22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, July 27, 2012

အာဆင်နယ် ခေါ်ယူထားသော ကစားသမားသစ်များ အတွက် ပျော်ရွှင်နေသည့် ဗာမေလန်

အာဆင်နယ် အသင်းက ယခု နွေရာသီတွင် ခေါ်ယူထားသော လူသစ်များအတွက် ကျေနပ် ပျော်ရွှင် နေမိကြောင်း နောက်ခံလူ သောမတ်စ် ဗာမေလန်က ဖွင့်ဟ ပြောကြားလိုက်သည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုခံစစ်မှူးသည် နွေရာသီတွင် အမ်းမရိတ်စ်သို့ လူးကက်စ် ပိုဒေါ့စကီးနှင့် အိုလီဗီရာ ဂီရော့ဒ်တို့ ရောက်ရှိလာခြင်းကို ပျော်ရွှင်လျှက် ရှိသည်။ အာဆင်နယ်သည် ကိုလုံးအသင်းမှ ဂျာမန်လက်ရွေးစင် ပိုဒေါ့စကီးနှင့် မွန့်ပယ်လီယေးမှ ပြင်သစ် လက်ရွေးစင် ဂီရော့ဒ်တို့ နှစ်ဦးအတွက် ပေါင်စတာလင် (၂၄)သန်းမျှ အကုန်အကျခံထားသည်။ လက်ရှိတွင် လူသစ် တိုက်စစ်မှူး (၂)ဦးလုံးသည် အင်္ဂလန်တွင် ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ ပြုလုပ်နေပြီး အာဆင်နယ် အသင်း၏ အာရှခြေစမ်း ခရီးစဉ်တွင် လိုက်ပါ မလာခဲ့ချေ။



ဗာမေလန်က အသင်း၏ လူသစ်များနှင့် ပူးပေါင်းကစားရန် မစောင့်နိုင်အောင် ဖြစ်နေကြောင်း ပြောဆိုခဲ့သလို မိမိသည် ပိုဒေါ့စကီး၏ ပါရမီကို လက်ရွေးစင် ခြေစမ်းပွဲများတွင် ရင်ဆိုင်ရစဉ် ကတည်းက သိရှိထားကြောင်း ဝန်ခံခဲ့သည်။ "သူတို့ နှစ်ယောက်လုံးနဲ့ ကျွန်တော်တို့ တူတူ မလေ့ကျင့်ဖြစ်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ယောက်လုံး ဥရောပ ဖလား ကစားပြီး အသင်းကို နောက်ကျမှ ရောက်လာတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် ပိုဒေါ့စကီးဟာ ဘယ်လောက် အရည်အချင်း ပြည့်ဝတယ် ဆိုတာ မနှစ်က လက်ရွေးစင် အသင်းမှာ သူနဲ့ရင်ဆိုင် ကစားရင်း သိထားပြီးသားပါ။ ပိုဒေါ့စကီးဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး သူ့ဘယ်ခြေက တော်တော် အန္တရယ် ပေးနိုင်တယ်။ ခုတော့ ကလပ်အသင်း တစ်ခုတည်း သူနဲ့တွဲ ကစား ရတော့မယ့် အခြေအနေ အတွက် ပျော်နေမိပါတယ်" ဟုလည်း ဗာမေလန်က ပြောဆိုသွားသည်။
လက်ရှိတွင် လူသစ် တိုက်စစ်မှူး (၂)ဦးလုံးသည် အင်္ဂလန်တွင် ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ ပြုလုပ်နေပြီး အာဆင်နယ်အသင်း၏ အာရှခြေစမ်း ခရီးစဉ်တွင် လိုက်ပါမလာခဲ့..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )