မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဲဗာတန် ခံစစ်မှူး လေတန်ဘိန်းစ်အား ပေါင်စတာလင် (၁၆)သန်းဖြင့် ခေါ်ယူနိုင်ရန် အလွန် နီးစပ်နေပြီဟု သိရှိရသည်။
ကစားသမား ကိုယ်တိုင်က ပိုမို အဆင့်အတန်း မြင့်မားသော ပြိုင်ပွဲ အဆင့်များတွင် ကစားရန် စိတ်အား ထက်သန်နေရာ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် ဖြစ်နိုင်ခြေ များပြားလျှက် ရှိသည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ဘယ်နောက်ခံ ကစားသမား တစ်ဦးကို ရှာဖွေနေပြီး ဘိန်းစ်ကို ကာလရှည်ကြာ ပစ်မှတ် ထားနေခဲ့သည်။ ယခုအခါ မန်ယူသည် ဘိန်းစ်ကို ပေါင်စတာလင် (၁၆)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီး လက်တွေ့ အောင်မြင်ဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ မန်ယူသည် ဘိန်းစ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၂)သန်းနှင့် ကမ်းလှမ်းပြီး အောင်မြင်မှု အလိုက် ပေါင်စတာလင် (၄)သန်း ပေးချေသွားဖွယ် ရှိနေသည်။
မန်ယူမှ ကမ်းလှမ်းနေသည့် ဘိန်းစ်
အသက်(၂၇)နှစ်ရှိ ဘိန်းစ်သည် ပြစ်ဒဏ်ဘောနှင့် ပင်နယ်တီ ဘောလုံးများ ကန်သွင်းရာတွင် ထူးချွန်သူ တစ်ဦးဖြစ်ပြီး ခံစစ်ရော၊ တိုက်စစ်ပါ အင်တိုက်အားတိုက် ကစားနိုင်သူ ဖြစ်သည်။ ဘိန်းစ်အား အသက်(၃၁)နှစ်ရှိ ပက်ထရစ် အီဗရာ နေရာတွင် ရေရှည် အစားထိုး သွားနိုင်ရန် ဖာဂူဆန်က ဆန္ဒ ရှိနေပြီး မန်ယူ အသင်း၏ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်များ မတိုင်မီ အပြီးသတ် ခေါ်ယူနိုင်ရန် အလို ရှိနေသည်။ အဲဗာတန် အသင်း၏ မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် ဘိန်းစ်ကို လက်မလွှတ် လိုသော်လည်း မန်ယူ၏ ချဉ်းကပ်မှု အနေအထားကို လက်ခံ ပေးရဖွယ် ရှိနေသည်။ လတ်တလောတွင် အဲဗာတန်သည် ဘိန်းစ် နေရာကို အစားထိုးရန် တော့တင်ဟမ် ဟော့စပါး ကစားသမားဟောင်းနှင့် လက်ရှိ ဂျူဗင်းတပ်စ် ဘယ်နောက်ခံလူ ရီတို ဇီဂလာကို ချိတ်ဆက်နေကြောင်း သိရှိရသည်။
မန်ယူသည် ဘိန်းစ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၂)သန်းနှင့် ကမ်းလှမ်းပြီး အောင်မြင်မှု အလိုက် ပေါင်စတာလင် (၄)သန်း ပေးချေသွားဖွယ် ရှိနေ...
7:13 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com