ရီးယဲလ်မက်ဒရစ် အသင်းသည် မန်ချက်စတာ စီးတီးနှင့် ဒေးဗစ်ဆေးလ်ဗားတို့ စာချုပ်သက်တမ်း မတိုးနိုင်မီ ကြားဖြတ် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သိရှိရသည်။
ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟိုက ဆေးလ်ဗား ကိုယ်တိုင် မန်စီးတီးတွင် ဆက်နေလိုကြောင်း ပြောဆို ထားသည့်တိုင် ကစားသမားကို စပိန်မြေသို့ ပြန်ခေါ်ရန် အလို ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဥရောပ ဖလားတွင် စပိန်၏ ကစားကွက်ကို အဓိက ဦးဆောင်မှု ပေးနိုင်ခဲ့သော ဆေးလ်ဗားအား မော်ရင်ဟိုက ပေါင်စတာလင် (၃၅)သန်းဖြင့် ကမ်းလှမ်းရန် စဉ်းစားနေကြောင်း သိရသည်။ တစ်ဖက်တွင်လည်း မန်စီးတီးက ဆေးလ်ဗားအား အမြင့်ဆုံး လုပ်ခလစာ တစ်ရပ်ဖြင့် သက်တမ်းတိုး စာချုပ်ရန် ကြံစည်လျှက် ရှိသည်။
ရီးယဲလ်မှ စောင့်ကြည့်နေသည့် ဆေးလ်ဗား
အသက်(၂၆)နှစ်ရှိ ဆေးလ်ဗားသည် ရီးယဲလ်၏ ယခုနွေရာသီ အဓိက ပစ်မှတ် ကစားသမား ဖြစ်နေကြောင်း ရီးယဲလ်နှင့် နီးစပ်သူ တစ်ဦးက Daily Mirrorသို့ ပြောကြားခဲ့သည်။ ပေါ်တို၊ ချယ်လ်ဆီးနှင့် အင်တာမီလန် နည်းပြဟောင်း မော်ရင်ဟိုသည် ရီးယဲလ်အသင်း၏ သမိုင်းတစ်လျှောက် (၁၀)ကြိမ်မြောက် ချန်ပီယံလိဂ် သရဖူဘွဲ့ကို မျှော်လင့်နေရာ ဆေးလ်ဗားကဲ့သို့ ကစားသမားမျိုးကို လိုအပ်နေသည်ဟု ယူဆထားသည်။ ရီးယဲလ် အတွင်းလူ တစ်ဦးက "မော်ရင်ဟိုက အသင်းကို ပြောပြပါတယ်။ (၁၀)ကြိမ်မြောက် ဥရောပ ချန်ပီယံဆုအတွက် လိုအပ်တဲ့ ကစားသမားမျိုးက ဆေးလ်ဗားပဲ ဆိုတာပါ"ဟု Daily Mirrorသို့ ဖွင့်ဟသွားသည်။
မော်ရင်ဟိုက အသင်းကို ပြောပြပါတယ်။ (၁၀)ကြိမ်မြောက် ဥရောပ ချန်ပီယံဆုအတွက် လိုအပ်တဲ့ ကစားသမားမျိုးက ဆေးလ်ဗားပဲ ဆိုတာပါ..
မော်ရင်ဟိုသည် ဆေးလ်ဗားကို ၀ယ်ယူဖြစ်ပါက ဘရာဇီးလ် ကွင်းလယ်လူ ရီကာဒို ကာကာအား ရောင်းထုတ်ဖွယ် ရှိနေသည်။ (၂၀၀၇)ခုနှစ်၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ကာကာအား အသင်းဟောင်း အေစီမီလန်က ချိတ်ဆက်နေပြီး ရီးယဲလ်က ၎င်းအား ခေါ်ယူစဉ် အသုံးပြုခဲ့သည့် ပြောင်းရွှေ့ကြေးထက် အမြောက်အမြား အရှုံးခံ ရောင်းချဖွယ် ရှိနေကြောင်း သိရှိရသည်။
Ref: Daily Mail
11:37 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com