အိမ်ထောင် ကျ သွားပေ မယ့်လည်း အနု ပညာ စန်းကျ မသွားတဲ့ ဟောလိဝုဒ် နတ်မိမယ်တွေထဲမှာ ဂျက်စီကာ အယ်လ်ဘာလည်း အပါအဝင် ပါပဲလို့ ဟယ်လိုက ကောင်းချီး ပေးလာတော့ Sin City ပရိသတ်တွေ အတွက် ကျေနပ်စရာဖြစ်ရပြန်တာပဲပေါ့။
Sexiest Alive ဆုရ ရှိခဲ့ဖူးသူ အလန်းမင်းသမီးဟာ ရုပ်ရှင် ထုတ်လုပ်သူ ကက်ရှ်ဝါရင်နဲ့ လက်ထပ်ခဲ့ပြီး ရင်သွေးနှစ်ဦးပါ ပွားစည်း ထားပေမယ့် တစ်သားမွေး တစ်သွေးလှသူလို့ တင်စားရမယ့် မိန်းမချောတစ်ယောက်ပဲဖြစ်ပါတယ်။
မာလီဘူ အပန်းဖြေ ကမ်းခြေမှာ အေးအေးလူလူပျော်ပျော်မြူးမြူး အနားယူနေတဲ့ ဂျက်စီကာ တို့ မောင်နှံရယ်၊ သမီးကြီးဟော်နာ(လေးနှစ်)နဲ့ သမီးငယ်ဟဲမင် (၁၁လ) တို့ရဲ့ မျက်နှာဖုံးပုံနဲ့ ဟယ်လိုတွေကလည်း ရောင်းအားကောင်းနေပါ တယ်။ သရုပ်ဆောင်ဘဝကို ခင်တွယ်နေဆဲ ညှို့မင်းသမီးရဲ့ ဇာတ်ကား သစ်ကို စောင့်မျှော်ရင်း ..... ။
6:39 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com