22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 10, 2012

ထိုင်းနိုင်ငံတွင် မြန်မာလူငယ် ၃ ဦး ဖောက်ထွင်းမှုဖြင့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာဆယ်ကျော်သက် ၃ ဦးကို ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ မဲဆောက်မြို့ ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။


မဲဆောက်မြို့ ပြည်သူတွေက ပစ္စည်းအခိုးခံရမှု၊  နေအိမ် ဖောက်ထွင်းခံရမှုတွေ ရဲစခန်းမှာ နေ့စဉ်လိုလို လာတိုင်နေတဲ့ အတွက် မသင်္ကာဖွယ် လူငယ် ၃ ဦးကို နောက်ယောင်ခံလိုက်ကြည့်ခဲ့ပြီး မေန့ညေန ၅ နာရီလောက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ မဲဆောက်မြို့မရဲစခန်းက တာဝန်ကျ စခန်းမှူး ဒု-ဗိုလ်မှူးကြီး ရဝလိတ် ချူမ့်ရင်က ပြောပါတယ်။

“မဲဆောက်မြို့ ဆုမ်ဒစ်ပန်းခြံအေနာက်က တိုက်ခန်းမှာ ငှားနေတဲ့ အသက် ၁၆-၁၇ နှစ် အရွယ် မြန်မာလူငယ် ၃ ဦးဟာ အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ ဝတ်ကောင်းစားလှနဲ့ မြို့ထဲမှာ သုံးဖြုန်း လည်ပတ်နေတာတွေ့လို့ မသင်္ကာ ဖြစ်ခဲ့ပါတယ်။


သူတို့ကို လွန်ခဲ့တဲ့ လပိုင်းကတည်းက စောင့်ကြည့်ခဲ့တာဖြစ်ပြီး မေန့က သွားစစ်တာမှာ ဗွီဒီယိုကင်မရာ၊ ပန်ကာ၊ လက်ဝတ်လက်စား၊ ကွန်ပြူတာ၊ တီဗွီ စတဲ့ ခိုးရာပါ ပစ္စည်းတွေရာ၊ ငွေသား ဘတ် ၁ သောင်း ၂ ထောင်ပါ ဖမ်းဆီးရမိခဲ့တယ်” လို့ စခန်းမှူးက ပြောပါတယ်။

လူငယ် ၃ ဦးကို ဆက်ပြီး စစ်ဆေးမေးမြန်းရာမှာ ဖောက်ထွင်းမှု ကျူးလွန်ကြောင်း၊ အကြိမ် ၂၀ ထက်မနည်း ကျူးလွန်ခဲ့ကြောင်း၊ ပစ္စည်းတွေကို မြဝတီဘက်မှာ ထုခွဲရောင်းချြေကာင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

သူတို့တေတွကို မြန်မာပြည်ဘက်ခြမ်း ပြန်ပို့ဖို့အတွက် လောလောဆယ် မြဝတီရဲစခန်းနဲ့ ဆက်သွယ်ဆောင်ရွက်နြေပီး ခိုးရာပါပစ္စည်း လက်ခံဝယ်ယူသူကိုပါ ဖမ်းဆီးအေရးယူပေးဖို့ တောင်းဆိုထားကြောင်း စခန်းမှူးက ပြောပါတယ်။

ဖမ်းဆီးရမိပစ္စည်းတွေကို သက်ဆိုင်ရာ ပိုင်ရှင်ဖြစ်သူတွေက ဒီနေ့ မနက်မှာ ပြန်ယူသွားကြတယ်လို့ ဆိုပါတယ်။ ကျူးလွန်သူတွေဟာ အသက် ၁၈ နှစ်အောက် ကေလးတြွေဖစ်တဲ့အတွက် အမည်ရင်းကို ဖော်ပြခွင့်မရှိဘူးလို့ မဲဆောက်ရဲစခန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းဖို့ မြဝတီမြို့ ရဲစခန်းကို ဆက်သွယ်ပေမယ့် မရေသးပါဘူး။

DVB (မြန်မာပိုင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )