လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် အသိုင်းအဝန်းနဲ့ ရန်ကုန်မီဒီယာလောကမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိစဉ် တွေ့ရပုံ။
ဦးတင်အောင်မြင့်ဦး ဒုတိယ သမ္မတ (၁) နေရာကနေ နှုတ်ထွက်သွားပြီး နောက်ပိုင်း သူ့နေရာကို အစားထိုးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော် ကိုယ်စားလှယ်တွေ အဆိုပြုခဲ့ တယ်ဆိုတဲ့ သတင်းတွေ စောစောပိုင်းက ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့ အတွက် ဦးမြင့်ဆွေ အနေနဲ့ ဒုတိယ သမ္မတ ဖြစ်လာ နိုင်ဖွယ်ရာ မရှိဘူးဆိုတဲ့ သတင်းတွေထပ်မံ ကြားသိခဲ့ရ ပါတယ်။
အဲဒီနောက်ပိုင်းမှာ တပ်မတော် ကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို အခုလို အဆို တင်သွင်းလာကြတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အာဏာပိုင်တွေက တစုံတရာ တရားဝင် ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပါဘူး။
5:03 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com