22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

နိုင်ငံသား အမည်ခံ နိုင်ငံခြား ကုမ္ပဏီများ အမှန်အတိုင်း ပြန်လည် မှတ်ပုံတင်လာ

Investmentနိုင်ငံသား အမည်ခံ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၁၇ ခုက နိုင်ငံခြားသားပိုင် ကုမ္ပဏီ အဖြစ် တရားဝင်ပြောင်းလဲ မှတ်ပုံတင် လာကြောင်းရင်းနှီးမြှုပ်နှံ မှုကော်မရှင် အကောင်အထည်ဖော် ဆောင်ရွက်ရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။ “ကော်မရှင်က အမိန့်ကြော်ငြာစာ ၁/၂၀၁၂ ထုတ်ပြီး နိုင်ငံသားအမည်ခံထားတဲ့ လုပ်ငန်းတွေကို ပြောင်းလဲဖို့ နိုင်ငံတော်က ခွင့်ပြုပေးတာပါ”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကမှ မြေယာငှားရမ်းမှုကို စက်တင်ဘာ ၃၀ ရက်မှ စတင်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး နိုင်ငံခြားသားများကို ခွင့်ပြုပေးခဲ့သည်။ ထို့အပြင် ပြည်ပရင်းနှီးမြှုပ်နှံသူများ စိုးရိမ်သည့် ငွေလဲနှုန်းကိုလည်း ယခင်က တစ်ဒေါ်လာလျှင် ၆ ကျပ်အစား ဈေးကွက်ပေါက်ဈေးအတိုင်း ခွင့်ပြုရန် အမိန့်ကြော်ငြာစာတွင် ပါဝင်သည်။ ပုဂ္ဂလိကပိုင် မြေယာအသုံးချမှုနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏပေါ် မူတည်ပြီး နှစ် ၃၀ ငှားရမ်းခွင့်ပြုခဲ့သည်။ ၎င်းငှားရမ်းမှု သက်တမ်းကုန်ဆုံးပါက ဆက်လက်လုပ်ကိုင်လိုပါက ၁၅ နှစ် နှစ်ကြိမ်ထပ်တိုးခွင့် ပြုထားသည်။
ရေခွန်၊ မီးခွန်များကိုတော့ ယခင်အတိုင်းပင် နိုင်ငံခြားငွေနှင့် ပေးဆောင်ရသည်။ ယခင်အစိုးရလက်ထက်က နိုင်ငံခြားသားအမည်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ပါက ရေခွန်၊ မီးခွန် စသည်တို့ အပါအ၀င် အလုပ်သမားများ၏ လုပ်ခလစာပါ နိုင်ငံခြားငွေနှင့် ပေးရသည်။ ထို့အပြင် နိုင်ငံခြားသားအမည်ဖြင့် ရင်းနှီးမြှုပ်နှံပါက မြေငှားရာတွင်လည်း အစိုးရပိုင်မြေကိုသာ ငှားရမည်ဟု ဥပဒေတွင် ပါဝင်နေသည်။
ပုဂ္ဂလိကပိုင် မြေငှားရာတွင်လည်း တစ်နှစ်သာ ငှားခွင့်ရခြင်း၊ ရင်းနှီးမြှုပ်နှံသူများက အစိုးရမြေ ငှားရမ်းလုပ်ကိုင်ရန်မှာလည်း တန်ဖိုးမြင့်မားခြင်းတို့ကြောင့် နိုင်ငံသားများအား အမည်ခံ၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတစ်ဦးက ရှင်းပြသည်။ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အထည်ချုပ်လုပ်ငန်းများ အများဆုံးပါဝင်နေကြောင်း ဦးအောင်နိုင်ဦးက ရှင်းပြသည်။ ထို့အပြင် အမည်ခံရင်းနှီးမြှုပ်နှံမှုများ အလုပ်ရှင်၊ အလုပ်သမား ပြဿနာဖြစ်လာလျှင်လည်း မူလပိုင်ရှင်က နောက်ကွယ်မှသာ အများအားဖြင့် ဖြေရှင်းနိုင်ရန် အခွင့်အရေးတစ်ခု ရနေကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )