22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 17, 2012

လူငယ် ဂီတသမား များစုပေါင်းတွေ့ စုံ

Music Association ဇူလိုင် ၁၆ ရက် ၊နေ့လည်  ၁ နာရီက ရန်ကုန်မြို့၊  Park Royal Hotel
မှာ ဂီတလောကမှ လူငယ် ဆို-ရေး-တီး ပညာရှင်များ အရေးပေါ် အစည်းအဝေး တစ်ခု ခေါ်ယူစုဝေးခဲ့ကြပါတယ်။ တေးသံရှင် ဖြူဖြူကျော်သိန်း၊အနဂ္ဂ၊ သံသာဝင်း တို့ ဦးဆောင်တဲ့ လူငယ် အနုပညာရှင် ၁၀ ဦး ဇူလိုင် ၁၁ ရက်နေ့ ကနေပြည်တော်၊လွှတ်တော်ရုံးခန်းမှာ ဥက္ကဌ သူရဦးအေးမြင့် ဦးဆောင်တဲ့ ပြည်သူ့ ဆက်ဆံရေးကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှု များကို ဂီတမောင် နှမများကို ပြန်လည်ရှင်းပြပြီး မကြာမီ အသစ်ရွေးချယ်တော့မယ့် ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့သစ်မှာလူငယ်တွေရဲ့ ဂီတသစ် အလွှာ ကိုတိုးချဲ့ဖွဲ့စည်းရေးကို ပြည်သူ့ဆက်ဆံရေးကော်မီတီ ရဲ့ထောက်ခံမှုအရ ဆက်လက်ဆောင်ရွက် ကြဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မီတီဝင်တစ်ချို့ရဲ့ နှေက်ယှက်ဟန့်တားမှုတွေမျိုးစုနဲ့ကြုံခဲ့ကြရပေမယ့် ဂီတသစ် လူငယ်လေးတွေရဲ့ အံ့မခန်း ညီညွတ်တဲ့စွမ်းအားကြောင့် သူတို့လိုလားတဲ့အရာကိုရရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့တွေ့ဆုံဆွေးနွေးမှုမပြီးခင်မှာဘဲ မြန်မာနိုင်ငံဂီတအစည်းအရုံး အလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ တေးသံရှင်နွဲ့ယဉ်ဝင်း ရဲ့ အဆိုပြုလွှာ ကို ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မီတီ က ပယ်လိုက်တယ်လို့သတင်းဝင်လာတဲ့အတွက် အစည်းအဝေးကိုရပ်နားပြီး အနုပညာမောင်နှမတွေအားလုံး တာမွေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ကိုစုဝေးကာသွားရောက်ပြီး လက်ရှိ ဂီတအစည်းအရုံး ဥက္ကဌ ကိုပွင့်လင်းစွာဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။ မကြခင်ရက်ပိုင်းမှာ ရွေးကောက်ပွဲ ရက်ကြေညာဖို့ရှိပါတယ်။ ဇူလိုင် ၁၇ ရက်မှာ ဂီတသစ်လူငယ်များနဲ့ ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မီတီ အကြေအလည်ဆွေးနွေးကြမှာဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ ဂီတမောင်နှမများ လာရောက်လေ့လာဆွေးနွေးကြဖို့လည်း ဂီတသစ်လူငယ်များက ဖိတ်ခေါ်ထားပါတယ်။ ဂီတသစ် အလွှာပေါ်ပေါက်ရေးအတွက် ပါဝင်ထောက်ခံအားပေးကူညီနေကြ သူတွေထဲမှာ စတီရီယို အလွှာက တေးရေး-မြင့်မိုးအောင်။ကေ အေ တီ၊ ညီညီသွင်၊နောင်နောင်(ဆန်းဖလားဝါး)၊အောင်နိုင်စန်း၊စောခူဆဲလ်၊ မင်းချစ်သူ တို့အပြင် စတီရီယို တေးသံရှင်တွေဖြစ်ကြတဲ့ ဇော်ပိုင်၊R ဇာနည်၊ L လွန်းဝါ၊J မောင်မောင်၊သားစိုး၊Acid,Big Bag,Metal Zone Band တွေနဲ့ တေးသံရှင် ဟေမာနေ၀င်း၊ကော်နီ၊ကဗျာဘွဲ့မှူး၊အိမ့်ချစ်၊ကာကာ၊သဇင်သင်း၊ သျှီ၊မေစပယ်ညို၊နော်လီဇာ စတဲ့ ထင်ရှားတဲ့ အနုပညာရှင်များစွာပါဝင်ကြပါ တယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )