ဆမ်ဆောင်း ကုမ္ပဏီသည် ၎င်း၏ Samsung Galaxy Tab 10.1 N အား ဈေးကွက် တင် ရောင်းချမည့် အချိန်တွင်ပင် Samsung Galaxy Tab 7.7 မှာမူ ဂျာမနီမှစ၍ ဥရောပသမဂ္ဂ တစ်ခုလုံးတွင် ရောင်းချခွင့် ပိတ်ပင်ခံရသည့် အရေးနှင့် ရင်ဆိုင်နေရသည်။
ဂျာမနီတရားရုံး တစ်ရုံးက Samsung Galaxy Tab 7.7 အား ဂျာမနီနိုင်ငံတွင် ရောင်းချခွင့် ပိတ်ပင်ထားရာမှ ယခုအခါ ဥရောပ သမဂ္ဂတစ်ခုလုံးအထိပါ ရောင်းချခွင့် ပိတ်ပင်မှုအား တိုးမြှင့်လိုက်သည်။ သို့ရာတွင် Samsung Galaxy Tab 10.1 N ကိုမူ ရောင်းချခွင့် ပေးထားသည်။ အရွယ်အစား သေးငယ်ပြီး လူကြိုက်များသော Samsung Galaxy Tab 7.7 အား ဂျာမနီနိုင်ငံတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှစ၍ ပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ Dusseldorf Higher Regional Court က ဇူလိုင်လ ၂၄ ရက်တွင် ရောင်းချခွင့် ပိတ်ပင်မှုအား ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံလုံးတွင်ပါ ကျင့်သုံးရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။ အကြောင်းပြချက်မှာ ၂၀၀၄ ခုနှစ်က Apple ထုတ် ကုန်ပစ္စည်း iPad ကို သိသာမြင်သာစွာ ကူးယူပုံစံ ထုတ်ထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
တောင်ကိုရီးယား အခြေစိုက် ထိပ်သီးနည်းပညာ ကုမ္ပဏီကလည်း တရားရုံး၏ ဆုံးဖြတ်ချက်အား စိတ်ပျက်မိပြီး ၎င်း၏ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ကို ကာကွယ်ရန် တရားဥပဒေအရ ဆောင်ရွက်သွားမည်ဟု ဆိုသည်။ သို့ရာတွင် ဗြိတိန်တွင်မူ ယခင်တစ်ပတ်အတွင်းက ဆမ်ဆောင်း ကုမ္ပဏီသည် Apple ထုတ်ကုန် ပစ္စည်းများကို ပုံတူကူးထားခြင်း မဟုတ်ဟု ဆုံးဖြတ်ပြီး Galaxy Tab 7.7 အပါအဝင် ထုတ်ကုန်သုံးမျိုးအား ရောင်းချခွင့် ပြုထားရာ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့အကြား အငြင်းပွားဖွယ် ဖြစ်ပေမည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com