ဘာစီလိုနာ အသင်းသည် ဘိုကာ ဂျူနီယာ အသင်းမှ လူငယ် တိုက်စစ် ကစားသမားလေး ဆာဂျီယို အာရူဂျိုကို ခေါ်ယူရန် သဘော တူညီမှု ရရှိသွားပြီဟု သိရှိရသည်။
လက်ရှိ ကမ္ဘာ့ကလပ် အသင်းများ ချန်ပီယံ စပိန်ထိပ်သီး အသင်းကြီးက မိမိတို့သည် အာဂျင်တီးနား အသက်(၂၃)နှစ်အောက် လူငယ် လက်ရွေးစင်လေးအား သိမ်းသွင်း လိုက်နိုင်ပြီဟု အတည်ပြု ကြေညာသွားသည်။ အသက်(၂၀)သာ ရှိသေးသော အာရူဂျိုကို ဘာစီလိုနာက ပြီးခဲ့သည့် ဘောလုံးရာသီ ကတည်းက အစဉ်တစိုက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ဘာစီလိုနာသည် အာရူဂျိုကို နူးကမ့်သို့ (၂)ရာသီ အငှား ခေါ်ယူပြီးမှ တိုးတက်မှုကို အခြေတည်ကာ အပြီးသတ် စာချုပ် သွားမည်ဟု သတင်းများက ဖော်ပြခဲ့သည်။
ဘိုကာ အသင်းသည် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက အာရူဂျို စပိန်မြေသို့ ရောက်ရှိမည့် သတင်းကို ကြေညာထားပြီး ဘာစီလိုနာက ယခုမှ အတည်ပြုလာခြင်း ဖြစ်သည်။ အာရူဂျိုသည် ထိပ်ထိပ်ကြဲများဖြင့် ဖွဲ့စည်းထားသည့် ဘာစီလိုနာ ပထမ အသင်း တိုက်စစ်နေရာ အတွက် မျှော်လင့်နိုင်ဖွယ် မရှိသေးဘဲ ဘာစီလိုနာ B အသင်းတွင် ဦးစွာ ကစားရမည် ဖြစ်သည်။ ဘာစီလိုနာသည် အာရူဂျို၏ ဖြစ်ထွန်းမှု အပေါ် အခြေပြုကာ လျှို့ဝှက်ထားသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ခေါ်ယူသွားရန် ဘိုကာနှင့် ကြိုတင် သဘော တူညီမှု ရယူထားသည်။
အာရူဂျိုသည် ယခု နွေရာသီတွင် ဘာစီလိုနာ B အသင်းသို့ ဂျိုအန် အိန်ဂျယ်လ် ရိုမန်၊ ဒေးဗစ်လွမ်ဘန်၊ အဂေါ့စတင်ဟိုကာ၊ အဂ္ဂါအီတို့နောက် ပဉ္စမမြောက် ကစားသမားသစ် အနေဖြင့် သွားရောက် ပူးပေါင်းမည်ဖြစ်သည်။
ဘာစီလိုနာသည် အာရူဂျိုကို နူးကမ့်သို့ (၂)ရာသီ အငှား ခေါ်ယူပြီးမှ တိုးတက်မှုကို အခြေတည်ကာ အပြီးသတ် စာချုပ် သွားမည်ဟု သတင်းများက ဖော်ပြ...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com