ချယ်လ်ဆီး အသင်းသည် ဝီဂန်တောင်ပံ တိုက်စစ်သမား ဗစ်တာမော့ဆက်စ်ကို ခေါ်ယူရန် သဘော တူညီမှု ရရှိ သွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။
ကာလရှည်ကြာ ကြိုးပမ်း ခဲ့ပြီးနောက် ဝီဂန်သည် နိုက်ဂျီးရီးယား လက်ရွေးစင်အား ပေါင်စတာလင် (၁၀)သန်း ဝန်းကျင်ဖြင့် လန်ဒန် ကလပ်ထံ လက်လွှဲပေးရန် သဘော တူညီလိုက်ပြီဟု သိရှိရသည်။ အာဆင်နယ် အသင်းမှ ဂျပန်လူငယ် တောင်ပံ ကစားသမား ရိုင်မီယိုင်ချီအား ဝီဂန်က အငှားခေါ်ယူ နိုင်ခဲ့ခြင်းကလည်း မော့ဆက်စ်၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ကူးပြောင်းရာ လမ်းကြောင်းကို ဖြောင့်ဖြူး သွားစေခဲ့သည်။ အသက်(၂၁)နှစ်ရှိ ကစားသမားအား ချယ်လ်ဆီးအသင်းနှင့် တိုက်ရိုက် ဆွေးနွေးရန် မိမိတို့ ခွင့်ပြုလိုက်ပြီဟု ဝီဂန်အသင်းက ကြေညာသည်။
ချယ်လ်ဆီးသို့ ရောက်ရှိလာရန် နီးစပ်နေသည့် မော့ဆက်စ်
မော့ဆက်စ်သည် ဝီဂန် အသင်း၏ ပရီးမီးယားလိဂ် ပွဲဦးထွက်တွင် ချယ်လ်ဆီးနှင့် ရင်ဆိုင်ရာ၌ မိနစ်(၉၀)ပြည့် ပါဝင်ကစားပြီး ခြေစွမ်းပြသွားခဲ့သည်။ မော့ဆက်စ်သည် စွယ်စုံရ ကစားသမား တစ်ဦးဖြစ်ပြီး တောင်ပံ နှစ်ဖက်လုံးတွင် အကောင်းဆုံး ကစားနိုင်သလို လိုအပ်ပါက ဗဟိုတိုက်စစ်သမား အဖြစ်လည်း အံဝင်အောင် ခြေစွမ်းပြနိုင်သည်။ ခရစ္စတယ်လ်ပဲလေ့စ် ကစားသမားဟောင်းသည် အင်္ဂလန်အတွက် သက်တမ်းအလိုက် လူငယ် လက်ရွေးစင် အဖြစ် ကိုယ်စားပြုခဲ့သော်လည်း နောက်ပိုင်းတွင်မူ မွေးရပ်မြေ နိုက်ဂျီးရီးယားအသင်း၏ လက်ရွေးစင် အဖြစ်သာ ပြောင်းလဲ ခံယူခဲ့သည်။
အသက်(၂၁)နှစ်ရှိ ကစားသမားအား ချယ်လ်ဆီးအသင်းနှင့် တိုက်ရိုက် ဆွေးနွေးရန် မိမိတို့ ခွင့်ပြုလိုက်ပြီဟု ဝီဂန်အသင်းက ကြေညာ..
4:18 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com