ပြည်တွင်း ကား အရောင်း စင်တာ တစ်ခုမှ Mark II ရွှေငါး၊ Caldina, Odessy, CRV ကားများအား တစ်ပြေးညီဈေးဖြင့် ရောင်းချပေးရန် စီစဉ်နေကြောင်း ၁၈-၇-၂၀၁၂ ရက်တွင် သိရသည်။
ထိုသို့ ရောင်းချရာတွင် Mark II ရွှေငါး ၂၀၀၁၊ Caldina 2000, Odessy 2000, CR.V 1999 ကားများအား အမည်ပေါက် အပြီးအစီး ကျပ်သိန်း ၁၆၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး စလစ်ပါရှိပါက စလစ်ဖိုး နုတ်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ ရောင်းချမှုကို ဇူလိုင် ၁၈ မှ သြဂုတ် ၈ ရက်အထိ တစ်လသာ ရောင်းချသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ကြိုပွိုင့် ဝယ်သူများအတွက် အထူး အစီအစဉ်များဖြင့် ရောင်းချသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။
“ဒီတစ်လအတွင်းမှာ ကြိုပွိုင့်ဝယ်ယူတဲ့ Customer တွေ၊ စလစ်ပါတဲ့ သူရော ၊မပါတဲ့ သူကိုပါ ရောင်းပေးပါတယ်။ စလစ်မပါတဲ့ သူကိုလည်း စလစ်ရှာပေးသလို ကြိုပွိုင့်ဝယ်တဲ့ သူတွေကို ချက်ချင်း ကျပ်တစ်သိန်းကနေ ကျပ် ၁၀ သိန်းအထိ ဗလာမပါ ငွေသားကံစမ်းမဲ ပေးသွားမှာဆိုတော့ အနည်းဆုံး ကျပ်တစ်သိန်းကနေ ကျပ် ၁၀ သိန်းအထိ ဈေးလျှော့ ဝယ်နိုင်မယ်။ ပြီးတော့ Nissan AD Van (ကားတန်ဖိုး + အခွန် + စလစ်) အပြီးအစီး ကားတစ်စီးကိုလည်း မဲဖောက်ပေးသွားမှာ” ဟု ၎င်းအစီအစဉ်ကို ပြုလုပ်သည့် Diamond Auto Showroom မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Mark II ရွှေငါး၊ Caldina, Odessy, CR.V ကားများကို ကျပ်သိန်း ၁၆၀ ဖြင့် အမည်ပေါက်ရောင်းချမည် ဆိုသော်လည်း စလစ်ပါရှိပါက စလစ်တန်ဖိုး ကျပ် ၅၀ သိန်း နုတ်အပြီး ကျပ်သိန်း ၁၁၀ ခန့်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com