2012-08-04
ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက် လေ့လာစုံစမ်းခဲ့တဲ့ မစ္စတာ ကင်တားနားက ခရီးစဉ်ပြီးဆုံးတဲ့နောက် အခုလို တိုက်တွန်း ပြောဆိုလိုက်တာပါ။
ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ သောမတ်စ် ကင်တားနားက - ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းပါတယ်။ ပဋိပက္ခတွေကြောင့် ပြည်သူတွေ အနေနဲ့ အိုးအိမ်တွေ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ပျက်စီး ဆုံးရှုံးခဲ့ရတာတွေကို ကိုယ်တိုင်တွေ့မြင်ခဲ့ ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မူဆလင် ရိုဟင်ဂျာတွေ အကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်တွေ စုံစမ်း ဖော်ထုတ်ဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင် အဲဒီ အရေးအခင်းအတွင်း မြန်မာ့ လုံခြုံရေး တပ်ဖွဲ့တွေက ညှဉ်းပန်း နှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း စုံးစမ်း ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဟုတ်မှန်ခြင်း ရှိမရှိကိုတော့ သူ့အနေနဲ့ ပြောဆိုရမယ့်သူ မဟုတ်ကြောင်း၊ မြန်မာ အစိုးရအနေနဲ့ ဒီအဖြစ်မှန်တွေကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့ပါတယ်။
၁၉၈၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ပြန်လည် သုံးသပ်ဖို့ လိုတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒီဥပဒေဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ကနေ ကန့်သတ်ထားသလို လွတ်လပ်စွာ သွားလာခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မစ္စတာ ကင်တားနားက သူ့ရဲ့အခုရီးစဉ်အပြီး တိုက်တွန်းခဲ့တဲ့ အထဲမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အတိုက်အခံတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ရေး ကော်မရှင် Truth Commission တစ်ခု ဖွဲ့စည်း ထူထောင်ဖို့ လိုအပ်တယ်လို့လည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
5:06 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com