မြန်မာ နိုင်ငံအနှံ့ရှိ အချို့သော မြို့များ၏ အိမ် ခြံ မြေဈေးကွက်မှာ အရောင်း ထိုင်းနေခြင်း၊ အရောင်း သွက်နေခြင်း စသည် တို့သည် တူညီနေခြင်းမျိုးမရှိဘဲ၊ ကစဥ့်ကလျားနှင့် သာဖြစ်နေကြောင်း သက်ဆိုင် ရာမြို့ပြများတွင်ရှိသည့် တစ်ပိုင်တစ်နိုင် အိမ် ခြံ မြေအကျိုးဆောင် လုပ်ငန်း လုပ်ကိုင်နေကြ သူများ၏ အဆို အရ သိရသည်။
နေပြည်တော်
နေပြည်တော်ရှိ အိမ်ခြံမြေများသည် ကြိုက်ရောင်း၊ ကြိုက်ဝယ်များဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ရောင်းလိုအား သာများနေကာ ဝယ်လိုအားမှာ အလွန် နည်းနေလျက်ရှိကြောင်း နေပြည်တော်ရှိ အိမ် ခြံ မြေအကျိုးဆောင် လုပ်ငန်းလုပ် ကိုင်နေကြသူအများစုက ပြောသည်။ နေပြည်တော်ရှိ အိမ်ခြံမြေများသည် ၂၀၁၀ နှင့် ၂၀၁၁ တွင် အရောင်းထိုင်းနေ ကြောင်း နေပြည်တော်အခြေစိုက် Trust Zone အိမ် ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ " ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ အိမ် ခြံ မြေဈေးတွေက ၁၀ဝ၀ ကနေ ၃၅၀ဝ လောက်ထိရှိတယ်"ဟု ၄င်းကဆက်လက် ပြောသည်။
ထိုကဲ့သို့ပင် စက်မှုဇုန်မြေကွက်များ သည်လည်း ကြိုက်ရောင်းကြိုက်ဝယ်များ သာ အဓိကဖြစ်နေပြီး စက်မှုဇုန်မြေကွက် ဈေးနှုန်းများမှာ သိန်း ၂၀ဝ၀ မှ သိန်း ၆၅၀ဝ အထိရှိကြောင်း သိရသည်။ " နေပြည်တော်မှာက စက်မှုဇုန်စီမံ ကိန်းတွေရှိပေမယ့် ကားနဲ့ပတ်သက်တဲ့ စက်မှုဇုန်ကလွဲပြီး ကျန်တာတွေက ရုပ် လုံးမပေါ်သေးဘူး။ အဲဒါတွေကြောင့် စက်မှုဇုန်မြေဈေးကွက်ကလဲ ဘာမှ မထူး ခြားပါဘူး"ဟု နေပြည်တော်အခြေစိုက် ရွှေကုက္ကို အိမ် ခြံ မြေအကျိုးဆောင်လုပ် ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြု လုပ်ရန် နိုင်ငံခြားသားလာရောက်လေ့လာ ကြခြင်းလည်း အလွန်နည်းပြီး နေပြည် တော်တွင် နိုင်ငံခြားသားများသည် အိမ် ငှားရမ်းနေထိုင်ခွင့်မရှိသောကြောင့် စီးပွား ရေးလုပ်ကိုင်ရင်း အိမ်ငှားရမ်းနေထိုင်သူ လုံးဝမရှိကြောင်း နေပြည်တော် အိမ် ခြံ မြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေကြ သူအများစုထံမှ သိရသည်။ နေပြည်တော်ရှိ ဈေးအမြင့်ဆုံး အိမ် ခြံ မြေများသည် ရာဇဌာနီလမ်းတွင်သာ ရှိပြီး ထိုလမ်းတွင် ပေ ၄၀_ပေ ၆၀ အား သိန်း ၃၅၀ဝ ဖြင့် အရောင်းအဝယ်ရှိကာ အငှားမှာ ၁၂ သိန်းအထိရှိကြောင်း သိရ သည်။
မန္တလေး
မန္တလေးမြို့ရှိ အိမ်ခြံမြေဈေးကွက် အလွန်ထိုင်းနေလျက်ရှိပြီး ထိုသို့ဖြစ်နေ သည်မှာ လအနည်းငယ်ကြာမြင့်နေပြီဖြစ် ကြောင်း မန္တလေးမြို့အခြေစိုက် အိမ် ခြံ မြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေကြ သူအများစုထံမှ သိရသည်။ ထိုသို့အရောင်းထိုင်းနေရခြင်းမှာ ကားဈေးကွက်ပျက်ခြင်းကြောင့် အဓိက ဖြစ်နေကြောင်း၊စီမံကိန်းရှိသည့်နေရာများ သာ တဒင်္ဂအရောင်းအဝယ်ဖြစ်ကြောင်း မန္တလေးအခြေစိုက်ဥု အိမ် ခြံ မြေအကျိုး ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
" အရောင်းအဝယ်ဖြစ်ခဲ့တယ်ဆိုရင် လည်း ဈေးနိမ့်တဲ့နေရာလေးတွေသာ အဓိက အရောင်းအဝယ်ဖြစ်တာပါ။ မနော်ဟရီလမ်းထဲမှာဆိုရင်လည်း သိန်း ခြောက်ထောင်၊ ခုနစ်ထောင်လောက်အထိ ဖြစ်တယ်" ဟု မန္တလေးမြို့အခြေစိုက်အလင်း တန်းအိမ် ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မန္တလေးမြို့တွင် မနော်ဟရီလမ်းရှိ အိမ်ခြံမြေများသည် ဈေးအမြင့်ဆုံးဖြစ်ပြီး ကွန်ဒိုစနစ်သည် မတွင်ကျယ်ကြောင်း သိရသည်။ " မန္တလေးမှာ စက်မှုဇုန်က ဇုန် ၁၊ ဇုန် ၂၊ ဇုန် ၃ ဆိုပြီးရှိတဲ့ အထဲမှာ ဇုန် ၁ က မြေဈေးအမြင့်ဆုံးပဲ" ဟုOK အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ် ဦးကပြောသည်။ စက်မှုဇုန်မြေကွက်များသည်ဇုန်နှင့် လမ်းအလိုက် ဈေးအစားစားကွဲပြားလျက် ရှိပြီး မြေကွက်အလွတ်များဆိုပါက သိန်း ၁၅၀ဝ နှင့်ရနိုင်ကြောင်း သိရသည်။ ထို့ပြင်အချက်အချာကြသည့် မြို့ထဲ နှင့် နီးသော တိုက်ခန်းများတွင် ဆိုင်ခန်း များဖွင့်လှစ်ရန် မြေညီထပ်များအား အဓိ ကငှားရမ်းကြကာ ဆိုင်ခန်းဖွင့်ရန် ပုံမှန် အငှားဈေးနှုန်းများ ဆယ်သိန်းဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် လိုသူများသည်လည်း လာရောက်လေ့လာ လျက်ရှိပြီး ထိုသူများသည် ဟိုတယ်များ၌ သာ ငှား၍နေကြသည်ကများသည်ဟု ဝန် ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေကြသူ အချို့ ထံမှ သိရသည်။
ပြင်ဦးလွင်
ပြင်ဦးလွင်မြို့တွင် ယခုနှစ် မေလ ဆန်းမှစ၍လယ်ယာမြေများအား အကွက် ရိုက်ရောင်းချခြင်းမျိုးဖြင့် အဓိကရောင်း ဝယ်နေကြပြီး သာမန်အိမ် ခြံ မြေများမှာ အရောင်းအဝယ်အေးနေကြောင်း ပြင်ဦး လွင်မြို့နယ် အခြေစိုက်အိမ် ခြံ မြေအကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်နေကြသူ အများ စုကပြောသည်။ လယ်ယာမြေများအား မြေလွတ်မြေ ရိုင်းများရထားသည့် စီးပွားရေးလုပ်ငန်း ရှင်တို့က ပေ ၁၀ဝ ပတ်လည်ရှိသည့်သိန်း သုံးဆယ်တန်မြေများအား သိန်းတစ်ရာ ဖြင့် ပြန်လည်ရောင်းချခြင်းမျိုးများအပြင် ဒိုးပင်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး သည် ဘောလုံးကွင်းများ၊ သင်္ချိုင်းမြေများ အား အကွက်ရိုက်ရောင်းချခြင်းမျိုးလည်း ရှိကြောင်း သိရသည်။ " တချို့စီးပွားရေး လုပ်ငန်းရှင်တွေဆို ၃ ဧကကို သိန်းပေါင်း နှစ်သောင်းနဲ့ ဝယ် ထားပြီးတော့ ၁၀ ကွက်ရိုက်ပြီး ၁ ကွက် ကို သိန်းခြောက်ထောင်ခန့်နဲ့ ပြန်ရောင်း တာတွေလည်း ရှိတယ်" ဟု ပြင်ဦးလွင် မြို့နယ်အခြေစိုက် ရွှေညီကို အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထိုသို့ရောင်းချခြင်းမျိုးကို ဒေသခံ ပြည်သူများကဝယ်ယူခြင်းမရှိသော်လည်း ထိုစီးပွားရေးလုပ်ငန်းရှင်တို့၏အသိုင်းအဝိုင်း များဖြစ်သည့် အခြားမြို့များမှ လူအချို့က ဝယ်ယူကြလျက်ရှိကြောင်းသိရသည်။
" ဒီလိုလယ်မြေတွေကို ပြန်ပြီး ရောင်း ချပိုင်ခွင့် ရှိမရှိတော့ မသိဘူး။ ရောင်းတဲ့ သူက ရောင်းနေသလို ဝယ်တဲ့သူတွေက လည်း ဝယ်နေတာပါပဲ။ အဓိကအားဖြင့် ရွာတွေနဲ့နီးတဲ့ လယ်မြေတွေ၊ ယာမြေတွေ ကိုလုပ်နေကြတာ" ဟု ပြင်ဦးလွင်မြို့အခြေ စိုက် တစ်ပိုင်တစ်နိုင် အိမ် ခြံ မြေအကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်နေသူ ကိုစောကြီး က ပြောသည်။ ပြင်ဦးလွင်မြို့ရှိ အိမ်ခြံမြေများမှာ အရောင်းအဝယ်အေးနေလျက်ရှိကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အခွန်စနစ်သစ်၏ သက်တမ်းကုန်ဆုံးရန်ရက်နှင့် အလွန်နီး နေပြီဖြစ်သောကြောင့် အိမ် ခြံ မြေဝယ်ယူ လိုသူများမှာ စောင့်ကြည့်သည့် အနေ အထားဖြင့် ရှိနေခြင်းကြောင့် ပြင်ဦးလွင် အခြေစိုက အိမ် ခြံ မြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေကြသူအများစုက ပြောသည်။ ပြင်ဦးလွင်မြို့တွင် သာမန်အိမ် ခြံ မြေများသာ အရောင်းအဝယ်ဖြစ်နေပြီး ကွန်ဒိုများ၊ တိုက်ခန်းများ မရှိသော်လည်း ယခုရပ်ကွက်ကြီး ၅၊ ဇီဝက လမ်းတွင် ကွန်ဒိုများ စတင်တည်ဆောက်နေပြီး ထို ကွန်ဒိုများကြောင့် အိမ် ခြံ မြေလုပ်ငန်း ဈေးကွက်တွင်မည်သည့်ဂယက်မှမရှိသည့် အပြင် စိတ်ဝင်စားသူ မရှိသည့်အပြင် စိတ်ဝင်စားသူ မရှိကြောင်း အိမ် ခြံ မြေ လုပ်ငန်းလုပ်ကိုင်နေသူ ဦးဆန်းက ပြော သည်။
" ဒီကလူတွေခြံတွေ အိမ်တွေလောက် ပဲ စိတ်ဝင်စားကြတယ်။ နေချင်ကြတယ်။ ကွန်ဒိုတွေ တိုက်ခန်းတွေကို သိပ်ပြီး စိတ် ဝင်စားမှုမရှိဘူး" ဟုပြင်ဦးလွင်မြို့အခြေစိုက် အိမ် ခြံ မြေအကျိုးဆောင်လုပ်ငန်းတစ်ခုမှ ဦးဒိုပုန်းက ဆိုသည်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံလိုသူတို့ ကလည်း ပြင်ဦးလွင်မြို့သို့ လာရောက် လေ့လာလျက်ရှိသည့်အပြင် ယခု တစ်လ အတွင်း အမေရိကန်နိုင်ငံသား ငါးဦးတို့ သည် စိုက်ပျိုးရေးလုပ်ငန်းများတွင်ရင်းနှီး မြှုပ်နှံရန် မြေကွက်များ ဝယ်ယူလိုနေ လျက်ရှိကြောင်း ၄င်းကဆက်လက်ပြော သည်။
မုံရွာ
မုံရွာမြို့ရှိ အိမ်ခြံမြေများသည် ယခု နှစ်ဆန်းပိုင်းမှစ၍ ယခုအချိန်အထိ အရောင်းသွက်နေလျက်ရှိကြောင်း မုံရွာ မြို့အခြေစိုက် ဝန်ဆောင်မှုလုပ်ငန်းလုပ် ကိုင်နေကြသူ အချို့ထံမှ သိရသည်။ ထိုကဲ့သို့ မုံရွာမြို့တွင်အရောင်းသွက် နေရုံသာမက အရောင်းအဝယ်ဈေးနှုန်း များမှာလည်းမြင့်နေလျက်ရှိကြောင်း မုံရွာ မြို့ရှိ ကြံ့တိုင်းအောင် အိမ် ခြံ မြေအကျိုး ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
" မုံရွာက အိမ် ခြံ မြေဈေးတွေက မြင့် တက်လာတာ တစ်နှစ်လောက်ရှိပြီ။ တော် တော်မြင့်တက်လာတာ။ ထက်ဝက်နီးပါး ပဲ မြင့်တက်လာတာ"ဟု ၄င်းက ဆက် လက်ပြောသည်။ မုံရွာတွင် ပိုမိုအရောင်းအဝယ်ဖြစ်နေ သော ရပ်ကွက်များမှာ ဈေးနိမ့်သော ရပ် ကွက်များတွင်ဖြစ်ပြီး ဈေးအနိမ့်ဆုံးရပ် ကွက်မှာ သန်လာရပ်ကွက်ဖြစ်ကြောင်း သိရသည်။ " စက်မှုဇုန်မြေဈေးတွေလည်းမြင့် တာ ပဲ။ အိမ် ခြံ မြေတွေလောက်တော့အရောင်း မသွက်ဘူး"ဟု မုံရွာမြို့အခြေစိုက် တစ်ပိုင် တစ်နိုင် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူ ကိုစိုးမြင့်ကပြောသည်။
မုံရွာမြို့၌ တိုက်ခန်းများမှာ အနည်း အကျဉ်းသာရှိသော်လည်း ထိုတိုက်ခန်း များမှာ အစိုးရဝန်ထမ်းများသာ အနေ များပြီး အငှားမရှိကြောင်း သိရသည်။ အိမ် ခြံ မြေ အငှားဈေးနှုန်းများမှာ ၁၀ဝ၀ဝ မှ ၁၅၀ဝ၀ဝ အထိရှိပြီး မုံရွာ မြို့တွင် ဗိုလ်ချုပ်လမ်းရှိ အိမ် ခြံ မြေသည် ဈေးအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ မုံရွာမြို့သို့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နိုင်ငံခြားသားများက လာရောက်လေ့လာ ခြင်းမရှိသော်လည်း ပြည်တွင်းလုပ်ငန်း ရှင်များသာ လာရောက်လေ့လာခြင်းမျိုးရှိ ကြောင်း မုံရွာမြို့အခြေစိုက် အိမ် ခြံ မြေ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေကြသူ အများစုထံမှ သိရသည်။
6:51 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com