မက္ကဆီကိုနိုင်ငံ ဂျာလီစကိုပြည်နယ်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားပြီးနောက် ကြက်ခြံတစ်ခုအား ဆေးဖြန်းနေသော အလုပ်သမားတစ်ဦး
မက္ကဆီကိုအနောက်ဘက်ရှိ မွေးမြူရေးခြံများတွင် ပြီးခဲ့သော သီတင်းပတ်သုံးပတ်ခန့်က ကြက်ငှက်တုပ်ကွေး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့သဖြင့် ယင်းပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ကြက်၊ ဘဲကောင်ရေ ၂ ဒသမ ၅ သန်းခန့်ကို ဖျက်ဆီးခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မက္ကဆီကိုတွင် လတ်တလော ကူးစက်ပျံ့နှံ့မှုမှာ H7N3 ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ နေရာအများအပြားတွင် အခါအားလျော်စွာ လူသားများတွင် ရောဂါအဖြစ် ဖြစ်ပွားလေ့ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ သို့သော် လူအချင်းချင်း လွယ်ကူစွာ ကူးစက်ခြင်းမရှိကြောင်း သိရသည်။
တာဝန်ရှိသူများသည် မွေးမြူရေးခြံ ၁၄၈ ခုကို စစ်ဆေးကြည့်ရှုရာတွင် ခြံ ၃၁ခြံတွင် ကြက်ငှက်တုပ်ကွေးပိုး တွေ့ရှိခဲ့ပြီး ခြံ ၃၄ ခြံတွင် မတွေ့ရှိခဲ့ပေ။ ကျန်ရှိသောခြံများနှင့်ပတ်သက်၍ အတိအကျ မထုတ်ပြန်သေးပေ။
ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသော အကောင်ရေ ၃ ဒသမ ၄ သန်းအနက် အကောင်ရေ ၂ ဒသမ ၅ သန်းကို သုတ်သင်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသော အကောင်ရေ ၃ ဒသမ ၄ သန်းအနက် အကောင်ရေ ၂ ဒသမ ၅ သန်းကို သုတ်သင်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၀ ရက်တွင် ဂျာလီစကိုပြည်နယ်၌တင်တွေ့ရှိခဲ့ပြီး ဇူလိုင်လ ၂ ရက်တွင် နိုင်ငံအဆင့် တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။ ပါကစ္စတန်မှ ကာကွယ်ဆေးတစ်သန်းခန့် တင်သွင်းခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Ref:AFP
5:23 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com