22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, July 27, 2012

ရီးယဲလ်သို့ ပြောင်းနိုင်ရန် စပါးအား မိုဒရစ် ဆန္ဒ ပြသင့်ကြောင်း ကရန်ဂ်ျကာ ထောက်ခံ

တော့တင်ဟမ် ဟော့စပါး အသင်းမှ ထွက်ခွာရေး အတွက် ဆက်လက် ဆန္ဒပြရန် လူကာ မိုဒရစ်အား စပါး ကစားသမားဟောင်း နစ်ကိုး ကရန်ဂ်ျကာက တိုက်တွန်း အကြံပြုလိုက်သည်။

ရီးယဲလ်သည် ယခု နွေရာသီတွင် အသက်(၂၆)နှစ်ရှိ ခရိုအေးရှား လက်ရွေးစင်အား ခေါ်ယူနိုင်ရန် ဆန္ဒ ရှိနေသော်လည်း စပါး အသင်းက ပေါင်စတာလင် သန်း(၄၀) ဈေးနှုန်း သတ်မှတ် ထားမှုကြောင့် ရှေ့တိုးရန် ခက်ခဲလျှက် ရှိသည်။ မိုဒရစ် ကိုယ်တိုင်က စပိန် ချန်ပီယံ အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒ ရှိနေသော်လည်း စပါးဥက္ကဋ္ဌ ဒန်နီလီဗိုင်းက ၎င်းတို့၏ ကြယ်ပွင့် ကစားသမားကို ဈေးလျှော့ပေးရန် ငြင်းဆိုထားသည်။ ထို့ကြောင့် ကရန်ဂ်ျကာက မိုဒရစ် အနေဖြင့် အိပ်မက်များ လက်တွေ့ ဖြစ်လာစေရန် ကိုယ်တိုင် တိုက်ပွဲ ဝင်သင့်ကြောင်း ထောက်ခံ ပြောဆိုသွားခြင်း ဖြစ်သည်။
စပါးမှ ထွက်ခွာချင်နေသည့် မိုဒရစ်


ခရိုအေးရှား အသင်းတွင် မိုဒရစ်နှင့် တွဲဖက် ကစားခဲ့သလို ယခုနွေရာသီတွင် စပါးကို စွန့်ခွာခဲ့သော ကရန်ဂ်ျကာက မိုဒရစ်အနေဖြင့် စပါးအသင်းကို တစ်ကိုယ်တော် ဆန္ဒပြမှု ပြုလုပ်ခဲ့သည်ကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့သည်။ "ကျွန်တော်သာ မိုဒရစ် ဆိုရင်လည်း ဆက်ပြီး ဆန္ဒပြနေမှာပဲ။ ရီးယဲလ်လို အသင်းမျိုးရဲ့ ကမ်းလှမ်းမှုကို ခံရတယ် ဆိုတာ ကစားသမား ဘဝ တစ်လျှောက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးပါ။ ကျွန်တော်ဆိုရင်လည်း ဘာနေဗျူးကို ရောက်အောင်သွားဖို့ ဘာမဆို လုပ်ဖြစ်မှာပဲ" ဟု ကရန်ဂ်ျကာက ဆိုသည်။

၎င်းက မိုဒရစ်ကို အတင်းအကျပ် ကပ်တွယ်နေသည်ဟုဆိုကာ စပါးဥက္ကဋ္ဌ လီဗိုင်းကိုလည်း ဝေဖန်သွားသည်။ "ပြီးခဲ့တဲ့နှစ်က လီဗိုင်းဟာ မိုဒရစ်နဲ့ မျက်နှာချင်းဆိုင် စကားပြောခဲ့တာ ကျွန်တော် သိတယ်။ အဲဒီလူက သူ့ရဲ့အသင်း ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့နဲ့ အမြတ်အစွန်း ရဖို့ဆိုရင် ဘာမဆို လုပ်မယ့်သူပါ။ ဘယ်သူမဆို မိုဒရစ် နေရာကို ရောက်နေရင် သူလက်ရှိ တွေ့ကြုံခံစားနေရတာမျိုးအတိုင်း လိုက်ပြီး ခံစားမိမှာပါပဲ။ ကျွန်တော့်ကို လွန်ခဲ့တဲ့ (၂)နှစ်လုံး စပါးက ချုပ်နှောင်ထားတယ်။ သူတို့ တောင်းတဲ့ဈေး ပေးနိုင်တဲ့ အသင်းတစ်သင်း ပေါ်မလာမချင်း လက်မလွှတ်ဘူး။ ပြောင်းရွှေ့ကြေး အတွက် ငွေတစ်ပေါင်လောက်တောင် ဈေးလျှော့ပေးပြီး ညှိနှိုင်းတာမျိုး မရှိပါဘူး" ဟု ကရန်ဂ်ျကာက ပြောကြား သွားခဲ့သည်။ ၎င်းက မိမိ အမြင်တွင် လက်ရှိ ကစားနေသော ဒိုင်နမိုကိဗ်သည် စပါးထက် ပိုမို အဆင့်မြင့်ကြောင်းလည်း မှတ်ချက်ပြု သွားခဲ့သည်။ 
ကျွန်တော်သာ မိုဒရစ် ဆိုရင်လည်း ဆက်ပြီး ဆန္ဒပြနေမှာပဲ။ ရီးယဲလ်လို အသင်းမျိုးရဲ့ ကမ်းလှမ်းမှုကို ခံရတယ် ဆိုတာ ကစားသမား ဘဝတစ်လျှောက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးပဲ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )