22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

ကျားဟော်မုန်း ဓာတ်လွန်ကဲ မှုကြောင့် အမျိုးသမီး များတွင် အမွေးအမှင် ထူထဲခြင်း (Hirsutism)

 

ကျားဟော် မုန်း ဓာတ်လွန် ကဲမှုကြောင့် အမျိုး သမီး တွေမှာ ပါးမြိုင်း မွေး၊ နှုတ်ခမ်း မွေး၊ ရင်ဘတ် မွေး စတာတွေ ပေါက်လာ တဲ့အခြေအနေကို Hirsutism လို့ခေါ်ပါတယ်။ မျိုးဗီဇလွှမ်းမိုးမှု အရ ခန္ဓာကိုယ်မှာ အမွေးအမှင်တွေ အများအပြားထူထဲနေ တတ်တာမျိုးပါ။ ကျားဟော်မုန်း အန်ဒရိုဂျင် (အထူးသဖြင့် တက် စတိုစတီရုန်း) ဟော်မုန်းလွန်ကဲမှုကြောင့် အမျိုးသမီးတွေမှာ အ မွေးထူထဲတတ်ရုံသာမက ယောကျာ်းဆန်တဲ့ လက္ခဏာတွေကိုပါ တွဲဖက်တွေ့ရတတ်ပါတယ်။
ကျားဟော်မုန်းဓာတ် လွန်ကဲမှုကြောင့် အမျိုးသမီးများတွင် အမွေး အမှင်ထူထဲခြင်းနှင့် တွဲဖက်တွေ့ ရသော လက္ခဏာများ
အမျိုးသမီးတွေမှာ ကျားဟော်မုန်းဓာတ်လွန်ကဲတာကြောင့် အမွေးအမှင်တွေ ထူထဲနေတဲ့အပြင် အောက်ပါလက္ခဏာတွေ ကိုလည်း တွေ့ရတတ်ပါတယ်။ - အသံအောလာခြင်း၊ ထိပ်ပြောင်လာခြင်း၊ ဝက်ခြံထွက်လာခြင်း၊ ရင်သားအရွယ်အစား သေးငယ်ခြင်း၊ မိန်းမအင်္ဂါအစေ့ ကြီးလာ ခြင်း၊ြွကက်သားထုထည်ကြီးလာခြင်းတို့ကို တွဲဖက်တွေ့ရတတ် ပါတယ်။
ဖြစ်ရသော အကြောင်းရင်းများ
အပျိုဖော်ဝင်စအချိန်ရောက်တဲ့အထိ သင့်ခန္ဓာကိုယ်မှာ အရောင်မရှိတဲ့ အမွေးနုနုတွေနဲ့ ဖုံးထားပါတယ်။ တကယ်လို့ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု စတင်ရှိလာချိန်မှာ အန်ဒရိုဂျင်လို့ခေါ်တဲ့ ကျားဟော်မုန်းဟာ ခန္ဓာကိုယ်တချို့ရှိ အမွေးနုတွေကို မည်းနက် တာ၊ ကောက်တာ၊ ကြမ်းတမ်းတာမျိုး ဖြစ်လာစေပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ ကျားဟော်မုန်းဓာတ်လွန်ကဲတဲ့ အခြေအနေမှာတော့ မလိုချင်တဲ့ နေရာအစိတ်အပိုင်းတွေမှာ အမွေးတွေ ပေါက်လာ တာမျိုး ဖြစ်ပါတယ်။ အမွေးထူထဲနေတဲ့ အမျိုးသမီးတစ်ဝက် ခန့်ဟာ အန်ဒရိုဂျင်ဟော်မုန်းအဆင့် မြင့်တက်နေတတ်ပါတယ်။ အန်ဒရိုဂျင်ဟော်မုန်းမြင့်တက်စေတဲ့ အကြောင်းရင်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
-သားဥအိမ်တွင် သားဥ မကြွေနိုင်ဘဲ ရေအိတ်ငယ်မျာ ဖြစ်တည်လာသော ဟော်မုန်းဆိုင်ရာ ရောဂါစု
ဒီ ခြေအနေက လိင်ဟော်မုန်းမမျှတမှုကြောင့် ဖြစ်လာတဲ့ အခြေအနေဖြစ်ပြီး ရာသီပုံမမှန်တာ၊ အဝလွန်တာ၊ မျိုးမအောင်တာနဲ့ သားဥအိမ်မှာ ရေအိတ်တွေ ဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစု ကြောင့် အမျိုးသမီးတွေမှာ အမွေးထူထဲမှုကို အဓိက ဖြစ်စေနိုင် ပါတယ်။
-ခန္ဓာကိုယ် တွင်းတွင် corticosteroid ဟော်မုန်းများ လိုသည်ထက် ပိုခြင်းကြောင့် ဖြစ်သော ရောဂါစု
ဒါကို Cushion's Syndrome လို့ခေါ်ပါတယ်။ ဒါက စိတ်ဖိစီးမှုကို တုန့်ပြန်တဲ့အခါ ထွက်လာတဲ့ စတီးရွိုက်ဟော်မုန်း ကော်တီကိုစတီးရွိုက် မြင့် တက်မှုကြောင့် ခန္ဓာကိုယ်တွင်းမှာ လိင်ဟော်မုန်းမမျှတမှုဖြစ်ပြီး အမွေးထူထဲရတတ်ပါတယ်။
-မွေးရာပါ  အဒရီနယ်ဂလင်း အလုပ်လုပ်လွန်ခြင်း
အဒရီ နယ်ဂလင်းကထုတ်တဲ့ ကော်တီစောနဲ့ အန်ဒရိုဂျင်ဟော်မုန်းတို့ အပါအဝင် စတီးရွိုက်ဟော်မုန်း ပုံမမှန်ထုတ်လုပ်မှုကြောင့် ဖြစ်ရ တဲ့အခြေအနေပါ။
- အကျိတ်များ - မမျိုးဥအိမ်တွေ ဒါမှမဟုတ် အဒရီနယ်ဂလင်း တွေမှာ အန်ဒရိုဂျင်ဟော်မုန်းထွက်ရှိစေတဲ့ အကျိတ်ကြောင့် ရှား ရှားပါးပါး အမွေးထူထဲတဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။
- ဆေးကုသမှု - တချို့ဆေးဝါးတွေကြောင့် အမွေးထူထဲစေ နိုင်ပါတယ်။ ဥပမာပြောရရင် သားဥအိမ်မှာ အလုံးတည်တဲ့ ရောဂါကို ကုသရာမှာ သုံးတဲ့ဆေးတွေကြောင့်လည်း ဖြစ်နိုင်ခြေရှိ ပါတယ်။ တစ်ခါတစ်ရံ ပုံမှန် အန်ဒရိုဂျင်ဟော်မုန်း ရှိတဲ့ အမျိုးမီး တွေမှာ အမွေးထူထဲတာမျိုး ဖြစ်တတ်ပါတယ်။
အမျိုးသမီးများတွင် အမွေးအမှင်ထူထဲမှုဖြစ်စေနိုင်သော အချက်များ
-မျိုးရိုးလိုက်ခြင်း တချို့မျိုးရိုးလိုက်ပြီး ဖြစ်တတ်တဲ့ မွေးရာပါ အဒရီနယ် ဂလင်းဆိုင်ရာရောဂါနဲ့ သားဥအိမ်မှာ သားဥမြွေကနိုင်ဘဲ ရေအိတ် ငယ်တွေ တည်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစုကြောင့်လည်း ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲအန္တရာယ်များ အမျိုးသမီးတွေမှာ အမွေးအမှင်ထူထဲတာကြောင့် စိတ်ပိုင်း ဆိုင်ရာ မသက်မသာဖြစ်ရတတ်ပါတယ်။ ကာကွယ်မှု အမျိုးသမီးတွေမှာ အမွေးအမှင်ထူထဲတာကို ယေဘုယျ အားဖြင့် မကာကွယ်နိုင်ပါဘူး။ ဒါပေမဲ့ အဝလွန်တာနဲ့ အင်ဆူ လင် Resistanceကို ထိန်းချုပ်နိုင်ရင် အန်ဒရိုဂျင်ဟော်မုန်း လျော့နည်းပြီး အမွေးထူထဲတာကို လျော့ကျစေပါတယ်။
အမွေးထူထဲခြင်း သက်သာစေမည့်နည်းများ

-အမွေးနုတ်ခြင်း
- ဘလိတ်ဓားကို သုံးပြီး အမွေးနုတ်လို့ ရပေမယ့် ကြီးမားတဲ့အမွေးတွေကိုတော့ နုတ်လို့ မရနိုင်ပါဘူး။
-ရိတ်ခြင်း
- အမွေးရိတ်တာက မြန်ဆန်ပြီး ကုန်ကျစရိတ် သက်သာပါတယ်။ဒါပေမဲ့ မကြာခဏ ပြန်လည်ရိတ်ဖို့ လိုအပ်ပါတယ်။
- အခြားနည်းများ
- ဖယောင်း သုံး ပြီး အမွေး ချွတ်တာ (Waxing)၊ အမွေးအရောင်ချွတ်တာ(Bleaching)နဲ့ တခြားနည်းတွေ ကို သုံးလို့ ရပေမယ့် အရေပြားထိခိုက်မှု၊ အပူလောင်မှု မဖြစ်စေဖို့ ကျွမ်းကျင်သူနဲ့ လုပ်ဆောင်သင့်ပါတယ်။ ဆရာဝန်နှင့် ပြသသင့်သောအချိန် အောက်ပါအခြေအနေတွေကို သတိပြုမိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
- အပေါ်နှုတ်ခမ်း၊ ပါး၊ မေးစေ့၊ လည်ပင်း၊ ရင်ဘတ်၊ ပေါင် အတွင်းပိုင်းနဲ့ ကျောဘက်တွေလို မလိုလားအပ်တဲ့ နေရာတွေမှာ အမွေးတွေ ခပ်မြန်မြန်ပေါက်လာရင်၊
-လစဉ် ပုံမမှန်ရာသီသွေးဆင်းတာနဲ့အတူ အမွေးတွေ ကြီးထွား လာရင်၊
-အသံအောတာ၊ ထိပ်ပြောင်တာ၊ြွကက်သားထုထည်ကြီးတာ နဲ့ ရင်သားသေးတာတို့လို အမျိုးသားပုံပန်းသဏ္ဌာန်မျိုး ဖြစ်လာရင်၊
- အမွေးတွေလျော့ပါးစေဖို့ ကုသတဲ့ဆေးဝါးတွေကြောင့် ပိုဆိုး လာရင်၊ သွေးဆုံးချိန်နီးကပ်လာတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် စော စော သွေးဆုံးချိန်ရောက်နေတဲ့ အမျိုးသမီးတွေအနေနဲ့ မေးစေ့မှာ အမွေးတွေ ကြမ်းတမ်းစွာ ထွက်လာနိုင်သလို မျက်နှာမှာ အမွေး တွေလည်း ထွက်လာနိုင်ပါတယ်။ ဒါကိုတော့ ကျားဟော်မုန်း လွန်ကဲလို့ ဖြစ်တဲ့ အခြေအနေလို့ မသတ်မှတ်ကြပါဘူး။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )