22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 17, 2012

အခြေခံလူ့အခွင့်အရေး လေးစားလိုက်နာဖို့ အမေရိကန်တိုက်တွန်း

မြန်မာအစိုးရ အနေနဲ့ ထင်သာမြင်သာရှိပြီး အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အမေရိကန် ပြည်ထောင်စုက မနေ့က တိုက်တွန်းလိုက်ပါတယ်။
Photo: U.S Department of State
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Robert Hormats

မြန်မာနိုင်ငံမှာ စီးပွားရေး အကွက်အကွင်းရှာဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် ကုမ္ပဏီတွေ ရှားရှားပါးပါး သွားရောက် လည်ပတ်ခဲ့ပြီးတဲ့နောက် အဲဒီလို တိုက်တွန်းလိုက်တာပါ။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန စီးပွားရေးရာ လက်ထောက်ဝန်ကြီး Robert Hormats ဟာ အမေရိကန် ကုမ္ပဏီ ၃၈ ခုက အရာရှိတွေနဲ့ အတူ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးပါတယ်။
အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ အလုပ်သမား အခွင့်အရေး မြှင့်တင်တာ၊ တိုင်းရင်းသား လူနည်းစုတွေ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တာနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ အပါအ၀င် လူ့အခွင့်အရေး လေးစားလိုက်နာမှုအပေါ် မူတည်မယ်လို့ Mr Hormats က ပြောပါတယ်။
အစိုးရပိုင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းတွေလို လုပ်ငန်းတွေမှာ ထင်သာ မြင်သာရှိရှိ အဂတိလိုက်စားမှုကင်းကင်း လုပ်ကိုင်တဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံတကာ သဘောတူညီချက်မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ Mr Hormats က မြန်မာ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲက လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးဆွဲခဲ့တဲ့ အဲဒီ သဘောတူညီချက်ကို စိတ်ဝင်စားတယ်လို့ မြန်မာ အစိုးရပိုင်းက လေသံထွက်လာတဲ့နောက် ဒီ သဘောတူညီချက် ဆိုင်ရာ နိုင်ငံတကာ လုပ်ငန်းအဖွဲ့ အကြီးအကဲ Jonas Moberg ဟာ မြန်မာနိုင်ငံကို ဒီ သီတင်းပတ်အတွင်း သီးခြားခရီးစဉ်အဖြစ် သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )