ခန္ဓာကိုယ် တွင်းမှာ Phthalates အမည် ရှိ ဓာတု ပစ္စည်းများ စုပုံ လာ ခြင်းနှင့် အမျိုး သမီး များတွင် ဆီးချို သွေးချိုရောဂါဖြစ်နိုင်ခြေမြင့်မားခြင်းတို့ ဆက်စပ်နေပါတယ်လို့ ဘရင်ဟမ်အမျိုးသမီးဆေးရုံမှ သုတေသီများက တွေ့ရှိ ခဲ့ကြပါတယ်။ Phthalates များဟာ ခန္ဓာကိုယ်တွင်းဟော်မုန်းများကို အနှောင့် အယှက်ဖြစ်စေသော ပစ္စည်းများဖြစ်ပြီး အလှအပဆိုင်ရာပစ္စည်းများ (အစိုဓာတ်ခံ လိမ်းဆေး (Moisturizer) ၊ လက်သည်း နီ၊ ဆပ်ပြာ၊ ဆံပင်ပုံသွင်းဖျန်းဆေး၊ ရေမွှေးစသည်) တို့တွင် ပါဝင်နေပါတယ်။ ထိုဓာတုပစ္စည်းကို ကော်၊ လျှပ်စစ် ပစ္စည်းများ၊ အရုပ်နှင့် အခြားအရာဝတ္ထုများထုတ်လုပ်ရာတွင် အသုံးပြုကြပါ တယ်။ ယခုတွေ့ရှိချက်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးရှုထောင့်များ ဂျာနယ်တွင် ဖော်ပြထားပါတယ်။ ဇင်မာမြင့်
Thursday, July 26, 2012
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer,
can be use this zawgyi converter
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com