22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 17, 2012

မျက်ကြည်လွှာ အစားထိုးမှု (Corneal Graft)

မျက်စိအထူးကု ဆရာဝန်ကြီးမြန်မာနိုင်ငံတွင် ရောဂါရှိသော အပိုင်း ကိုသာ ဖယ်၍ မျက်ကြည် လွှာ အစားထိုး
မှု အောင်မြင်
လောလောဆယ်တော့ မျက်ကြည် လွှာအစားထိုးမှု (Corneal Graft)နဲ့ပတ် သက်တဲ့ အောင်မြင်မှုတစ်ခုကို ပြောပြ ချင်ပါတယ်။ မျက်ကြည်လွှာ အစားထိုး တာ (Corneal Graft)နဲ့ ပတ်သက်ပြီး ဆရာ့အရင်က နောင်တော်တွေလည်း လုပ် ခဲ့ကြတယ်။ အခု ဆရာတို့လည်း လုပ် နေကြပါတယ်။ အောင်မြင်တာလည်း ရှိ၊ မအောင်မြင်တာလည်း ရှိပါတယ်။ အဓိ က ကတော့ မျက်ကြည်လွှာကို အစား ထိုးကုသရင် တုံ့ပြန်မှု (Rejection) ရှိ တာပဲ ဖြစ်ပါတယ်။
တုံ့ပြန်မှုက အစားထိုး ထည့်လိုက်တဲ့ Antigen (တခြားသူဆီက ရတဲ့ မျက်ကြည်လွှာ) ရဲ့ ပမာဏပေါ် မှာ မူတည်ပါတယ်။ ထည့်လိုက်တဲ့ မျက် ကြည်လွှာက ကြီးနေရင် တုံ့ပြန်မှုက ပိုများ ပါတယ်။ ဒီတော့ တုံ့ပြန်မှုနည်းအောင် တစ်အချက်အနေနဲ့ ဒီ Antigen ရဲ့ ပ မာဏကို နည်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆရာတို့ စဉ်းစားရပါတယ်။ နှစ်အချက်က မျက်လုံးတစ်လုံးကို ဖွင့်လိုက်တဲ့အခါမှာ အထဲနဲ့ အပြင် ဖိ အားကွာဟမှုဆိုတဲ့ ပြဿနာလည်း ရှိပါ တယ်။
ဒါက ဘာနဲ့ တူသလဲ ဆိုတော့ လေယာဉ်ပျံပေါ်တက်သလို၊ ဒိုင်ဗင်ထိုး သလိုပါပဲ။ အခန့်မသင့်ရင် မျက်ကြည် လွှာ အစားထိုးဖို့ မျက်လုံးတစ်လုံးကို ဖွင့် လုကိတ့အဲ ခါမှာ ရတု တ် ရက် Extruction (ညှစ်ထုတ်တဲ့အခြေအနေ) ဖြစ်သွားတတ် တယ်။ ပုံမှန်ဆိုရင်တော့ ဒီ Extruction ကို လျော့ကျအောင် ချဖို့အတွက် I.V Mannyl သွင်းပြီး ချထားရတယ်။ ဒါပေ မဲ့ လူနာက ကြောက်ပြီး မျက်စိကို ညှစ် လိုက်မိလို့ပဲဖြစ်ဖြစ်၊ မျက်စိကို ဖွင့်လိုက် တဲ့အခါမှာ ရုတ်တရက်ဖိအား ပြောင်းလဲ သွားလို့ပဲ ဖြစ်ဖြစ် သူငယ်အိမ်နဲ့ Lens (မှန်ဘီလူး)က ထွက်သွားတာမျိုး ကြုံရ တတ်တယ်။
ဒီလိုမျိုးအခက်အခဲတွေကို ကျော် လွှားနိုင်ဖို့ မျက်ကြည်လွှာအစားထိုးတဲ့အ ခါမှာ မျက်စိတစ်လုံးလုံးကို မဖွင့်ချဘဲ ရောဂါရှိတဲ့ အပိုင်းကိုပဲ ဖယ်ပြီး ကျန်တဲ့ မျက်ကြည်လွှာကို ဒီအတိုင်းထားမယ်၊ ပြီး တော့ အဲဒီဖယ်လိုက်တဲ့ နေရာကိုပဲ မျက် ကြည်လွှာတစ်ဝက်လောက် ထပ်အစား ထိုးဖို့ စဉ်းစားရပါတယ်။ ဒီနည်းလမ်းကို Lamellar Graft လို့ ခေါ်ပါတယ်။
ဒီနည်း ရဲ့ ကောင်းတဲ့အချက်က မျက်စိတစ်လုံး လုံးကို မဖွင့်ရတော့ မျက်စိခွဲစိတ်ကုဆ ရာဝန်က စိတ်ချလက်ချ လုပ်လို့ရတယ်။ ပြီးတော့ မျက်ကြည်လွှာ အစိတ်အပိုင်း တချို့ကိုပဲ အစားထိုးတော့ တုံ့ပြန်မှုက လျော့သွားတယ်။ ဒါပေမဲ့ နည်းပညာအရ ခက်ခဲမှုရှိပါတယ်။ ၅ မိုက်ခရွန်လောက် ပဲ ရှိတဲ့ မျက်ကြည်လွှာကို အသေးစိတ် လွှာရလို့ မျက်စိခွဲစိတ်ကုဆရာဝန်က အင် မတန် ကျွမ်းကျင်ဖို့ လိုပါတယ်။ တည်ငြိမ် ဖို့ လိုတယ်။
လူနာကလည်း ငြိမ်သက်ဖို့ လိုတယ်။ တကယ်လို့ အစားထိုးလိုက်တဲ့ အ ခါမှာ အဆင်မပြေရင် မျက်ကြည်လွှာနဲ့ လူ နာရဲ့မျက်စိကြားမှာ အမာရွတ်ထင်သွား နိုင်တယ်။ ဒါကို Interface Scar လို့ ခေါ်ပါတယ်။ ဒီလိုဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ အစား ထိုးတာ အောင်မြင်သွားပြီဆိုရင် တုံ့ပြန် မှုက နည်းတယ်။
ကိုယ်ပိုင်ပစ္စည်းပေါ်မှာ ထပ်ပိုးပြီး အစားထိုးတာ ဖြစ်တဲ့အတွက် Integrity (ခိုင်မြဲမှု)ကလည်း ပိုကောင်း တယ်။ ဒီလိုမဟုတ်ဘဲ မျက်ကြည်လွှာ တစ်ခုလုံးအစားထိုးမှု (Corneal Graft) လုပ်ရင် ဘယ်တော့မှ ရာသက်ပန်လူ ကောင်းကြီး ပြန်ဖြစ်မလာနိုင်ဘူး။ နောက်တစ်ဆင့်အနေနဲ့ DALK (Deep Anterior Lamellar Keratoplasty) ဆိုတဲ့ စကားလုံးက ခေတ်စား လာပါတယ်။
ဒီနည်းက မျက်ကြည်လွှာ ကို တတ်နိုင်သမျှ ပါးပါးလေးပဲ ကျန် အောင် လွှာလိုက်တယ်။ ဒီလိုလွှာလိုက် တော့ ရောဂါအတော်များများက ကင်း စင်သွားတယ်။ ကာယကံရှင်ရဲ့ မျက် ကြည်လွှာ အပိုင်းအစ ဖြစ်တဲ့အတွကှ်ုIntegrity ကလည်း ပိုကောင်းတယ်။ Antigen Load လည်း အထိုက်အလျောက် နည်းသွားမယ်။ ပြီးတော့ မျက်ကြည် လွှာကို အတတ်နိုင်ဆုံး ပါးအောင် ခွာ ထားတဲ့အတွက် Interface Scar က လည်း ဖြစ်နိုင်ခြေ နည်းသွားတယ်။ဒီလို ကောင်းကျိုးတွေ ရှိတာကြောင့် နောက် ပိုင်းမှာ DALK ဆိုတဲ့ နည်းကို ဆရာတို့ က လုပ်လာကြပါတယ်။ မျက်ကြည် လွှာအမာရွတ်ကျန်ခဲ့တဲ့အခါ အရင်က လုပ်တာကို PKP လို့ ခေါ်တယ်။
အခု နောက်ပိုင်းမှာ မျက်ကြည်လွှာအမာရွတ် က ထူပြီး ကျန်ခဲ့တဲ Full Thickness Corneal Scar အဆင့်မှာဆိုရင် DALK ဆိုတဲ့ နည်းကို သုံးပါတယ်။ အရင်က PKP တစ်ခုတည်း လုပ်ရာကနေ အခုအ ခါမှာ ရောဂါအခြေအနေပေါ် မူတည်ပြီး PKP လုပ်တာလည်း ရှိသလို DALK လုပ်တာလည်း ရှိပါတယ်။ ဒီကုသနည်းတွေကို ရွေးချယ်တဲ့ အ ခါမှာ တစ်အချက်က မျက်ကြည်လွှာကို ကြည့်လိုက်လို့ ခွာလိုက်ရင် ပုံမှန်တစ်သျှူး က ဘယ်လောက်အထိ ကျန်နိုင်သလဲ ဆိုတာကို ကြည့်ရတယ်။
နံပါတ်နှစ် အ ချက်က တုံ့ပြန်မှု ဖြစ်နိုင်ခြေ များနိုင်တဲ့ အခြေအနေမျိုးလား ဆိုတာ ကြည့်ရ တယ်။ ပုံမှန်ဆိုရင် မျက်ကြည်လွှာမှာ သွေး ကြောမရှိဘဲ ကြည်လင်နေတတ်တယ်။ အဲလိုမဟုတ်ဘဲ တချို့လူနာတွေမှာ မျက် လုံးက ရောင်နေလို့ မျက်ကြည်လွှာမှာ သွေး ကြော (Vessels)တွေ အများကြီး ရှိ နေရင် DALK လုပ်တာက ပိုကောင်းပါ တယ်။ အောင်မြင်မှုလည်းပိုများပါတယ်။ လူနာရှင်ကလည်း ကျေနပ်ပါတယ်။ ဒီ နည်းရဲ့ နောက်ကောင်းတဲ့ အချက်က မျက် ကြည်လွှာတစ်ခုလုံးကို အစားထိုးဖို့ မလို တာကြောင့် မျက်ကြည်လွှာတစ်ခုဆိုရင် နှစ်ယောက်ကို အစားထိုးလို့ရတာပဲ ဖြစ် ပါတယ်။ ဒါပေမဲ့ လိုအပ်နေတဲ့ လူနာ နှစ်ဦးကို တစ်ပြိုင်တည်း ချိန်းရတာ ခက် ပါတယ်။
ဒီလို မျက်ကြည်လွှာအစားထိုး ဖို့လိုအပ်တဲ့ လူနာတွေက အများအား ဖြင့် နယ်တွေက ဖြစ်ပြီး ဆက်သွယ်ရေး ခက်ခဲတော့ တစ်ဆင့်ဖုန်းတွေကို ဆက် ပြီး မှာရတာတွေ ရှိပါတယ်။ ဒီတော့ လူ နာရောက်မလာမှာစိုးလို့ နောက်တစ်ဦး ကို ထပ်ချိန်းရတတ်တယ်။ တစ်ခါတလေ ကျရင် လူနာနှစ်ယောက်စလုံးက ရောက် လာတတ်ပြီး သူတို့ချင်း ရန်ဖြစ်ကြတာ မျိုးတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီ အခါ ဘယ်သူက အရင်စာရင်းပေးထား တာလဲ၊ ဘယ်သူ့မျက်ကြည်လွှာအခြေ အနေက ပိုဆိုးနေပြီလဲ ဆိုတဲ့ အချက် နှစ်ချက်ကို ကြည့်ပြီး လုပ်ပေးရပါတယ်။
ဒါပေမဲ့ ပြဿနာရှိတာက နည်းပညာ အရ အခက်အခဲရှိပါတယ်။ မျက်ကြည် လွှာကို ပါးပါးလေးဖြစ်အောင် လွှာရတာ က အတော်စိတ်ရှည်လက်ရှည် လုပ်ရပါတယ်။ လူနာကို ကြည့်လိုက်လို့ လူနာက တည်တည်ငြိမ်ငြိမ်ရှိတယ်ဆိုရင် ထုံဆေးနဲ့ ကုပေးပါတယ်။ တကယ်လို့ လူနာက သိပ်ထိတ်လန့်နေရင်တော့ မေ့ဆေးပေးပြီး ကုရပါတယ်။
ဒီနည်းနဲ့ ကုသနေတဲ့အချိန်မှာ အသက်အောင့်ပြီး လုပ်ရပါတယ်။ ဘေးနားကနေလည်း ကျွမ်းကျင်တဲ့သူနာပြုဆရာမရဲ့ အကူအ ညီကို ယူရပါတယ်။ ဒီနည်းနဲ့ ကုပြီးတဲ့ လူနာတွေ က အခုအချိန်ထိဆိုရင် ငါးယောက်ပဲရှိသေးတယ်။ ငါးယောက်စလုံးလည်း အောင်မြင်ပါတယ်။ အခုအချိန်အထိတော့ မြန်မာပြည် မှာ မျက်စိခွဲစိတ်ဆရာဝန်တိုင်းတော့ DALK နည်းလမ်းကို မလုပ်နိုင်သေးပါ ဘူး။ နောက်ပိုင်းမှာတော့ တစ်နေ့ကျရင် မျက်စိခွဲစိတ်ဆရာဝန်အားလုံး လုပ်လာ နိုင်အောင် ဆရာတို့ သင်ပြပေးနေပါတယ်။
ပါမောက္ခဦးတင်ဝင်း မျက်စိအထူးကုဆရာဝန်ကြီး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )