ဗြိတိန်နိုင်ငံ ကုန်သည်များနဲ့ ရင်းနှီးမြှုပ်နှံမှု အသင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မနေ့ညက နေပြည်တော်မှာ ဝင်စတန်ချာချီဆု ချီးမြှင့်လိုက်ပါတယ်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်က နေပြည်တော်တွင် ဗြိတိန်နိုင်ငံ ကုန်သည်များနဲ့ ရင်းနှီးမြှုပ်နှံမှု အသင်း ဥက္ကဋ္ဌ Lord Marland က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝင်စတန်ချာချီဆု ချီးမြှင့်နေစဉ်။
မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲ ဆောင်ရွက်ရာမှာ ထူးချွန်တဲ့အတွက် အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
"မနေ့က ညက နေပြည်တော်မှာရှိတဲ့ ဟိုတယ် အမရာမှာ ဗြိတိန်နိုင်ငံက ရောက်ရှိနေတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဲဒီအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဝင်စတန် ချာချီဆုကို ချီးမြှင့်ပါတယ်ခင်ဗျ"
ဒီအတောတွင်း မြန်မာနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ ကနေဒါ လွှတ်တော်အမတ်များ အသင်းကလည်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့ညက နေပြည်တော်မှာ လာရောက် တွေ့ဆုံပြီး လွှတ်တော်တွင်း အတွေ့အကြုံတွေကို ဖလှယ်ကြသလို NLD ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်း ရုံးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေကို ကူညီ သွားမယ်လို့ ကတိပြုကြောင်း သိရပါတယ်။
6:38 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com