Bipolar Disorder ဆိုသည် မှာ စိတ်ကြွ၊ စိတ်ကျ အခြေ အနေ ဖြစ်သော စိတ် ရောဂါ ဖြစ်ပါ တယ်။ ထို စိတ်ကျန်းမာရေးအခြေ အနေခံစားရတဲ့သူ တစ်ဦးတစ်ယောက်စီပေါ်မူတည်ပြီး ခံစားရတဲ့ ရောဂါဝေဒနာတွေလည်း တစ်ဦးနှင့်တစ်ဦး မတူညီကြပါဘူး။ စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ မိမိကိုယ်ကို အသုံးမကျသလို ခံစားရပြီး အဆိုးမြင်ကာ မိမိကိုယ်ကိုသံသယရှိခြင်း၊ တွေးတော ဆင်ခြင်နိုင်စွမ်းမရှိတော့ခြင်း၊ ပိုမိုဆိုးဝါးလာပါက မိမိကိုယ်ကို သေကြောင်းကြံစည်လိုစိတ်တွေ ဖြစ်ပေါ်ခံစားရ ပါတယ်။ Bipolar Disorder ရဲ့ စိတ်ဓာတ်တက်ြွက တဲ့အချိန်တွေမှာတော့ အားအင်တွေ ပြည့်ဝကာ တက်ြွကဖျတ်လတ်နေပြီး မိမိကိုယ်ကို တစ်ကိုယ် ကောင်းဆန်လာပါတယ်။ မိမိအတွက်ရော၊ အခြားသူများအတွက်ပါ ဆိုးကျိုးတွေဖြစ်စေမယ့် အရာတွေကို ပြုလုပ်လာပါတယ်။
ဒီစိတ်ကျန်းမာ ရေး အခြေအနေ ခံစားနေရတဲ့ လူနာတွေဟာ ကောင်းမွန်စွာ အိပ်ပျော်လေ့ မရှိကြပါဘူး။ အိပ်ရေး ပျက်တဲ့ရက်တွေမှာဆိုရင် သူတို့ဟာ တစ်နေ့ တာလုံး လွန်စွာတက်ြွကဖျတ်လတ်ကာ မနားတမ်း အလုပ်များကို လုပ်ကိုင်ပါတော့တယ်။ နေ့အလင်း ရောင် ပျောက်သွားပြီး ညဘက်ရောက်တာနဲ့ တစ်ပြိုင်နက် တစ်နေကုန်ပင်ပန်းစွာ အလုပ်လုပ် ထားခြင်းကြောင့် ခြေကုန်လက်ပန်းကျကာ အိပ် ပျော်သွားလေ့ရှိပါတယ်။ Bipolar Disorder ခံစား ရတဲ့အခါ စိတ်အခြေအနေမှာ တက်လိုက်၊ ကျလိုက် ဖြစ်နေခြင်းကြောင့် လူနာကို မတည်မငြိမ်ဖြစ်စေ ပါတယ်။ စိတ်ဓာတ်ကျရောဂါခံစားရသည်ထက် ပင် စိတ်မတည်ငြိမ်မှုတွေကို ခံစားရပါတယ်။
ဇင်မာမြင့် Ref:Bipolaruk.org.uk
6:23 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com