေးဝန်ထမ်းကိုကျော် ကျော်ကပြောသည်။
အသက်မွေးဝမ်းကျောင်းအ လုပ်အကိုင်လုပ်ရင်း လုပ်ငန်းခွင် အတွင်း ဖြစ်ပေါ်လာသည့်ရောဂါ များကြောင့်ဝေဒနာခံစားရမှုသည် လုပ်သားများအတွက် ထိခိုက်မှု ပြင်းထန်သည့် ကိစ္စလည်းဖြစ် သည်။ နောက်ဆက်တွဲ ထိုကဲ့သို့ သော ရောဂါများမဖြစ်စေရန် လုပ်ငန်းခွင်ဆိုင်ရာတာဝန်ရှိသူ များ၊ လုပ်သားများကိုယ်တိုင်ပါ ဝင်ပြောင်းလဲရန် လိုအပ်လာပြီး လုပ်ငန်းခွင်ကြောင့်ဖြစ်သည့် နောက်ဆက်တွဲကျန်းမာရေးပြဿ နာများ မဖြစ်ပွားစေရန် ဂရုပြုနေ ထိုင်သင့်ကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )