ရုရှား သင်္ဘော အုပ်စု (၃)ခုမှ စစ်သင်္ဘောများမှာ ပင်လယ်နက်နှင့် မြေထဲပင်လယ် တို့တွင် စစ်ရေးလေ့ ကျင့်မှုများ ပြုလုပ်ကြမည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန က အင်္ဂါနေ့ တွင် ပြောကြားလိုက်သည်။
ယင်းစစ် ရေးလေ့ကျင့်မှုတွင် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး သင်္ဘောများ မြေပြင် ရေပြင်မှ ပျံတက်နိုင်သော လေယာဉ် များကို တိုက်ခိုက်နိုင်သည့် သင်္ဘော များနှင့် ထောက်ပံ့ရေးသင်္ဘောများ ပါဝင်မည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။
ထို သင်္ဘောများအားလုံးသည် မြောက်ပင် လယ်၊ ဘော်လ်တစ်နှင့် ပင်လယ်နက် ဒေသများမှ သင်္ဘောများဖြစ်ပြီး ဘောလ်တစ်သင်္ဘောများနှင့် ပူးပေါင်း ၍ အတ္တလန္တိတ်သမုဒ္ဒရာသို့ ဦးတည် ခုတ်မောင်းလာကြပြီဖြစ်သည်။ ယင်း နောက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် ကြမည်ဖြစ်သော်လည်း လေ့ကျင့်မည့် နေ့စွဲများကိုမူ ထုတ်ဖော်ခဲ့ခြင်း မရှိခဲ့ ချေ။
ပြီးခဲ့သည့် ဇန်နဝါရီလက ရေငုပ် သင်္ဘောတိုက်ဖျက်ရေး သင်္ဘောတစ် စီး၊ စောင့်ကြပ်ရေးသင်္ဘော (၂) စီးပါ ဝင်သော ရုရှားစစ်သင်္ဘော (၃) စီးမှာ ဆီးရီးယားဆိပ်ကမ်းမြို့Tartus သို့ ရောက်ရှိလာခဲ့သည်။ သို့သော် ဆီးရီး ယားနိုင်ငံခြားရေး အခြေအနေနှင့် ဆက်နွယ်ပတ်သက်မှုမရှိဟု မော်စကို က တုံ့ပြန်ခဲ့သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com