22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 25, 2012

ချယ်လ်ဆီး၏ ကစားဟန်ကို ဆွဲဆောင်မှု ရှိလာစေသူဟာ ဟာဇက်အား ကာဟေးလ် ချီးကျူး

ချယ်လ်ဆီး၏ ကစားဟန်သည် ယခင်ကထက် ဆွဲဆောင်မှု ရှိလာကြောင်းနှင့် ယင်းအတွက် အီဒင်ဟာဇက်ကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်း ဂယ်ရီကာဟေးလ်က ချီးကျူး ပြောကြားလိုက်သည်။

ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ပွဲဦးထွက် (၂)ပွဲလုံး အနိုင်ရပြီး (၆)ဂိုး သွင်းယူကာ အမှတ်ပေး ဇယားကို လတ်တလော ဦးဆောင်လျှက် ရှိနေသည်။ ထိုပွဲစဉ် (၂)ခုလုံးတွင် ပေါင်စတာလင် (၃၂)သန်းတန် ကွင်းလယ် ကစားသမားသည် ဟာဇက်သည် အထူးတလည် ခြေစွမ်းပြ ကစားကာ ချယ်လ်ဆီး၏ တိုက်စစ်ကို ပံ့ပိုးမှုကောင်းများ ပြုလုပ်ပေးခဲ့သည်။ လိုင်ယွန်မှ ပြောင်းရွှေ့လာသော ဘယ်လ်ဂျီယံ လက်ရွေးစင်သည် ချယ်လ်ဆီးအသင်း ရရှိသော (၆)ဂိုးလုံးတွင် ဆက်နွယ်ပတ်သက်သော ဖန်တီးမှုများ ပြုလုပ်ပေးခဲ့သည်။



အသက်(၂၁)နှစ်ရှိ ဟာဇက်ကို ခေါ်ယူပြီးသည့်တိုင် ချယ်လ်ဆီးသည် ယခုအခါ ဝီဂန်မှ ဗစ်တာမော့ဆက်စ်ကိုလည်း ကြိုးပမ်းနေပြန်သည်။ ကာဟေးလ်က "ခုချိန်မှာ ချယ်လ်ဆီးရဲ့ ကစားပုံကို ပျင်းစရာကောင်းတယ်လို့ ဘယ်သူကမှ မပြောနိုင်တော့ပါဘူး။ ကျွန်တော်တို့မှာ ဟာဇက်လို ပါရမီရှင် ကစားသမားတွေ ရှိလာသလို ကစားဟန်ကလည်း စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။ ချယ်လ်ဆီးရဲ့ တိုက်စစ်ဟာ အန္တရာယ် ကြီးမားလာပါပြီ။ ခုချိန်မှာ ကစားသမားတိုင်း ကျရာနေရာက အကောင်းဆုံး ပါဝင် ကစားပေးနေတာ မြင်ရတော့ ကျေနပ်ဖို့ ကောင်းပါတယ်" ဟု ပြောကြားခဲ့သည်။

ခုချိန်မှာ ချယ်လ်ဆီးရဲ့ ကစားပုံကို ပျင်းစရာကောင်းတယ်လို့ ဘယ်သူကမှ မပြောနိုင်တော့ပါဘူး။ ကျွန်တော်တို့မှာ ဟာဇက်လို ပါရမီရှင် ကစားသမားတွေ ရှိလာသလို ကစားဟန်ကလည်း စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။ ချယ်လ်ဆီးရဲ့ တိုက်စစ်ဟာ အန္တရာယ် ကြီးမားလာပါပြီ...

ကာဟေးလ်က ကစားဖော်သစ် ဟာဇက်နှင့် ပတ်သက်ပြီးလည်း "သူ့ရဲ့ ဥာဏ်ရည်နဲ့ ထိုးထွင်း သိမြင်မှု အရည်အသွေးတွေက အံ့မခန်းပါပဲ။ သူဟာ အသင်းအတွက် နေရာလွတ်တွေ ရှာဖွေ ပေးနိုင်တယ်။ ရက်ဒင်းနဲ့ ပွဲမှာဆို သူကစားတာ သိပ်ကောင်းလွန်းတယ်။ ဟာဇက်ဟာ ပြိုင်ဘက်တွေကို အချိန်တိုင်း ဒုက္ခ ပေးနေနိုင်မယ့် ကစားသမားမျိုးပါ။ သူ့ခြေထဲ ဘောလုံးရောက်သွားတိုင်း  တအံ့တဩ စောင့်ကြည့်နေရအောင် စွမ်းဆောင်ပြနိုင်ပါတယ်။ လေ့ကျင့်ရေး ကွင်းမှာလည်း သူ့ဆီက ကျွန်တော်တို့ ဘောလုံးလုဖို့ဆိုတော တော်တော်ကို ခက်ခဲပါတယ်" ဟု ချီးကျူး ပြောဆိုသွားသည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )