22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 25, 2012

ရခိုင်အရေး တည်ငြိမ် အေးချမ်း သွားပြီ ဖြစ်ကြောင်း မြန်မာ သံအမတ်က ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ကို ပြောကြား

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ
တည်ငြိမ်အေးဆေးသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာ
ဒေခ်ျ့ ဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ် ဦးမျိုးမြင့်သန်းက
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာကို
ပြောကြားလိုက်သည်။


ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် ယမန်နေ့က သူမ၏ ရုံးခန်းတွင် သွားရောက် တွေ့ဆုံစဉ် မြန်မာ သံအမတ် ဦးမျိုးမြင့်သန်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာ သံအမတ်က ယခုအခါ ရခိုင်အရေးမှာ မြန်မာ အစိုးရ၏ ကြိုပမ်းဆောင်ရွက်ချက်ကြောင့် အေးဆေး တည်ငြိမ်သွားပြီ ဖြစ်ကြောင်း၊

  မြန်မာ သမ္မတမှ ရခိုင်အရေးကို စုံစမ်း စစ်ဆေးနိုင်ရန် လွတ်လပ်သော ၂၇ ဦးပါ စုံစမ်း စစ်ဆေးရေး
ကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း
ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်မှလည်း မြန်မာ အစိုးရ၏ ဆောင်ရွက်ချက်များကို ကြားသိရသဖြင့်

ဝမ်းမြောက် ချီးကျူးပါကြောင်း၊
 မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူနှင့် နိုင်ငံသားများ အားလုံး ညီမျှသောအခွင့်အရေးများ ရရှိခြင်းဖြင့် ငြိမ်းချမ်းရေးကို တည်တံ့နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက်ပိုင်းတွင် မြန်မာ သံအမတ်နှင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်တို့သည့် အကျိုးတူ နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်ဟု ဆိုသည်။


ဆွေးနွေးသည့်အထဲတွင် ရခိုင်နှင့် ချင်းပြည်နယ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းများမှာ ဓါတ်အား ၀ယ်ယူရေး ကိစ္စ၊ ကော့စ်ဘဇား ခရိုင် ဒုက္ခသည် စခန်း (၂) ခုမှ ဒုက္ခသည်များကို ပြန်ယူရေး ကိစ္စ၊


ရန်ကုန်- ဒက္ကား- စစ်တကောင်း လေကြောင်းလိုင်း ပျံသန်းရေး  စာချုပ် လက်မှတ်ရေးထိုးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။


နိရဉ္စရာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )