ဖြစ်နေကျ ဓာတ်မ တည့်ဖြစ်မှု များ (Common Allergies) က သင့်ဘဝ ကို စိတ် မချမ်းမြေ့ စရာ ဖြစ်စေနိုင် ပါတယ်။ သင့်ရဲ့ နှာချေခြင်းများ (Sneezes) သို့မဟုတ် ဓာတ်မတည့်ခြင်းများ ကို လျော့နည်းသက်သာစေဖို့ ဘာတွေစားသောက်ရမလဲ ဆိုတာကို အောက်ပါအချက်များက လမ်းညွှန်ထားပါတယ်။
ကြက်သားကိုစား၊ အမဲသားကို ရှောင်ပါ
Trans - Oleic Acid ပါဝင် တဲ့ အစားအစာများ စားသုံးမှု များလေလေ Hay Fever ဖြစ်ဖို့ အလားအလာ ၃ ဆ နီးပါး ပိုများလေလေဖြစ်ကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိ ခဲ့တယ်။ Trans- Oleic Acid ဆိုတာ က အနီရောင် အသား (Red Meat) (ဥပမာ-အမဲသား၊ ဆိတ်သား)နှင့် နို့နှင့် နို့ထွက်ပစ္စည်းများမှာ တွေ့ရတဲ့ Monounsaturated Fat အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အဖြူရောင်အသား (White Meat) (ဥပမာ-ကြက် သား၊ ငါး)များကို စားပေးပါ။
နံနက်တိုင်း လိမ္မော်သီး တစ်လုံးစားပါ
လိမ္မော်သီးတွင် ဗီတာမင် Cြွကယ်ဝစွာ ပါဝင်ပါတယ်။ လေ့လာမှု တချို့က ဗီတာမင် C နည်းပါးမှုနှင့် ဓာတ် မတည့်ခြင်းများ ဆက်နွှယ်မှုရှိကြောင်း ဆိုထားတယ်။
Monosodium Benzoate ကိုရှောင်
အစားအစာ တာရှည်ခံဆေးတစ်ခုအဖြစ်အသုံး ပြုတဲ့ ယင်းဓာတ်ပစ္စည်းက ဓာတ်မတည့်ရောဂါများ မရှိသောအရွယ်ရောက်သူများမှာ နှာချေခြင်းနှင့် နှာ ခေါင်းယားယံခြင်းကို စနက်ပျိုးပေးကြောင်း လေ့လာ မှုတစ်ရပ်က တွေ့ရှိထားတယ်။ ယင်းဓာတ်ပစ္စည်းကို သစ်သီးဖျော်ရည်များ၊ သနပ်များ၊ သံလွင်ဆီနှင့် Salad Dressing များမှာ တွေ့ရတတ်တယ်။
လက်ဖက်ရည်ကြမ်း (Green Tea) ကို တမြုံ မြုံ သောက်ပါ
ဂျပန်သိပ္ပံပညာရှင်တို့က လက်ဖက်ရည်ကြမ်းထဲမှာ ECGC လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးကို တွေ့ရှိခဲ့တယ်။ ယင်းဒြပ်ပေါင်းက ဓာတ်မတည့်တုံ့ပြန်မှုဖြစ်စေရာမှာ ပါဝင်တဲ့ အဓိကကလာပ်စည်းတစ်ခုကို ပိတ်ပင်တား ဆီးပေးတယ်။
ဦးလှမြှင့် (ဂန္ဓမာ)
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com