ရာသီပေါ် သစ်သီး ဝလံများနှင့် ဟင်းသီး ဟင်းရွက် များကို လက်လီ လက်ကား ရောင်းချပေး နေသော သီရိမင်္ဂလာဈေးကြီး အတွင်းရှိ ကုန်စိမ်းဈေးကွက်တွင် ပန်းဂေါ်ဖီ၊ တညင်းသီးနှင့်ခရမ်းချဉ်သီးများဈေး အသင့်အတင့်ရသော်လည်း ဂေါ်ဖီနှင့်ငရုတ်များမှာပြီးခဲ့သည့် နှစ်ကဈေးထက် ပိုမိုကျဆင်းနေကြောင်း အဆိုပါဈေးအတွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန်ဈေးကွက်ပျက်နေတဲ့ ဂေါ် ဖီထုပ် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများ မှ ဝင်ရောက်လာသော ဂေါ်ဖီထုပ်များမှာ ယခုနှစ်တွင်အဝင်များလာသဖြင့် ရန်ကုန် မြို့တွင်းဖြုန်းအားနှင့်မကိုက်ဘဲ ဈေးကွက် ပျက်နေကြောင်း သီရိမင်္ဂလာဈေးအတွင်း ရှိ ဂေါ်ဖီလက်လီလက်ကား ရောင်းဝယ် သော ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြား သည်။
"ပိတ်ရက် ၂ ရက်ခံလို့ဝယ်သူမဆင်း တော့ ရတဲ့ဈေးနဲ့ထိုးရောင်းရတာ။ မကုန် နိုင်တဲ့ပစ္စည်းကို ကုန်အောင်ရောင်းချင် တော့ ဈေးလျှော့ရောင်းရတာပေါ့"ဟု ၄င်း ကဆိုသည်။ ယခုနှစ်တွင် ရှမ်းပြည်နယ်မှ ဂေါ်ဖီ ထုပ်များ ယခင်နှစ်ကထက်လှိုင်လှိုင်ထွက် ပေါ်လာပြီး ရန်ကုန်မှတစ်ဆင့် ဝယ်ယူ သော နယ်ပွဲစားအများစုမှာ ရှမ်းပြည်နယ် တွင် တိုက်ရိုက်ဝယ်ယူကြသဖြင့် ရန်ကုန် ဈေးကွက် ပျောက်နေကြောင်း၊ ဝင်လာ သော ပမာဏမှာလည်း မြို့တွင်းဖြုန်းအား နှင့် မမျှသဖြင့် ဈေးကွက်ပျက်နေခြင်းဖြစ် ကြောင်း ゞင်းကဆက်လက်ရှင်းပြသည်။
"ထွက်နှုန်းများပြီး ဒီမှာဝယ်လိုအား နည်းနေတော့ဂေါ်ဖီက ရန်ကုန်ဈေးကွက် ပျက်နေတယ်"ဟု ၄င်းကဆိုသည်။ သီရိမင်္ဂလာဈေးကြီးအတွင်းသို့ တစ် ရက်လျှင် ၆ ဘီးကား၊ ၁၀ ဘီးကား၊ ၁၂ ဘီးကားပေါင်းအစီးရေ ၂၅ စီးခန့်ပုံမှန်ဝင် ရောက်လျက်ရှိပြီး ဂေါ်ဖီဈေးနှုန်းများကျ ဆင်းသွားသည်မှာ ရက်သတ္တတစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း ဂေါ်ဖီ အဓိကလုပ်ကိုင် သောပွဲစား ဦးသန်းထွန်းဇော်က ဆက် လက်ပြောကြားသည်။
ယခင်က ပြည်မြို့၊ ရေးမြို့နှင့်မော်လ မြိုင်များသို့ ရန်ကုန်မှတင်ပို့ပေးနေရပြီး ယခုအဆိုပါမြို့များသို့တိုက်ရိုက်ဝင်ရောက် နေသဖြင့် နယ်သမားအများစုမှာ ရန်ကုန် သို့ ဆင်းမဝယ်တော့ကြောင်း ဝင်ရောက်မှု ပမာဏမှာပုံမှန်အတိုင်းသာရှိပေမယ့် ဝယ် လိုအားနည်းသွားသဖြင့်ဈေးကျလာ ခြင်း ဖြစ်ကြောင်း ゞင်းကပြောကြားသည်။ "အရင်က နယ်သမားရောမြို့နယ် တွင်ဖြုန်းအားနဲ့ရောဆိုတော့ ဈေးကွက်က ပုံမှန်ရှိနေပေမယ့် အခုက နယ်သမားက ပျောက်သွားတော့ ဒီမှာပုံလာတာ"ဟု ၄င်း ကဆိုသည်။
ရှမ်းပြည်နယ်မှ ရန်ကုန်အရောက် ကားခမှာလည်း ယခင်ကထက်ပိုပေးရပြီး ၆ ဘီးကားတစ်စီးလျှင် ၁၆ တန် ၅၀ဝ၊ ၁၀ဘီး ကားတစ်စီးလျှင် ၂၂ တန်သာ တင်ဆောင်ခွင့်ရှိကြောင်း တန်ချိန်ပိုမိုတင် ဆောင်လာပါက ပိုနေသော အလေးချိန် ကို ဒဏ်ကြေးနှင့်မြှောက်၍ ဒဏ်ရိုက် သဖြင့် သယ်ယူစရိုက် မြင့်တက်လာခြင်း ဖြစ်ကြောင်း ဦးသန်းထွန်းဇော်က ဆက် လက်ပြောကြားသည်။ ယခုလက်ရှိ ဂေါ်ဖီတစ်ထုပ်လျှင် အနိမ့်ဆုံး ကျပ် ၇၀၊ ၈၀ မှ အမြင့်ဆုံးကျပ် ၂၀ဝ ခန့်သာရှိတော့ကြောင်း၊ ယခုအပတ် အတွင်းမှ ဂေါ်ဖီဈေးနှုန်းများထိုးကျသွား ခြင်းဖြစ်ကြောင်း ゞင်းက ဆိုသည်။
နယ်ဝယ်လက်ပါးနေတဲ့ ခရမ်းချဉ်သီး
ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေး ဒေသမှထွက်သော ခရမ်းချဉ်သီးများမှာ ဈေးနှုန်းမြင့်တက်လာသဖြင့် နယ်သမား အများစု ဝယ်ယူမှုပမာဏလျော့ကျလာ ကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ခရမ်း ချဉ်သီးပွဲရုံပိုင်ရှင်တစ်ဦးကပြောကြားသည်။ "ဈေးက တစ်သောင်းအောက်မကျ တာ ၂လလောက်ရှိပြီ" ဟု ၄င်းကဆိုသည်။ ယခင်က ခရမ်းချဉ်သီးတစ်တာလျှင် ကျပ် ၃၀ဝ၀၊ ၄၀ဝ၀ သာရှိခဲ့ရာမှ ယခု တစ် တာလျှင် ကျပ် ၁၃၀ဝ၀၊ ကျပ် ၁၄၀ဝ၀ မှ ကျပ် ၁၆၀ဝ၀ အထိရှိကြောင်း၊ ယခင်က မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးဘက်သို့ အဓိကတင်ပို့ ပေးနေ ရပြီး ယခုအဆိုပါဒေသများမှ ဝယ်ယူမှု လျော့ကျလာကြောင်း ゞင်းကဆက်လက် ရှင်းပြသည်။
"အရင်ဈေးနှုန်းနဲ့ယှဉ်ရင် ခရမ်းချဉ် သီးတစ်တာကို နှစ်ဆလောက်တက်သွား တယ်"ဟု ၄င်းကဆိုသည်။ ခရမ်းချဉ်သီးထွက်ရှိရာ ရှမ်းပြည်အ တွင်းဈေးနှုန်းမြင့်မားနေပြီး နယ်ဈေးကွက် အတွင်းဈေးနှုန်း ပိုမိုရရှိသဖြင့် ရန်ကုန်သို့ အဝင်နည်းသွားကြောင်း ယခုလက်ရှိ ရန် ကုန်သို့ အင်းသီးနှင့်အောင်ပန်းသီး နှစ်မျိုး ဝင်ရောက်နေပြီး ဝယ်လက်အများစုမှာ အင်းသီးကို ပိုမိုအဝယ်စွဲကြကြောင်း ဖိုး လမင်း ခရမ်းချဉ်သီးပွဲရုံပိုင်ရှင်က ပြော ကြားသည်။ အောင်ပန်းမှ ထွက်သောအသီးများ မှာ အင်းသီးနှင့်နှိုင်းယှဉ်ပါက အောင်ပန်း သီးမှာ အချိန်ကြာမြင့်စွာ အထားမခံခြင်း၊ ပစ္စည်းအရည်အသွေးလည်း ကွာသဖြင့် ဝယ်ယူသူအများစု လက်မခံကြောင်း ၄င်း က ဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက ခရမ်း ချဉ်သီးတစ်တာလျှင် ကျပ် ၂၅၀ဝ၊ ၃၀ဝ၀ ခန့်ရှိခဲ့သဖြင့် ပွဲရုံအများစုအရှုံးပေါ်ခဲ့ပြီး ယခုမှသာ ဈေးနှုန်းပြန်လည်ကောင်းမွန် လာခြင်းဖြစ်ကြောင်း ယခုဈေးနှုန်းမြင့်နေ သဖြင့် မြို့တွင်းဝယ်လက်ကိုသာ အဓိက ထားရောင်းနေရကြောင်း ၄င်းကဆိုသည်။
ပန်းဂေါ် ဖီ အထွက်နည်းသော်လည်း ဈေးပုံမှန်သာရှိ
တောင်ပေါ်ဒေသမှထွက်ရှိသော ပန်း ဂေါ်ဖီများမှာ ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသဖြင့် ပစ္စည်းထွက်ရှိမှု နည်းနေ သော်လည်း ရန်ကုန်ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တတ်လာခြင်း မရှိသေး ကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ကုန် စိမ်း ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။ "တောင်ပေါ်မှ မိုးခေါင်တော့ ပျိုးပင် ၁၅၀ဝ၀ စိုက်ရင် ၇၀ဝ၀၊ ၈၀ဝ၀ လောက် ပဲ ဖြစ်ထွန်းတယ်" ဟုゞင်းကဆိုသည်။
ရှမ်းပြည်နယ်အတွင်း ပန်းဂေါ်ဖီစိုက် ပျိုးချိန် မှန်ကန်သော်လည်း ရာသီဥတု ကြောင့် အပျက်အစီးများပြီး အဝင်နည်း သော်လည်း ရန်ကုန်ဝယ်လိုအားမှာ ဂေါ်ဖီ ထက် ပိုမိုများနေကြောင်း ゞင်းကဆက် လက်ရှင်းပြသည်။ ပန်းဂေါ်ဖီများမှာ အထွက်နည်းနေ သဖြင့် အခြားနယ်များသို့ တိုက်ရိုက်မ သွားဘဲ ရန်ကုန်ကိုသာအဓိကဝင်ပြီး ရန် ကုန်မှတစ်ဆင့် အခြားဒေသများသို့ပြန် လည်ရောင်းချနေရကြောင်း ゞင်းကဆက် လက်ပြောကြားသည်။ ပြီးခဲ့သည့်နှစ်များက ပန်းဂေါ်ဖီပျိုး ၁၅၀ဝ၀ စိုက်ပျိုးပါက ၁၂၀ဝ၀ ခန့်အပင် ဖြစ်ပြီး ၃၀ဝ၀ ခန့်သာ အပျက်အစီးရှိ ကြောင်း ယခုနှစ်တွင်အပျက်အစီးပိုမိုများ ပြားလာပြီး အဝင်နည်းသော်လည်း ဈေး နှုန်းမြင့်တက်လာနိုင်ခြင်းမရှိသေးကြောင်း ယခုထက် ပိုမိုအဝင်နည်းလာပါက ဈေး နှုန်းမြင့်တက်လာနိုင်ခြေရှိကြောင်း ဦးအာ လကူး ပွဲရုံပိုင်ရှင်က သုံးသပ်ပြောကြား သည်။
ရန်ကုန်မှတစ်ဆင့် ရေး၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်နှင့် ဧရာဝတီတိုင်းဒေသ ကြီးများသို့ ပုံမှန်တင်ပို့ပေးနေရပြီး ပန်း ဂေါ်ဖီမြို့တွင် ဖြုန်းအားလည်းရှိကြောင်း ယခုနှစ်တွင် မိုးခေါင်သဖြင့် ပန်းဂေါ်ဖီ အကြီးများ အလာနည်းသွားပြီး အပွင့် သေးသေးနှင့် အဖြစ်လောက်သာ ဝင် ရောက်တော့ကြောင်း ゞင်းက ဆက်လက် ပြောကြားသည်။ ယခုလက်ရှိ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၃၅၀၊ ၄၀ဝ မှ အမြင့်ဆုံး ကျပ် ၄၅၀ အထိရှိပြီး တစ်ရက်ဝင်ရောက်လာသည့် ပမာဏကို တစ်ရက်အတွင်း ရောင်းကုန် ကြောင်း ゞင်းကဆိုသည်။ "ပန်းဂေါ်ဖီလိုမဟုတ်ဘူး။ သူ့ဟာနဲ့ သူရောင်းရတယ်။ ဂေါ်ဖီက ဝယ်လက်မရှိ တော့ အရင်အထုပ် ၁၀ဝ ဝယ်တဲ့သူကို အထုပ် ၂၀ဝ ဝယ်အောင်ပြောပြီး လျော့ ရောင်းရတယ်။ ဝယ်သူကလည်း ပိုဝယ် သွားပြီး နောက်နေ့ဈေးတက်ရင် လာမ ဝယ်တော့ဘူး" ဟု ဂေါ်ဖီပွဲစား ဦးသန်း ထွန်းဇော်က ဆိုသည်။
တညင်းသီး တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ ဝန်းကျင်ခန့် ကျဆင်း
ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှ ဝင် ရောက်လာသော တညင်းသီးများမှာ ဇန်န ဝါရီလ ဒုတိယပတ်မှ စတင်၍ တစ်တင်း လျှင် ကျပ် ၁၀ဝ၀ဝ ဝန်းကျင်ခန့် ကျဆင်း လာကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ တညင်းသီးပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြား သည်။ "အခုစစ်တွေအသီးလည်းဝင်ပြီး ရှမ်း သီးလည်းဝင်လာတော့ မြစ်ကြီးနားသီးက ကျလာတာ" ဟု ၄င်းကဆိုသည်။ ယခုလက်ရှိ ဈေးကွက်အတွင်း စစ် တွေသီးကိုသာအဝယ်ဆွဲနေပြီး အသစ်ဝင် လာသော ရှမ်းသီးမှာ အသီးနုသေးသဖြင့် ပွဲစားအများစုလည်း ပေါပေါများများ မှာ ယူရောင်းချခြင်းမရှိကြောင်း ၄င်းကဆက် လက်ရှင်းပြသည်။ သီရိမင်္ဂလာဈေးအတွင်းသို့ တစ်ရက် လျှင် ပျမ်းမျှ တညင်းသီး နှစ်တင်းအိတ် ၃၀ဝ ခန့်ပုံမှန်ဝင်ရောက်နေပြီး အဝင်များ ကာ ဝယ်လက် နည်းပါးလာခြင်းကြောင့် ဈေးနှုန်း ကျဆင်းလာရခြင်းကြောင့် ထူး တညင်းသီးပွဲရုံပိုင်ရှင်က ဆက်လက်ပြော ကြားသည်။ ]]ဒီဈေး ဖြစ်သွားတာလည်းကောင်း ပါတယ်။ ဝယ်တဲ့သူလည်း ဝယ်နိုင်တယ်။ ပြန်ရောင်းတဲ့သူလည်း ကိုက်တယ်ဓ ဟု ၄င်းကဆိုသည်။ ယခုလက်ရှိ စစ်တွေမြို့မှ ဝင်ရောက် သော တညင်းသီးတစ်တင်းလျှင် ကျပ် ၂၀ဝ၀ဝ-၂၂၀ဝ၀၊ ရှမ်းပြည်နယ်မှ အခွံသီး တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀၊ ၁၃၀ဝ၀ ရှိပြီး မြစ်ကြီးနားသီးတစ်တင်းလျှင် ကျပ် ၄၂၀ဝ၀-၄၃၀ဝ၀ သာ ရှိခဲ့ရာမှ ယခု တစ် တင်းလျှင် ယခင်က ကျပ် ၃၂၀ဝ၀- ၃၃၀ဝ၀ သာရှိတော့ကြောင်း ゞင်းကဆက် လက်ပြောကြားသည်။ တညင်းသီး နယ်ဈေးကွက်အနေဖြင့် ဧရာဝတီတိုင်ဒေသကြီးကိုသာ အဓိက တင်ပို့နေရပြီး ယခုဈေးထက်မြင့်တက် လာပါကဝယ်လက်များဆုတ်သွားကြောင်း တညင်းသီးပွဲစား ဦးပြားကပြောသည်။ "အဝင်ကတော့ ပုံမှန်လောက်ပဲ၊ အဓိ က အရောင်းအဝယ်အေးလို့ဈေးကျတာ။ ပြည်သူတွေလက်ထဲမှာပိုက်ဆံသိပ်မရှိလို့" ဟု ၄င်းကဆိုသည်။
နယ်ဝယ်လက်ကိုအားကိုးနေရတဲ့ ငရုတ်
မြန်မာနိုင်ငံအတွင်းရှိ ငရုတ်စိုက်ဒေသ စုံမှ ငရုတ်ထွက်ရှိမှု ယခုနှစ်တွင် မြင့်တက် လာပြီး မြို့တွင်း ဖြုန်းအားနည်းနေသဖြင့် နယ် ဈေးကွက်ကိုသာ အားထားရောင်းချ နေရကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ငရုတ်ပွဲရုံပိုင်ရှင်တစ်ဦးကပြောကြားသည်။ "ဒီနှစ် အထွက်ကောင်းတော့ဝင်လာ တဲ့ ပမာဏကို ကုန်အောင်မဖြုန်းနိုင်ဘူး။ အရောင်းအဝယ်မကောင်းတော့ ဈေးကျ တယ်။ ခါတိုင်းနှစ်တွေကဆို ဒီအချိန်မှာ ဒီဈေးမျိုးတစ်ခါမှ မရဘူး"ဟု ゞင်းကဆို သည်။ ပြီးခဲ့သည့် နှစ်ကဈေးနှုန်းနှင့် နှိုင်းယှဉ် ပါက ယခုနှစ်တွင် ငရုတ်ဈေးနှုန်းထက် ဝက်ခန့်ကျဆင်းသွားခဲ့ပြီး နယ်ဈေးကွက် တစ်ခုဖြစ်သော ဧရာဝတီတိုင်းဒေသကြီး မှလည်း လက်ကျန်ရှိနေသေးသဖြင့် အမှာ နည်းနေသေးကြောင်း ゞင်းကဆက်လက် ရှင်းပြသည်။ ယခုလက်ရှိ ပြည်မြို့နှင့် နတ်တ လင်းမြို့တစ်ဝိုက်မှ ငရုတ်များ ဝင်ရောက် နေပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ယခု အချိန်ဆိုအဝယ်များနေ ရမည်ဖြစ်ကြောင်း ယခုနှစ်တွင် ငရုတ်ဖြစ်ထွန်းမှု မြင့်မားနေ ပြီး လက်ကျန်များနေသဖြင့် အမှာနည်း နေခြင်းဖြစ်ကြောင်း ゞင်းက ဆက်လက် ပြောကြားသည်။
"ဧရာဝတီက အရင် အချိန် ၁၀ဝ လောက်မှာတဲ့သူက အခု အချိန် ၃၅၊ ၄၀ လောက်ပဲမှာတော့တယ်" ဟု ゞင်းကဆို သည်။ ယခုလက်ရှိ နယ်ဈေးကွက်အနေဖြင့် မြိတ်မြို့သို့ တင်ပို့ပေးနေရပြီး ပစ္စည်း ကောင်းကောင်း ဈေးကောင်းကောင်းဖြင့် တင်ပို့ပေးရကြောင်း အဝင်များပြီး ဝယ် အားနည်းနေသဖြင့် ရောင်းမကုန်ပါက ငရုတ်ဆီစက်သို့ သွားရောက်ရောင်းချရ ကြောင်း ပြည့်စုံငရုတ်ပွဲရုံပိုင်ရှင်ကပြော ကြားသည်။ "မြိတ်ဘက်ကျတော့ လမ်းမှာတင် သုံးရက်လောက်ကြာတော့ ပစ္စည်းကောင်း ကောင်းပေးရတယ်။ ဈေးကလည်း သူများ ထက် ၁၀ဝ လောက်ပိုတယ်။ ရောင်းမ ကုန်တဲ့ပစ္စည်းတွေကျတော့ ငရုတ်ဆီစက် မှာ သွားရောင်းရင် တစ်ပိဿာ ကျပ် ၂၀ဝ ရတယ်" ဟု ゞင်းကဆိုသည်။ ယခုလက်ရှိ ပီနံသီးတစ်ပိဿ ကျပ် ၉၀ဝ-၁၀ဝ၀၊ အောင်လံသီး တစ်ပိဿာ ကျပ် ၈၅၀၊ ၉၀ဝ ၊ နတ်တလင်းသီး တစ် ပိဿာ ကျပ် ၄၅၀၊ ၅၀ဝ ခန့်ရှိကြောင်း ငရုတ်ပွဲရုံပိုင်ရှင်တစ်ဦးက ဆိုသည်။
သီရိမင်္ဂလာဈေးအတွင်းရှိ ငရုတ် လက်လီ လက်ကားရောင်းချသော ပွဲရုံများ သာ ဈေးကျသဖြင့် အရှုံးဘက်သို့ဦးတည် နေသော်လည်းဈေးအပြင်တန်းတွင် လက် လီ ရောင်းချနေသော ပျံကျဈေးသည်များ မှာအရောင်းသွက်လျက်ရှိကြောင်း အဆို ပါဈေးအတွင်းရှိငရုတ်သီးလက်လီ ရောင်း ချနေသူတစ်ဦးက ပြောကြားသည်။ လှိုင်မြို့နယ် အတွင်းဖွင့်လှစ်ထား သော သီရိမင်္ဂလာဈေးကြီးအတွင်း ကုန် စိမ်းပစ္စည်းများသာမက အချို့သစ်သီးပွဲရုံ အများစုမှာ အရှုံးများပြီး အမြတ်နည်းနေ ကြောင်းယခုဈေးသစ်တွင် ကားရပ်နားရာ နေရာမှ ပွဲရုံအထိသယ်ယူစရိတ်များ ပိုမို မြင့်တက်လာပြီးအရောင်းအဝယ်မှာလည်း ဈေးဟောင်းကဲ့သို့ မကောင်းတော့ကြောင်း ပွဲရုံပိုင်ရှင်များက တညီတညွတ်တည်း ပြောကြားသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com