အဆိုတော် ဇော်ဝင်းထွဋ် ၏သားဖြစ်သူ ဦးဝင်းထွဋ်သော်တာ(ခ) အီတိုးနှင့် ဇနီးဖြစ်သူ Ruby Dragon ကုမ္ပဏီပိုင်ရှင် သမီး မမြင့်မြတ်သူတို့ ကွာရှင်း လိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ပေါင်းသင်းနေထိုင်စဉ်တွင် ခွင့်မလွှတ်နိုင်သောလုပ်ရပ်များကို အကြိမ်ကြိမ်ပြုလုပ်ကျူးလွန်သဖြင့် ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တရားရုံးချုပ် ဒုတိယမြို့နယ်တရားသူကြီး (၂) ရှေ့တွင် လက်မှတ်ရေးထိုးကွာရှင်းပြတ်စဲခဲ့ခြင်းဖြစ် သည်ဟုဖော်ပြထားသည်။
ဦးဝင်းထွဋ်သော်တာ(ခ) အီတိုးအနေဖြင့် ဒေါ်မြင့်မြတ်သူ၏ ဂုဏ်သိက္ခာကျဆင်းစေမည့်အပြောအဆို အပြုအမူများလုံးဝမပြုလုပ်ရန် အကြောင်းကြားသတိပေးပါကြောင်း အများသိစေရန်ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
6:27 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com