လီဗာပူးလ် အသင်း၏ တိုက်စစ်မှူး အန်ဒီကာရိုးလ်အား အငှား ခေါ်ယူရန် ၀က်စ်ဟမ်း ယူနိုက်တက် အသင်းက ကြိုးစားနေကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ် တန်းတက်အသင်း ၀က်စ်ဟမ်း၏ မန်နေဂျာ ဆမ်အလာဒိုက်စ်သည် လီဗာပူးလ်က ပေါင်စတာလင် (၃၅)သန်းဖြင့် ၀ယ်ယူထားသော ကျောနံပါတ်(၉)၀တ် တိုက်စစ်မှူးကို တစ်ရာသီ အငှား ခေါ်ယူနိုင်မည်ဟု မျှော်လင့်နေသည်။ လက်ရှိတွင် အီတလီ စီးရီးအေကလပ် အေစီမီလန်ကလည်း ကာရိုးလ်အား ချိတ်ဆက်လျှက် ရှိသည်။ လီဗာပူးလ် မန်နေဂျာသစ် ဘရန်ဒန် ရော့ဂျာသည် အသင်းကို ပုံစံပြောင်းလဲ တည်ဆောက်သွားရန် စီစဉ်နေရာ ကာရိုးလ်အနေဖြင့် အငှားထွက် ကစားကောင်း ကစားရနိုင်သည်ဟု အရိပ်အမြွက် ပြောဆိုထားသည်။
သတင်းများ၏ အဆိုအရ ၀က်စ်ဟမ်းသည် ကာရိုးလ်ကို အငှားခေါ်ယူပြီးနောက် ပေါင်စတာလင် (၁၅)သန်းဖြင့် အပြီးသတ် ၀ယ်ယူရန်ပါ ဆန္ဒရှိနေကြောင်း သိရသည်။ အသက်(၂၃)နှစ်ရှိ ကာရိုးလ်သည် မန်နေဂျာ ရော့ဂျာက အီတလီ တိုက်စစ်မှူး ဖေဘီယို ဘော်ရီနီကို ခေါ်ယူရန် ကြိုးစားနေခြင်းနှင့် အတူ အန်းဖီးလ်တွင် အနာဂတ် မရေမရာ ဖြစ်နေရသည်။ ကာရိုးလ်သည် လီဗာပူးလ်တွင် (၅၉)ပွဲ ကစားပြီး (၁၁)ဂိုး သွင်းယူနိုင်ခဲ့သည်။ ကာရိုးလ်၏ ကစားဟန်သည် ရော့ဂျာ၏ ဘောလုံး ပိုင်ဆိုင်မှု အားပြုသည့် နည်းစနစ်နှင့် အံဝင်မ၀င် အငြင်းပွားမှုများ ရှိနေသော်လည်း အလာဒိုက်စ်ကမူ ကာရိုးလ်သည် ၎င်း၏ အသင်းအတွက် အကောင်းဆုံး ပေါင်းစပ် အားဖြည့်မှု ဖြစ်လာမည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။
လီဗာပူးလ် မန်နေဂျာသစ် ဘရန်ဒန် ရော့ဂျာသည် အသင်းကို ပုံစံပြောင်းလဲ တည်ဆောက်သွားရန် စီစဉ်နေရာ ကာရိုးလ်အနေဖြင့် အငှားထွက် ကစားကောင်း ကစားရနိုင်သည်ဟု အရိပ်အမြွက် ပြောဆိုထား...
လီဗာပူးလ် မန်နေဂျာသစ် ဘရန်ဒန် ရော့ဂျာသည် အသင်းကို ပုံစံပြောင်းလဲ တည်ဆောက်သွားရန် စီစဉ်နေရာ ကာရိုးလ်အနေဖြင့် အငှားထွက် ကစားကောင်း ကစားရနိုင်သည်ဟု အရိပ်အမြွက် ပြောဆိုထား...
7:12 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com