ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့် ရရေး အတွက် ဝီဂန်အသင်း မန်နေဂျာနှင့် ဆွေးနွေးသွားရန် ဗစ်တာမော့ဆက်စ်က အလို ရှိနေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဘောလုံး ရာသီက ဝီဂန်နှင့် အတူ ခြေစွမ်း ပြခဲ့သည့် တောင်ပံတိုက်စစ် ကစားသမားကို ချယ်လ်ဆီးက ချိတ်ဆက်နေသော်လည်း မအောင်မြင်ခဲ့ချေ။ ဥရောပ ချန်ပီယံ အသင်းသည် အသက်(၂၁)နှစ်ရှိ မော့ဆက်စ်အတွက် ကမ်းလှမ်းမှု (၃)ကြိမ် ပြုလုပ်ခဲ့ပြီး ဝီဂန်က အကြိမ်တိုင်း ပယ်ချခဲ့သည်။ ဝီဂန်သည် မော့ဆက်စ်အတွက် ပေါင်စတာလင် (၁၀)သန်း ဈေးနှုန်း သတ်မှတ်ထားပြီး ချယ်လ်ဆီး အသင်းက နောက်ဆုံး ကမ်းလှမ်းမှုသည် ပေါင်စတာလင် (၆.၅)သန်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဝီဂန်အသင်း ဥက္ကဋ္ဌ ဒေ့ဗစ်ဝှီလန်က မိမိတို့သည် မော့ဆက်စ်၏ တက်လမ်းကို တားဆီး ပိတ်ပင်သွားမည် မဟုတ်သော်လည်း ချယ်လ်ဆီး အနေဖြင့် ထိုက်တန်သင့်တင့်သော ကမ်းလှမ်းမှုမျိုး ပြုလုပ်ရန်မူ လိုအပ်ကြောင်း သတိပေး ပြောဆိုထားသည်။ ယခုအခါ မော့ဆက်စ်သည် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရေးအတွက် ဝီဂန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်နှင့် ဆွေးနွေးသွားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ ဝီဂန်သည် မော့ဆက်စ်အား ရောင်းချဖြစ်ပါက အသင်းဟောင်း ခရစ္စတယ်လ် ပဲလေ့စ်အား အမြတ်ငွေ (၂၀)ရာခိုင်နှုန်း ခွဲဝေပေးရမည် ဖြစ်သည်။
မော့ဆက်စ်သည် ပြီးခဲ့သည့် ဘောလုံး ရာသီက ဝီဂန်နှင့် အတူ စုစုပေါင်း ပရီးမီးယားလိဂ် (၃၇)ပွဲ ပါဝင် ကစားကာ (၆)ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု (၆)ကြိမ် ပြုလုပ် ပေးနိုင်ခဲ့သည်။
ဝီဂန်သည် မော့ဆက်စ်အတွက် ပေါင်စတာလင် (၁၀)သန်း ဈေးနှုန်း သတ်မှတ်ထားပြီး ချယ်လ်ဆီး အသင်းက နောက်ဆုံးကမ်းလှမ်းမှုသည် ပေါင်စတာလင် (၆.၅)သန်းဖြစ်..

11:32 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com