22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 2, 2012

မနီလာမြို့တွင် Saola အမည်ရှိမုန်တိုင်း တိုက်ခတ်၊ လူ သုံးဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ယမန်နေ့က မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူသုံးဦး သေဆုံး ခဲ့သည်ဟု သိရသည်။ အဆိုပါ မုန်တိုင်း၏အမည်မှာ အပူပိုင်း မုန်တိုင်း ဆော်လာဟုခေါ်သည်။ အဆိုပါ ဆော်လာမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံအရှေ့တောင်ဘက်တွင် ဝရုန်း သုန်းကားဖြစ်အောင် တိုက်ခတ်ခဲ့သည်ဟုဆိုသည်။
အဆိုပါ မုန်တိုင်းသည် လေဆင်နှာမောင်းတိုက်ခတ်သကဲ့သို့ တစ်ညလုံး တိုက်ခတ်နေ ခဲ့ပြီး အားပြင်းမိုးကြိုးများလည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ ယနေ့အစောပိုင်းတွင် မြို့တော်၏နေရာအသီးသီးတွင် အင်အားလျော့နည်းသွား သော်လည်း အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။ အဆိုပါဆော်လာမုန်တိုင်းသည် တစ်နာရီ ၆၅ မိုင်နှုန်းမှ တစ်နာရီ ၈၄ မိုင်နှုန်း တိုက်ခတ်ခဲ့သည်။
၎င်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာသွားပြီးချိန်တွင် ကြာသပတေးနေ့၌ ထိုင်ဝမ်တွင် တိုက်ခတ်ဖွယ်ရာ ရှိသည်ဟု မနီလာမြို့ မိုးလေဝသအဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်။မနီလာမြို့ပြင်ရှိ ဆင်းရဲသားရပ်ကွက်များတွင် အဆိုပါဆော်လာမုန်တိုင်းဒဏ် ကြောင့် ဒါဇင်ချီသောအိမ်များ၊ တဲများပြိုပျက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူများ မရှိခဲ့ဟု သိရသည်။ ဆော်လာမုန်တိုင်းသည် ယခုနှစ် ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ် မည်ဟု မျှော်လင့်ထားသော တိုင်ဖုန်းနှင့် အခြားမုန်တိုင်းပေါင်း ၂၀ အနက် သတ္တမ မြောက် မုန်တိုင်းဖြစ်သည်။ ဆော်လာမုန်တိုင်း ဆိုသည်မှာ ဗီယက်နမ်နှင့် လာအို တို့တွင် တွေ့နိုင်သည့် ရှားပါးနို့တိုက်သတ္တဝါတစ်ကောင်၏အမည် ဖြစ်သည်ဟု ဆိုသည်။
မာန်သစ်နိုး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )