22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 4, 2012

အကြောလျှော့လေ့ကျင့်ခန်းများ

 

အကြောလျှော့လေ့ကျင့်ခန်းများစွာရှိသည့်အနက် ဆက်တိုက်လေ့ကျင့်နိုင်ရန်
လေ့ကျင့်ခန်း အဆင့်ဆင့်ကို အပတ်စဉ် ဖော်ပြသွားပါမည်။ အားကစားလေ့ကျင့်ခန်းများ မပြုလုပ်မီနှင့် အားကစားပြိုင်ပွဲများ မဝင်မီအကြောလျှော့လေ့ကျင့်ခန်းများကိုဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အကြောတင်းသူများ၊ အထိုင်များသူများအတွက်လည်း အကြောလျှော့လေ့ကျင့်ခန်းများကို လုပ်ဆောင်လျှင်အကြောများလျော့ပြီး ခန္ဓာကိုယ်ပေါ့ပါးသွက်လက်လာမည်ဖြစ်သည်။ အချို့သော အကြောလျှော့ လေ့ကျင့်ခန်းများသည် ငယ်ရွယ်သူများအတွက်အရပ်များကို ရှည်ထွက်စေပါသည်။ အကြောလျှော့ လေ့ကျင့်ခန်းများကိုနံနက် အိပ်ရာမှနိုးထတိုင်း ပုံမှန်လုပ်ပေးရပါမည်။
<b>(၁) ပခုံးအကြောလျှော့ခြင်း</b>
ပုံတွင်ပြထားသည့် အတိုင်း ကြမ်းပြင်ပေါ်တွင် ခြေနှစ်ချောင်းကို အနည်းငယ်ခွဲ၍ ရပ်ပါ။ ဦးခေါင်းနှင့် ခန္ဓာ ကိုယ်တစ်ခုလုံးကို ဖြောင့်တန်း နေအောင်ထားပါ။ ညာဘက်လက်ကို တံတောင်ဆစ်နေရာမှကွေးပြီး လက်ချောင်းများကို ထောင်လျှက်သော်လည်းကောင်း၊ လက်သီးဆုပ်အနေအထားဖြင့်သော်လည်းကောင်း ဦး ခေါင်းအနီး နားထင်နားတွင် ကပ်ထားပါ။ ဘယ်ဘက်လက်ကို ကွေးထားသော ညာဘက်လက်အတွင်း ထည့်ပြီး ပခုံးအားကို ဆန့်နိုင်သမျှ ထုတ်ပါ။ ဤနည်းအတိုင်း ၁၅ စက္ကန့်ခန့်
နေပြီး ဘယ်ညာပြောင်း၍ လေ့ကျင့်ပါ။ အကျိုးကျေးဇူးမှာ ပခုံးကျောများကို ပြေလျော့စေသည်။
<b>(၂) လက်အကြောလျှော့ခြင်း</b>
ပုံတွင်ပြထားသည့်အတိုင်း ကြမ်းပြင်ပေါ်တွင် ခြေနှစ်ချောင်းကို အနည်းငယ်ခွဲ၍ ခန္ဓာကိုယ်ကို မတ်မတ် အနေအထားဖြင့်ရပ်ပါ။ ဘယ်ဘက်လက်ကို ပေါင်နှင့်ထိအောင် တည့်တည့်ဆန့်ချထားပြီး၊ ညာဘက်လက်ကို ဦးခေါင်းနှင့်ကပ်လျှက် တည့်တည့်မြှောက်တင်
ပါ။ ဤနည်းအတိုင်း ၁၅ စက္ကန့်ခန့်နေပြီး ဘယ်ညာပြောင်း၍ လေ့ကျင့်ပါ။ အကျိုးကျေးဇူးမှာ လက်မောင်းတစ်လျှောက်ရှိ အကျောများကို ပြေလျော့စေသည်။
သရုပ်ပြ - EYE
ဤအစီအစဉ်ကို အမှတ် - ၁၃၃၊၄၇ လမ်းရှိ UNIQUE Health Club မှ ပံ့ပိုးကူညီပါသည်။ ဖုန်း-၃၉၇၁၆၁၊
ဝ၉ ၅၀ ၄၄၈၆၈။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )