22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, July 27, 2012

ပိုမို ကောင်းမွန်သော ကစားသမား တစ်ဦး ဖြစ်လာအောင် ဝင်းဂါး ကူညီခဲ့ဟု ချိန်ဘာလိန် ဖွင့်ဟ

မိမိအား တစ်နေ့ထက် တစ်နေ့ ပိုမို ကောင်းမွန် တိုးတက်လာသည့် ကစားသမား တစ်ဦးအဖြစ် အာစင်ဝင်းဂါးက ပုံသွင်း သွန်သင် ပေးခဲ့ကြောင်း အဲလက်စ် အိုလိဒ် ချိန်ဘာလိန်က ချီးကျူးခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက ဆောက်သမ်တန် အသင်းထံမှ ပြောင်းရွှေ့လာသည့် တောင်ပံတိုက်စစ် ကစားသမားလေးသည် အာဆင်နယ်တွင် ခြေစွမ်း ပြနိုင်ခဲ့သလို ဥရောပ ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်း အတွက်ပင် ရွေးချယ်ခြင်း ခံခဲ့ရသည်။ အသက်(၁၈)နှစ်ရှိ ချိန်ဘာလိန်က မိမိသည် ဝင်းဂါး၏ လမ်းညွှန်မှု အောက်တွင် သင်ယူ ကြိုးစားရင်း ပိုမို ရင့်ကျက် လာခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ချိန်ဘာလိန်က "ကျွန်တော့် အနေနဲ့ အမှားအယွင်းတွေ ရှိခဲ့ရင်တောင် အဲဒီကနေ သင်ယူဖို့ မန်နေဂျာက အမြဲတမ်း အကြံပေးပါတယ်။ သူက ကျွန်တော့်ကို ပွဲတိုင်းမှာ အနီးကပ် အကြံပေးပြီး ပိုကောင်းတဲ့ ကစားသမား တစ်ယောက် ဖြစ်လာစေဖို့ ကူညီခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ပိုပြီး ပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့ ခံစစ်ပိုင်းမှာပါ ပိုပြီး အကျွမ်းတဝင် ဖြစ်ဖို့ လိုနေပါတယ်" ဟု ဆိုသည်။



ချိန်ဘာလိန်က "ကျွန်တော့် အနေနဲ့ အပြောင်းအလဲကို မျှမျှတတ လက်ဆုပ်လက်ကိုင် ပြုနိုင်ဖို့ လိုပါတယ်။ ကျွန်တော့် ကစားဟန်အရတော့ ခံစစ်ဟာ ကျွန်တော်နဲ့ စိမ်းလွန်းပါတယ်။ ဒါပေမဲ့ ကစားသမား တစ်ယောက်ဟာ ထိုက်သင့်တဲ့ အနေအထားမျိုး ဘက်စုံ ပိုင်ဆိုင်ထားဖို့ လိုပါတယ်။ မန်နေဂျာရဲ့ လမ်းညွှန်မှုနဲ့အတူ ကျွန်တော် ခံစစ်ကို လေ့ကျင့်ခဲ့ပြီး ခုဆိုရင် အများကြီး ပိုတိုးတက် လာပါတယ်။ ဒီထက် ပိုပြီး ကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့က ကျွန်တော့် ရည်မှန်းချက်ပါပဲ" ဟုလည်း ဆက်လက် ပြောကြားသွားသည်။

၎င်းက အာဆင်နယ်တွင် မိမိ၏ အဆင့်သည် ပညာသင်မျှသာ ရှိသေးကြောင်းလည်း နှိမ့်ချ သုံးသပ်ခဲ့သည်။ "ကျွန်တော်ဟာ အာဆင်နယ်မှာ လူသစ်တစ်ယောက် အဆင့်ပဲ ရှိတုန်းပါ။ ကျွန်တော် အများကြီး လေ့လာ သင်ယူရပါဦးမယ်။ လာမယ့် ရာသီသစ်အတွက် ကျွန်တော် အများကြီး မျှော်လင့် ပြင်ဆင်ထားပါတယ်" ဟုလည်း ချိန်ဘာလိန်က ပြောဆိုသွားသည်။
ကျွန်တော့် အနေနဲ့ အမှားအယွင်းတွေ ရှိခဲ့ရင်တောင် အဲဒီကနေ သင်ယူဖို့ မန်နေဂျာက အမြဲတမ်း အကြံပေးပါတယ်။ သူက ကျွန်တော့်ကို ပွဲတိုင်းမှာ အနီးကပ် အကြံပေးပြီး ပိုကောင်းတဲ့ ကစားသမား တစ်ယောက် ဖြစ်လာစေဖို့ ကူညီခဲ့ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )