22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

EV-71 ဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘောဒီးယား တွင် ကလေး ၅၂ ဦး သေဆုံး

EV-71 ဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘောဒီးယားတွင် ကလေး ၅၂ ဦး သေဆုံး ခြေထောက်၊ လက်နှင့် ပါးစပ် တို့တွင် ရောဂါ ဖြစ်ပွားစေ သည့် EV-71 ဗိုင်းရပ်စ် ပိုးကူးစက်ခံရမှုကြောင့် ကမ္ဘောဒီးယား ကလေးငယ် ၅၉ ဦး ရောဂါဖြစ်ပွားခဲ့ပြီး ၅၂ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန တို့ ပူးတွဲထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရသည်။EV-71 အောက် ကလေးများတွင် ကူးစက်ခံရပြီး ဖျားခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာများ ခံစားရခြင်း၊ အရေပြားပေါ်နှင့် ပါးစပ်တွင် အနာပေါက်ခြင်း၊ လက်နှင့် ခြေထောက်ပေါ်တွင် အရည်ကြည်ဖုများ ပေါ်ခြင်းများ ကြုံတွေ့ရကြောင်း သိရသည်။EV-71 သည် နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လူနာ၏ ဝမ်းအညစ်အကြေးနှင့် အနာမှထွက်သော အရည် များမှ တစ်ဆင့် ကူးစက်စေနိုင်ကြောင်း သိရသည်။ ထိုဗိုင်းရပ်စ်ပိုးအတွက်ကာကွယ်ဆေးနှင့် တိကျသော ကုထုံးလည်းမရှိသေးပေ။ EV-71 ကူးစက်ခံရသူ အများစုမှာ နောက် ဆက်တွဲပြဿနာများမပေါ်ဘဲ လျင်မြန်စွာ နာလန်ထ နိုင်ကြသည်။ ပြီးခဲ့သည့်နှစ်က ဗီယက်နမ်နိုင်ငံတွင် EV-71 ကူးစက်ခံခဲ့ရသူ ၁ သိန်း ၁ သောင်း ကျော် ရှိပြီး ၁၆၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )