22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 17, 2012

မယ်ဆိုင်မြို့​တွင် မူး​ယစ်​ဆေး​ဝါး​ကုန်ကူး​သူ ၈ ဦး​ကို ထိုင်း​က အ​သေဖမ်း​ဆီး​ရမိ

မြန်မာနိုင်ငံ တာချီလိတ် တဘက်ကမ်း​ ထိုင်း​နိုင်ငံ မယ်ဆိုင်မြို့​နယ်ထဲမှာ ဒီ​နေ့​မနက်မှာ မူး​ယစ်​ဆေး​ဝါး​ကုန်ကူး​သူ လူတစုနဲ့​ ထိုင်း​မူး​ယစ်တပ်တို့​ အပြင်း​အထန် တိုက်ခိုက်မှု ဖြစ်ပွား​ပြီး​ မူး​ယစ်ကုန်ကူး​သူ ၈ ဦး​ကို ထိုင်း​ဘက်က အ​သေဖမ်း​ဆီး​ရမိတယ်လို့​ ထိုင်း​မီဒီယာ​တွေမှာ ​ဖော်ပြပါတယ်။
 
မူး ​ယစ်​ဆေး​ဝါး​ ကုန်ကူး​သူတစုဟာ နယ်စပ်က​နေ ​တောလမ်း​ကို ဖြတ်ဝင်လာမယ်ဆိုတဲ့​ သတင်း​အရ ထိုင်း​မူး​ယစ်​ဆေး​ဝါး​နှိမ်နင်း​ရေး​အဖွဲ့​၊​ နယ်​မြေခံရဲနဲ့​ နယ်ခြား​စောင့်​ရဲ၊​ စစ်တပ် ပူး​ပေါင်း​အင်အား​ ၁၀၀ ​ကျော်ဟာ ချင်း​ရိုင်း​ခရိုင် မယ်ဆိုင်မြို့​နယ် ဝိန်း​ဖန်ခမ်း​ရပ်ကွက် ဘန့်​ဖာမီရွာအနီး​ ​တောအုပ်က​နေ ​စောင့်​ဖမ်း​ခဲ့​တာဖြစ်​ကြောင်း​ သတင်း​မှာ ​ဖော်ပြထား​ပါတယ်။
နံနက် ၄ နာရီခန့်​မှာ ​ကျောပိုး​အိတ်​တွေနဲ့​ လက်နက်ကိုင် လူ ၁၂ ဦး​ခန့်​ဟာ ထိုင်း​တပ်ဖွဲ့​ကို​တွေ့​တော့​ ပစ်ခတ်ဆုတ်ခွာရာမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား​ပြီး​ လူ ၈ ဦး​ကို အ​သေဖမ်း​ဆီး​ရမိခဲ့​တယ်။
ပါလာတဲ့​ကျောပိုး​အိတ်​ တွေကို စစ်​ဆေး​ရာမှာ ၉မမ ​သေနတ် ၈ လက်၊​ အိုက်စ်မူး​ယစ်​ဆေး​ ၇၀ ကီလိုဂရမ်နဲ့​ ယာဘ အလုံး​ရေ ၅ သိန်း​ ၅ ​သောင်း​တို့​ကို ဖမ်း​ဆီး​ ရမိခဲ့​တယ်လို့​ ရဲချုပ်ကြီး​ ဖျိုး​ဖန်း​ ဒါး​မား​ဖုန်း​က ဒီ​နေ့​မနက်မှာ သတင်း​စာ ရှင်း​လင်း​ပွဲလုပ်ပြီး​ မီဒီယာ​တွေကို ​ပြောကြား​သွား​ပါတယ်။
သေဆုံး​သူ ၈ ဦး​ဟာ အခါအမျိုး​သား​များ​ဖြစ်ပြီး​ ၄-၅ ဦး​လောက် ထွက်​ပြေး​ လွတ်​မြောက်သွား​တယ်လို့​ သတင်း​မှာ ​ဖော်ပြထား​ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )