22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 2, 2012

ခရေလေးတွေ မွှေးပါစေ

 
"တစ်ယောက် နဲ့ သွားပြီးပြီ ပေါ့၊ နောက် တစ်ယောက် ထပ်ရ တယ်၊ ကွန်ဒုံး ကလည်း ဆောင်ထားတာ ကုန် သွားပြီဆိုပါတော့၊ ကိုယ်က ပိုက်ဆံ လည်း လိုနေတယ် ကွန်ဒုံးသွားရှာနေ တုန်း၊ ဝယ်နေတုန်း ဖောက်သည် လွတ်သွားတတ်လို့ တစ်ခါတလေပဲ လေဆိုပြီး အလွတ်သွားခဲ့ရတာတွေ ရှိပါတယ်" များမကြာမီရက်ပိုင်းက ပဲခူးရိုးမ အနောက်ဖက်ခြမ်းရှိ မြို့တစ်မြို့ရှိ လုပ်ငန်းခွင်မှ အမျိုးသမီးငယ်တချို့နှင့် တွေ့ဆုံရာတွင် ကြားခဲ့ရသော အသံ များဖြစ်ပါသည်။
HIV ရောဂါပိုးနှင့် ပတ်သက်၍ ကျွန်တော်တို့တစ်တွေ အနှစ် ၂၀ ကျော် ပညာတွေပေး ခဲ့ကြ၊ လှုပ်ရှားခဲ့ကြပေမယ့် ဒီနေ့ ဒီ အချိန်အထိ ဒီလို လိုင်စင်မပါဘဲ ကား မောင်းချင်သူတွေ၊ ကွန်ဒုံးမပါဘဲ သွားလာရဲသည့်သူတွေ ရှိနေသေးတာ ကို တွေ့ရ၍ ရင်မောရပါသည်။ တစ်ခါတည်းပဲ မှားမှား ရောဂါရနိုင် သည်၊ ကူးစက်နိုင်သည်ကို သတိထား မိစေရန်၊ တိတိကျကျ လိုက်နာ ကျင့်သုံးစေရန် ကျွန်တော်တို့တစ်တွေ ကြိုးစားကြရပါဦးမည်။
သို့မဟုတ် ပါကလည်း သိပင်သိငြားသော်လည်း ငါ့ဝမ်းနာ ငါသာသိဆိုတဲ့ ဘဝမျိုးတွေ မို့ သိလျက်နဲ့ပင် ဖြစ်ခဲ့ရတဲ့ အဖြစ် တွေလားဆိုတာကို တွေးကြည့်ကြရန် ဖြစ်ပါသည်။ ဒီလိုပစ္စည်း ပြတ်သွားတာမျိုး မဖြစ်အောင် ပိုပိုလိုလို ခပ်များများ ဆောင်ထားပါလားလို့ အဆိုတစ်ခု ပြု ကြည့်မိပါတယ်။ အောင်မယ်လေး မလုပ်ပါနဲ့ဆရာရယ် သူတို့တစ်တွေ က ကွန်ဒုံးတွေ့တာနဲ့ ဒါလုပ်စားတယ် ဆိုပြီး စွပ်စွဲတော့တာပဲ။ ကွန်ဒုံး ကိုင်ဆောင်မှုနဲ့တော့ မဖမ်းဘူးပေါ့။ မှောင်ရိပ်ခိုမှုနဲ့ ဖမ်းတာ။ မှောင်ရိပ်ခို တယ်ဆိုလို့ ပြောရဦးမယ်။ ဖမ်းတုန်း က နေ့လယ် ၁၂ နာရီ၊ အမှုဖွင့် တော့ ည ၈ နာရီ၊ သမီးတို့ ဘာ တတ်နိုင်မှာလဲ။
ဒီတော့ အတတ်နိုင် ဆုံး သက်သေခံပစ္စည်းမပါအောင်၊ မမိအောင်လုပ်ရတယ်။ ဆရာပြော သလို ကွန်ဒုံးတွေ အများကြီးဆောင် ထားတာကိုသာ တွေ့ရလို့ကတော့ ရှာလို့ရသမျှ ပေးရ၊ ညှိရတာနဲ့ ကုန်မှာပဲ၊ လုပ်စားရတာ မလွယ်ပါဘူး ဟူ၍ ပြောကြ၊ ရင်ဖွင့်ကြသည်ကို လည်း ကြားခဲ့ဖူးပါသည်။ သူတို့ကလေးတွေ လုပ်စားရ တာ လွယ်စေဖို့ ဒီဆောင်းပါးကို ရေး တာမဟုတ်ပေမယ့် သူတို့လေးတွေ ဆောင်ချင်တာတွေ၊ ဆောင်သင့်တာ တွေကို ဆောင်ရဲမှ အားလုံးအတွက် ကာကွယ်ရေးရမှာမို့ ဘယ်လိုလုပ်ရင် ကောင်းမလဲစဉ်းစားပြီး ဒီဆောင်းပါးကို ရေးလိုက်တာပါ။
တကယ်တော့ ဒီအလုပ်ဟာ သွေးသားတွေနဲ့ တည်ဆောက်ထား တဲ့ လူ့လောကမှာ ဟိုးယခင်ကတည်း က ရှိခဲ့တာပါ။ လူတွေရှိရင်၊ ကုန်သွယ် မှုတွေ၊ ကူးသန်းသွားလာမှုတွေများ လာ၊ ရှိလာရင် အတူတွဲပါလာတတ် တဲ့ ကိစ္စပါ။ ဝေသာလီခေတ်ရဲ့ အမ္ဗပါလီက စလို့၊ ဆရာကြီးသိန်းဖေ မြင့်ရဲ့ တက်ခေတ်နတ်ဆိုး အလယ်၊ ဆရာမ နုနုရည် (အင်းဝ) ရဲ့ နမ်းမှာ လားမောင်ရဲ့ မွှေးတယ်ရှင့် အဆုံး အားလုံး ဒီကိစ္စတွေပါပဲ။ ၂၀၁၂ ခုနှစ် ပထမခြောက်လအတွင်း နိုင်ငံခြားခရီး သွားဧည့်သည် မည်မျှတိုးတက်ဝင် ရောက်လာတယ်လို့ သတင်းကြားခဲ့ ရင် ဒီကိစ္စကိုပါ တစ်ပါတည်း စဉ်း စားထားသင့်ပါတယ်။ မုန့်စားရင် တုတ် ပါ စားတတ်ရပါတယ်။
အနည်းဆုံး တွဲစဉ်းစားဖို့တော့ လိုပါမယ်။ မကင်းနိုင်တဲ့ ကိစ္စကို ကင်းသ ယောင်ယောင် ဟန်ဆောင်ပြီး ဖုံးဖိ နေရင် ပိုပြီးအခြေအနေဆိုးသွားတတ် ပါတယ်။ ပြည်တည်နေတဲ့ အနာကို ဖောက်ထုတ်ဖို့ မကြိုးစားဘဲ မရှိသ ယောင်ယောင် ပစ်ပယ်ထားရင် အသက်ကိုပါ အ္တရာယ်ပေးတတ်ပါ တယ်။ ဆယ်တန်းကလေးတစ်ယောက် ကို ဂိမ်းမကစားရဘူးလို့ တားမြစ်ထား ပေမယ့်၊ သူ့အပေါင်းအသင်းတွေကြား ထဲမှာ ဒီအကြောင်းပဲ ကြားနေရရင်၊ သူကိုယ်တိုင်လည်း ကစားခဲ့ဖူးလို့ ခုံမင် နေရင် ကစားဖို့ ကြိုးစားမှာပါပဲ။
တစ်ပတ်ကို ဘယ်နှနာရီပဲ ကစားဆို ပြီး ကြီးကြပ်ပေးရင် ရှဥ့်လည်းလျှောက် သာ၊ ပျားလည်းစွဲသာ အခြေအနေမျိုး ရနိုင်ပေမယ့် မကစားသင့်ဘူးလို့ မျက်စိပိတ်ပြီး ငြင်းနေရင် ကျူရှင်လစ် ပြီး ဂိမ်းဆိုင်ရောက်နေလို့ြွေမပါလည်း ဆုံး၊ သားလည်း ဆုံးတတ်ပါတယ်။ အခုကိစ္စမှာလည်း ဒီလိုပါပဲ။ ခိုးကြောင်ခိုးဝှက် လုပ်ရာကနေ၊ အသက်မပြည့်သေးတဲ့ ကိစ္စတွေ၊ နှိပ်စက်ညှဉ်းပန်းခံရတာတွေ၊ နောက်ဆုံး အမျိုးသားငယ်ငယ်လေး တွေ ကိစ္စအထိ ပါသွားတတ်ပါတယ်။
တကယ်လို့သာ လိုင်စင်ထုတ်ပေးထား မယ်၊ တစ်နေရာရာမှာ သတ်သတ် မှတ်မှတ်ထားမယ်၊ အခွန်အကောက် ကောက်မယ်၊ ကျန်းမာရေး ပုံမှန်စစ် ဆေးပေးမယ်၊ ကွန်ဒုံးတွေ တရားဝင် ပေးကိုင်မယ်ဆိုရင် အများကြီးအဆင် ပြေသွားမှာပါ။ လိုင်စင်နဲ့ တရားဝင်လုပ်ကိုင်ခွင့် ရခဲ့ရင် ဟိုဟိုဒီဒီ မြင်တိုင်း ကြောက် နေစရာ မလိုတော့ဘူးပေါ့။ အသက် မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအနေနဲ့ လုပ်နေတာလို့ မှတ်ယူထားနိုင်ပါ တယ်။ တရားဝင် နေရာသတ်မှတ် ပေးထားတော့ အဲဒီနေရာကို အထင် မခံချင်တဲ့သူတွေ ရှောင်လို့ရတာပေါ့။ အခုတော့ ဒီမှတ်တိုင်မှာ ရနိုင်တယ် ဆိုပြီး နာမည်ကြီးနေရင် အဲဒီနားက တခြားသားပျို၊ သမီးပျိုတွေ တခြား မှတ်တိုင်မှာသွားပြီး ကားစီးရတာမျိုး တွေ၊ ညမှောင်ရင် ကိုယ့်အိမ်ကိုယ်ပြန် ဖို့ ခက်တာမျိုးတွေ မရှိတော့ဘူးပေါ့။
ဆေးပုံမှန်စစ်ဆေးပေးမယ်။ ကွန်ဒုံးတွေလည်း တရားဝင် ကိုင် ဆောင်ထားခွင့်လည်း ရှိလာမယ်။ လိုင်စင်ရှိနေပြီဆိုရင်ပေါ့။ အဲဒီလိုဆိုရင် ကျန်းမာရေးကိစ္စကတော့ အတော် လေး စိတ်ချသွားရပါပြီ။ ဒီနေ့HIV ခေတ်ကြီးမှာ ဆရာကြီး သိန်းဖေမြင့် တို့ တက်ခေတ်နတ်ဆိုး ခေတ်ကလို (၁၉၅၀ လောက်ကလို) အကြောက် တရားတစ်ခုတည်းနဲ့ ထိန်းချုပ်လို့ မရ တော့ပါဘူး။ အထောက်အကူပြု ဆေး ဝါးတွေကများ၊ မီဒီယာတွေကဆွနေတဲ့ အချိန်မှာထိုက်တန်တဲ့ကာကွယ်မှုကိုပေး မှအားလုံးရဲ့နောင်ရေးစိတ်အေးရမှာပါ။ အဲဒီလို လိုင်စင်နဲ့ လုပ်ကိုင်ခွင့် တွေရဖို့ဆိုတာကလည်း ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေထဲက ဦးစီးဦးဆောင် လုပ်ပေးကြမယ်လို့ ယုံကြည်ပါတယ်။ အနာသိရင် ဆေးရှိပါတယ်။ အနာမရှိ သယောင် မျက်ကွယ်ပြုထားရင်တော့ အတွင်းက လှိုက်စားတာ ခံရတတ်ပါ တယ်။
အနာဘယ်လောက်ကြီးနေ သလဲ သိရအောင် မြန်မာတိုင်း(မ်) ဂျာနယ်အတွဲ(၂၇)၊ အမှတ် (၅၂၄)ထဲက ကိန်းဂဏန်းတစ်ခုကို ထည့် ပြောပြပါ ရစေ။ မြန်မာပြည်မှာ ၂၀ဝ၈ ခုနှစ် ကိန်းဂဏန်းတွေအရ ပြည့်တန်ဆာ ၅ ဦးလျှင် အနည်းဆုံးတစ်ဦးမှာ ပိုး တွေ့နေပါတယ်တဲ့။ ခန့်မှန်း အဲဒီ အလုပ်လုပ်သူ ၆၀ဝ၀ဝ လောက်ရှိ တယ်ဆိုတော့ ဒီလုပ်ငန်း လုပ်နေတဲ့သူ ၁၂၀ဝ၀ လောက်ဟာ ပိုးရှိနေပါပြီ။ အဲဒီသူတွေက တစ်နေ့တစ်ယောက်စီ ပဲ ရောဂါဖြန့်ဦး တစ်လဆိုရင် ၁၂၀ဝ၀_ ၃၀ = ၃၆၀ဝ၀ဝ ပါ။ ကွန်ဒုံးမပါရင် ပြန့်ပွားသွားနိုင်မယ်။ အနည်းဆုံး အ္တရာယ်ရှိနေမယ့် အရေ အတွက်ပါ။တစ်လ တစ်ယောက်စီပဲ လျှော့လျှော့ပေါ့ပေါ့ ဖြန့်ကြည့်ခိုင်းဦး။
တစ်လကို ၁၂၀ဝ၀ စီပိုးရှိတဲ့လူတွေ တိုးနေမှာပါ။ ဒီတော့ အချိန်တိုင်း၊ အခါတိုင်းမှာ ကွန်ဒုံးပါဖို့ဟာ အရေး သိပ်ကြီးလာပါတယ်။ လိုင်စင်ကိစ္စ ပေါ်လာရင် အနှိပ် ခန်းအစစ်၊ ဗြူတီပါလာအစစ်၊ ကာရာ အိုကေအစစ်တွေလည်း ပေါ်လာမှာပါ။ အခုလို အမည်ခံတွေ မဟုတ်တော့ ဘူးပေါ့။ ဟိုတလောက ဟိုတယ်တစ်ခု မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မျိုးလည်း မဖြစ်တော့ဘူးပေါ့။ ဒီလို လိုင်စင်ကိစ္စ ဥပဒေမပေါ် ထွက်သေးခင်မှာတော့ သက်ဆိုင်ရာ တွေကို တစ်ခုတောင်းဆိုချင်ပါတယ်။ ကွန်ဒုံးဆိုတာ ကိုယ်ဝန်မရအောင် လိုတဲ့အချိန်မှာ သုံးစွဲဖို့ တီထွင်ခဲ့ကြ တာပါ။ လိင်ဆက်ဆံရင်း ကူးစက်တတ် တဲ့ ရောဂါတွေကိုလည်း ကာကွယ်ဖို့ သုံးလို့ရတယ်။
ဒီတော့ ကွန်ဒုံးတွေ ဆောင်ထားတဲ့ အမျိုးသမီးငယ်တစ် ယောက်ကိုတွေ့ရင်ကိုယ်ဝန်မရအောင် လိုတဲ့အချိန်မှာ သုံးစွဲဖို့ ဆောင်ထား တဲ့သဘောမျိုး၊ ဒါမှမဟုတ် ငါတို့ တိုင်းပြည်ထဲမှာ ဒီရောဂါတွေမပျံ့ အောင် လုပ်ပေးဖို့ တာဝန်သိသိနဲ့ ဆောင်ပေးထားတာပဲဆိုပြီး သဘော ထားပေးမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်။ အဲဒီလို သဘောထားမျိုး မထားဘဲ ကွန်ဒုံး တွေ့တိုင်း ဒီအုပ်စုဆိုပြီး ဆွဲစိနေမယ် ဆိုရင် ကွန်ဒုံးကို သက်သေအဖြစ်နဲ့ မတင်ပေမယ့် ပုဒ်မ ၃၀ (ဃ) လို မှောင်ရိပ်ခိုမှုနဲ့ ဆွဲနေဦးမယ်ဆိုရင် ကွန်ဒုံးမဆောင်ဘဲ သွားကြလာကြတဲ့ အကြိမ်တွေ များလာတတ်ပါတယ်။
ကွန်ဒုံးမဆောင်တော့ တိုက်ပွဲ တွေကျတတ်ပါတယ်။ တိုက်ပွဲကျတဲ့ လူတွေထဲမှာ ကိုယ်ကိုယ်တိုင်၊ ကိုယ့် သားသမီး၊ ညီအစ်ကိုမောင်နှမတွေပါ ပါလာတတ်ပါတယ်။ ဒီတော့ ဘယ်နေ ရာမှာ ဘယ်သူတွေပဲဖြစ်ဖြစ် ဒီကိစ္စ လုပ်ကြရင် ကွန်ဒုံးရှိနေအောင် စီစဉ် ထားမယ်၊ ဒီလိုရှိနေအောင် စီစဉ်ပေး တဲ့ အစီအစဉ်တွေကိုလည်း အားပေး ကြမယ်ဆိုရင် အားလုံးကို ကာကွယ် ပြီးသား ဖြစ်သွားမှာပါ။ ပဲခူးရိုးမအနောက်ဖက်ခြမ်းရှိ မြို့ တစ်မြို့က အဖွဲ့တွေက သူတို့ရဲ့ ဖောက်သည်တွေ အမျိုးသမီးလေးတွေ ကို "ခရေ" လို့ အမည်ဝှက်ပေးထား ကြပါတယ်။ တကယ်လည်း "ခရေ" ဆိုတဲ့အမည်နဲ့ လိုက်ပါတယ်။ မြေမှာြွေကပြီးမှ အမွှေးခံရတာမဟုတ်လား။ ဒါပေမယ့် အဲဒီ အြွေကပန်းလေးတွေ မွှေးနေမှ၊ မွှေးနေနိုင်အောင် ကွန်ဒုံး တွေ ဆောင်ထားရဲမှ အားလုံးရဲ့ ဘဝ တွေပါ သာယာမှာမို့ ကျွန်တော်တို့ အားလုံး တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်း ကူညီကြပါစို့လားခင်ဗျာ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )