အိန္ဒိယနိုင်ငံ အရွေး ချယ်ခံ သမ္မတ ပရာနာ့ဘ် မူခါဂျီ၏ အစ်မ သုံးဦးသည် ၄င်း၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့တက်ရောက်ရန် နယူး ဒေလီမြို့သို့ လာနေကြပြီ ဖြစ် သည်။ မူခါဂျီ၏ အကြီးဆုံးအစ်မ ဖြစ်သူ အဲန်နာ ပူရနာဒေဝီသည် အားအင် ချည့်နဲ့နေသဖြင့် ရာရှ် ထရာပါတီဘာဗန်သို့ လာနိုင်မည် မဟုတ်ကြောင်း၊ သို့ရာတွင် ပရာ နာ့ဘ်သည် ဘိုလ်ပူးရ်မြို့ရှိ ကီရ် နာဟာရ်ကျေးရွာလေးဆီ ရောက် လာလိမ့်မည်ဖြစ်ကြောင်း ပြောဆို ခဲ့သည်။ "သူ ကျွန်မတို့ရွာကို ဘယ် အချိန်ရောက်လာမယ်ဆိုတာ မသိ ပေမယ့် အိမ်တွင်းမှာရှိတဲ့ နတ် ဘုရားကို ပူဇော်ပသဖို့တော့ သူ လာပါလိမ့်မယ်"ဟု သူမကဆို သည်။ သူမ၏ ညီမ သုံးဦးသည် ဒေလီမြို့ကို ထွက်ခွာသွားကြပြီး ဖြစ်ကြောင်း၊ ကျမ်းသစ္စာကျိန်ဆိုပွဲ အပြီးတွင် စာအုပ်များနှင့် သကြား လုံးများကို ပရာနာ့ဘ်အား ပေး မည်ဖြစ်ကြောင်း အဲန်နာပူရနာ ဒေဝီက ပြောပြသည်။ "အခုဆို ကျွန်မက အသက် ၈၄ နှစ် ရှိပါပြီ။ ကျွန်မ သွားချင် ပေမယ့် ကျမ်းကျိန်ပွဲကို မတက် နိုင်ပါဘူး။ နေ့တိုင်းသူအကောင်း ဆုံးဖြစ်အောင် ဘုရားသခင်ထံမှာ ဆုတောင်းပေးပါတယ်။ ကျွန်မ ဆုတောင်းကြောင့်များ သူကောင်း ကျိုးရလာတယ် ထင်ပါတယ်" ဟု ဆိုသည်။ ကီရ်နာဟာ တစ်ရွာလုံးက လည်း ပရာနာ့ဘ်၏ အောင်မြင် မှုအတွက် ဂုဏ်ပြုပွဲကျင်းပလျက်ရှိ ၏။ သမ္မတဖြစ်လာခြင်းအတူ ပရာနာ့ဘ်ကို ဝိုင်း၍ချီးကျူးဂုဏ် ပြုလျက်ရှိသည်ဟု သိရသည်။
Thursday, July 26, 2012
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer,
can be use this zawgyi converter
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com