ဆူဇူကီးဖလား ခြေစစ်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် လက်ရွေးစင် အသင်း လူရွေးချယ်မှု ပြုလုပ်ရန် စောင့်ကြည့်မှုများ ပြုလုပ်လျက် ရှိသည့် နည်းပြချုပ် ပတ်ဆောင်ဟွာ အနေဖြင့် ရတနာပုံ အသင်း၏ ၀ါရင့် တိုက်စစ်မှူး ရန်ပိုင်အား ရွေးချယ်ဖွယ် ရှိနေကြောင်း သိရသည်။
ရန်ပိုင်သည် လက်ရှိ အချိန်တွင် ၎င်း၏ ကလပ်အသင်း ရတနာပုံ အတွက် ခြေစွမ်းပြ ဂိုးများ သွင်းယူနိုင်လျက် ရှိနေသကဲ့သို့ ယူ-၂၂ အသင်း၏ အဓိက တိုက်စစ်မှူး ကျော်ကိုကို၏ ကြံ့ခိုင်မှုမှာ မသေချာ မရေရာဘဲ ဖြစ်နေရာ ပတ်ဆောင်ဟွာက ထည့်သွင်း စဉ်းစားနေခြင်း ဖြစ်သည်။ "ယူ-၂၂ ပွဲတုန်းက ကျော်ကိုကို နာနေတော့ ကောင်းစည်သူကို အစားထိုး ခဲ့ရပါတယ်။ အခုလည်း အဆင်ပြေ နိုင်မယ့် နည်းလမ်း တစ်ခုကို ရှာဖွေ နေပါတယ်။ ရန်ပိုင်ဟာ တကယ် ထူးချွန်တဲ့ တိုက်စစ်မှူး တစ်ယောက် ဆိုတာကိုတော့ အားလုံး အသိပါပဲ။ သူ အပါအ၀င် ကစားသမား အားလုံးကို စောင့်ကြည့် နေပါတယ်။ ကျွန်တော် စိတ်ကူးထားတာ တွေကတော့ ရှိပြီးသားပါ။ ထုတ်မပြော သေးတာပဲ ရှိပါတယ်" ဟု ပတ်ဆောင်ဟွာက Soccer Myanmar သို့ ထုတ်ဖော် ပြောကြားခဲ့သည်။
ပတ်ဆောင်ဟွာသည် (၂၈)ဦး ပါဝင်မည့် ပဏာမ လက်ရွေးစင် အသင်း လူစာရင်းအား ဇူလိုင်လကုန်တွင် တရားဝင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com