ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် ဘုရားကုန်းကျေးရွာ အုပ်စု ကွမ်းခြံကုန်း ကျေးရွာတွင် အသက်၁၆နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပိုးသတ်ဆေး သောက်ကာ သေဆုံးသွားကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
အဆိုပါ သေဆုံးသူ၏ အမည်မှာ မအိသဉ္ဇာဖြိုးဖြစ်ပြီး ၄င်းကို ရည်းစားထား၍ မိခင်က ဆူသည့်အတွက် စိတ်ညစ်ကာပိုလိုပိုးသတ်ဆေးကို သောက်ရာရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
"ကောင်မလေးကလက်ဖက်စားပြီး အောင့်တယ် အောင့်တယ်ဆိုပြီး ဆေးရုံသွားတာ။ ဆေးရုံကတော့ အဆိပ်သင့် လက္ခဏာလို့ ကြားတာပဲ" ဟု ဘုရားကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ယင်းသေဆုံးသည့် အမျိုးသမီးကို ရန်ကုန်ဆေးရုံးကြီးက ပီအာရ်၁၄၂ ဖြင့် လက်ခံထားပြီး၊ သန်လျင်မြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ် ၃၆/၁၂ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
The Voice Weekly
![]() |
| photo ; Google Images |
5:48 AM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com